top of page

ဂလာတိဩဝါဒစာ

ထိုကြောင့် ခရစ်တော်သည် ဝါတို့ကို လွှတ်တော်မူသော လွှတ်ခြင်းအခွင့်၌ တည်နေသဖြင့်၊ ကျွန်ခံရာ ထမ်းဘိုးကိုထမ်း၍ ချည်နှောင်ခြင်းကို တဖန်မခံကြနှင့်။ (၈ ၅း၁) 


  • ဆောင်ပုဒ်- ခရစ်တော်၌လွတ်မြောက်ခြင်း။

  •  ရေးသားခဲ့သောအချိန်- အေဒီ ၄၉ 

  • စာရေးသူ- ရှင်ပေါလု 

  • အနေအထား- အန္တိအုတ်မြို့။ 


ကယ်တင်ခြင်းသည် ခရစ်တော်၌ ယုံကြည်ခြင်းအားဖြင့်သာလျှင် ဖြစ်ကြောင်း ပေါလုသည် ယေရုရှလင်မြို့၌ အခိုင်အမာအတည်ပြုခဲ့သည်။ ထို့နောက် အန္တိအုတ်မြို့ရှိ သူ၏မိခင်အသင်းတော်သို့ ပြန်ရောက်လာပြီးနောက် စိတ်အနှောင့်အယှက်ဖြစ်စရာ သ တင်းအချို့ကြောင့် ပေါလုသည် ထိတ်လန့်ခဲ့ရသည်။ ပါလု၏ ပထမသာသနာပြုခရီးစဉ် တွင် ခရစ်တော်ကို ယုံကြည်လာကြသော ဂလာတိလူများသည် အယူမှားသြဝါဒကို သွန်သင်သောသူများ၏ သားကောင်များဖြစ်လာကြောင်း ပေါလုကြားသိရသည်။ ထိုအ ယူမှားသြဝါဒမှာ ပြောင်းလဲလာသောတပါးအမျိုးသားများသည် မောရှေ၏ပညတ်တရား အားလုံးကို လိုက်လျှောက်မှသာလျှင် ကယ်တင်ခြင်းမှာ သူတို့အတွက် ပြည့်စုံသည်ဟု သွန်သင်သည်။ ပေါလုသည် ဤသတင်းကို ကြားကြားချင်းပင် ဂလာတိပြည်သို့ ဤဩ ဝါဒစာကိုရေးသားသည်။ခရစ်တော်၌ဖြောင့်မတ်ခြင်းသည် ယုံကြည်ခြင်းအားဖြင့်သာလျှင် ဖြစ်ကြောင်း၊ ကယ်တင်ခြင်းအတွက် ခရစ်တော်၏ စင်ကြယ်သော ဧဝံဂေလိတရားကို စွန့်လွှတ်ခြင်း၏ ကြောက်စရာကောင်းသော ဆိုးကျိုးကို ပေါလုက ဂလာတိခရစ်ယာန်များ ကို သတိပေးထားသည်။ 



အကြောင်းအရာ ( အခန်းကြီး ၁-၂)



