top of page

သေနေသောအသင်းတော်

“သေနေတဲ့အသင်းတော်ထဲမှ လူသေတချို့”

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

"သာဒိမြို့၌ရှိသော အသင်းတော်၏တမန်ကို ဤသို့ရေး၍မှာလိုက်လော့။ ဘုရားသခင်၏ဝိညာဉ်ခုနှစ်ပါးနှင့် ကြယ်ခုနှစ်လုံးရှိသောသူ၏ အမိန့်တော်ကား၊ သင်၏အကျင့်ကို ငါသိ၏။ သင်သည် အသက်ရှင်ဟန်ရှိသော်လည်း သေလျှက်နေသည်ကို ငါသိ၏။"(ဗျာဒိတ် ၃း၁)



ဧဝံဂေလိသတင်းကောင်းဝေငှရအခက်ဆုံးသူတွေက

ဘုရားမဲ့ဝါဒီတွေ မဟုတ်ဘူး၊ ဘာသာခြားတွေလည်း မဟုတ်ဘူး။ဘာသာရေး ခရစ်ယာန်တွေဖြစ်နေတယ်။ အပါတ်တိုင်းလိုလို ဘုရားကျောင်းမှာအသက်ရှင်တဲ့နှုတ်ကပါတ်တော်ကိုကြားနေပါလျှက်နဲ့၊ပြောင်းလဲခြင်းရဲ့ လက္ခဏာသက်သေမမြင်ရဘူး။ ကယ်တင်ခြင်းနဲ့ပတ်သက်လာရင်တော့သူ့နည်းသူ့ဟန်နဲ့တော့ စိတ်ချမှုရှိနေတာပဲ၊ကျမ်းစာကိုတော့ သိသလိုလိုရှိပါရဲ့၊မှုတ်သွင်းတဲ့ဝိညာဉ်တော်အသံကို နားမထောင်တတ်ဘူး။


ဝမ်းနည်းဖို့ကောင်းတဲ့အဖြစ်မှန်ကနှုတ်ကပါတ်တော်ကို ကြားခွင့်ရနေပါလျှက်နဲ့၊လက်တွေ့ကျင့်သုံးလုပ်ဆောင်မှုမရှိပဲသေဆုံးနေကြတယ်။နှုတ်ကပါတ်တော်ကို နှလုံးသားထဲထိစီးဆင်းခွင့် မပေးကြတတ်ကြဘူး၊အသစ်တဖန်မွေးဖွားခြင်းရဲ့ အသီးအပွင့်ဘာတစ်ခုမှ မမြင်လာရဘူး။ခရစ်တော်ရဲ့သတင်းကောင်းကိုတော့ အသိသက် သက်နဲ့ ကျွမ်းဝင်နေပါရဲ့ခရစ်တော်ကိုယ်တော်တိုင်နဲ့ အလှမ်းဝေးနေတုန်းပဲ။သူတို့နဲ့ နီးစပ်ရာအစုအဖွဲ့လေးကိုပဲကွက်ပြီး တအားချစ်ပြနေတတ်ပေမယ့်သူတပါးမကောင်းကြောင်းကိုတော့အားပါးတရ ပြောနေတတ်ပြန်တယ်။


"ယေရှုကလည်း ငါ့ကိုချစ်သောသူသည် ငါ့စကားကိုနားထောင်လိမ့်မည်။ ငါ့ခမည်းတော်သည် ထိုသူကိုချစ်တော်မူသည်။ ငါတို့သည်လည်းသူ့ဆီသို့ကြွ၍ နေရာချမည်။ (ယော ၁၄း၂၃)


#Cred: Cindy Rose (Guiller Flow Ministries) ၏ " TRAGICALLY MANY ARE DEAD WITHIN A DEAD CHURCH" ကို ဆီလျှော်အောင် ဘာသာပြန်သည်။

#crd_to_owner_with_respect @highlight @followers Mungga Gindai Mungga Gindai

4 views0 comments
bottom of page