top of page

အာဘော်

  • လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ရောက်၍ သမ္မာတရားကိုသိစေခြင်းငှါ ဘုရား သခင်အလိုတော်ရှိသည် နှင့်အညီ ဘုရားသခင်၏အလိုတော် ကိုပြည့် စုံစေရမည်မှာ ကျွန်ပ်တို့၏ တာ ဝန်ပင်ဖြစ်ပါသည်။

  • ဘုရားသခင်ကိုမသိ၊ ကယ်တင်ခြင်းအကြောင်း သဘောမပေါက်သေးသော ပျောက်ဆုံးဝိညာဉ်များစွာကို ခရစ်တော်အကြောင်း သက်သေခံရမည်။ကယ် တင် ခြင်းအကြောင်းသဘောပေါက်စေရမည်။

  • ပျောက်ဆုံးဝိညာဉ်များပြန်လည် ရရှိဖို့မိမိ၏အချိန်၊အစွမ်း၊ဘဏ္ဍာများစွာကို ပေးဆပ်ရလိမ့်မည်။

  • ညီးတွားနေသောဝိညာဉ်များစွာက ကယ်တင်မည့်သူအားငတ်လင့်နေကြသည် ကိုသနားတတ်ရမည်မှာ ကျွန်ပ် တို့အားကိုယ်တော်ပေးသော တာဝန်တစ်ခုပင် ဖြစ်သည်။

  • ခရစ်တော်ကို ကယ်တင်ရှင်အဖြစ်လက်ခံပြီးသော်လည်း လောက၏ဖိစီးမှု့ ကြောင့် ညီးတွားနေသောဝိညာဉ်ကလေးများအား ပြုစုပျိုးထောင်ပေးရမည်။

  •  ယုံကြည်သူများသည် ကယ်တင်ခြင်းနှင့်မကျေနပ်ဘဲ ဘုရားသခင်ထံမှ ကြွယ် ဝသောကောင်းကြီးမင်္ဂလာများ ခံစားလာတတ်ကြရန်သွန်သင် ပေး ရပေမည်။

  • စာတန်မာနတ်၏နှောက်ယှက်ခြင်း၊ နှုတ်ကပတ်တော်နှင့်လွဲချော်သော သွန် သင် မှု့များနောက်သို့ မလိုက်မပါသွားစေရန် မိမိကိုယ်မိမိကာကွယ်နိုင်ရန် နှုတ်က ပတ်တော် သမ္မာတရားကို ယုံကြည်သူတိုင်း သဘောပေါက် ပိုင်းခြား တတ်ရန် လုပ်ဆောင်ပေးရမည်။

  • အထက်ပါ ဖော်ပြချက်များသည် ကျွန်ပ်တို့အား ဘုရားသခင်လုပ်ဆောင်စေလို

  • သော တာဝန်ပင်ဖြစ်ပါသည်။

ရည်ရွယ်ချက်

  • မြန်မာဘာသာစကားကို သုံးပြုလျက် ဘုရားသခင်၏အလိုတော်နှင့် လျော်   
    ညီစွာဝတ်ပြုကိုးကွယ်နိုင်ရန်။ (ယော၊၄း၂၃-၂၄၊မသဲ ၁၈း၁၈

  • နက်နဲသော ခရစ်ယာန်တို့၏ မေတ္တာစိတ်ဓါတ်ကို မိဿဟာယပြုခြင်းအား ဖြင့်ထင်ရှားစေရန်။ ဧ၊၂း၁၅-၁၆/၃း၉

  • ခရစ်တော်ကိုမသိသေးသော(မယုံကြည်)သူများအား ကယ်တင်ခြင်း ဧဝံဂေ လိသတင်းကောင်းကို သက်သေခံရန်။ မဿဲ ၂၈း၁၉-၂၀
    ယုံကြည်သောသူတိုင်းသည် ဘုရားသခင်၏အလိုတော်နှင့်အညီ နှုတ်က ပတ်တော်သမ္မာတရားကို