စင်ကြယ်သောဧဝံဂေလိတရားကို စောင့်ရှောက်ခြင်း 


တောင်ပိုင်းဂလာတိပြည်တွင်ရှိသော အန္တိအုတ်မြို့၊ ဣကောနိမြို့၊ လုတ္တမြို့၊ ဒေရဗေမြို့ (တ ၁၃း၁၄-၁၄း၂၃)မှ အသင်းတော်များကို သတိပေးခြင်းဖြင့် ပေါလုသည် သူ၏ဂလာတိသြဝါဒစာကို အစပြုသည်။ ယုံကြည်ခြင်းသည် ခရစ်တော်တစ်ပါးတည်း၌ မဟုတ်ကြောင်း သွန်သင်သောသူများကို သတိပြုရန် ပေါလုက ဂလာတိယုံကြည်သူများ အား နှိုးဆော်သည်။ ဤသို့ သွန်သင်သောသူများသည် ဧဝံဂေလိတရား၌ ဘာသာရေးထုံး တမ်းစဉ်လာများကို ထပ်သွင်းကြသည်။ “ကောင်းသောအကျင့်များ' သည် ဘုရားသခင် ကို ကျေနပ်စေရန် မရှိမဖြစ် လိုအပ်သောအရာများဖြစ်သည်ဟု သူတို့က သွန်သင်ကြ သည်။ သို့သော် ဤသွန်သင်မှုသည် မိမိဘက်မှ ပြုမူဆောင်ရွက်ခြင်းဖြင့် ဘုရားသခင်၏ မျက်နှာသာရဖို့ ကြိုးစားသည့် လုပ်ဆောင်ချက်ဖြစ်သည်။ ကယ်တင်ခြင်းအတွက် မရှိ မဖြစ် လိုအပ်သောအရာများအားလုံးကို ခရစ်တော်က ကျွန်တော်တို့အတွက် လုပ်ဆောင် ခဲ့ပြီးဖြစ်ကြောင်း ပေါလုက ရှင်းပြသည်။ 


အခန်းကြီး ၃-၄ - 


စင်ကြယ်သောဒဝံဂေလိတရားကို ကာကွယ်ခြင်း 


ဓမ္မဟောင်း၏ကြီးမြတ်သော ဘိုးဘေးကြီးဖြစ်သည့် အာဗြဟံကို ပေါလုက ထောက်ပြထားသည်။ “အာဗြဟံသည် ဘာသာရေးထုံးတမ်းများကို လိုက်လျှောက်သော ကြောင့်(အရေဖျားလှီးခြင်းကြောင့်) ကယ်တင်ခြင်းခံခဲ့ရခြင်း မဟုတ်ဘဲ ဘုရားသခင်၌ ယုံကြည်သောကြောင့် ဖြစ်သည်။' အာဗြဟံ၏ယုံကြည်ခြင်းကြောင့် ဘုရားသခင်သည် အာဗြဟံကို ဖြောင့်မတ်သောသူအဖြစ် သတ်မှတ်သည်။ ပညတ်တရားကို လိုက်လျှောက် ခြင်းက ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ မကယ်တင်ကြောင်း ပေါလုက ရှင်းပြထားသည်။ အမှန်တကယ်တွင်မူ ပညတ်တရားကသာ လူတို့၏အပြစ်ဒုစရိုက်ကို စီရင်သည်။ ခရစ်ယာန်များသည် ဘုရားသခင်နှင့် မှန်ကန်သည့်ဆက်နွယ်မှုရှိခြင်းမှာ ပညတ်တရားအားဖြင့် မဟုတ်ဘဲ ဘုရား၏ကျေးဇူးတော်အားဖြင့်သာ ဖြစ်သည်။ ဘုရားသခင်၏ကျေးဇူးတော်က သာလျှင် ခရစ်တော်၌ လွတ်မြောက်ခြင်းနှင့် ကယ်တင်ခြင်းကို ပေးသည်။ 


- အခန်းကြီး ၅-၆ - 


စင်ကြယ်သောဂဝံဂေလိတရား၌ လွတ်မြောက်ခြင်း 


ဂလာတိခရစ်ယာန်များသည် ခရစ်တော်၌ရှိသော လွတ်မြောက်ခြင်းကို ဝမ်း မြောက်စွာခံစားရန် ပေါလုက တိုက်တွန်းသည်။ ဘာသာရေးထုံးတမ်းများ၊ ကောင်းသော အကျင့်များကို ကျင့်ခြင်းအားဖြင့် ဘုရားသခင်၏မျက်နှာသာကို မရှာရန်၊ ထိုဘာသာရေး ထုံးတမ်းများအားဖြင့် မိမိတို့ကိုယ်မိမိ မချည်နှောင်ရန် ပေါလုက ဆက်လက် ညွှန်ကြား သည်။ စစ်မှန်သောကောင်းမြတ်ခြင်းသည် မိမိ၏ကြိုးစားမှုမှ ဖြစ်လာခြင်း မဟုတ်ဘဲ၊ သန့်ရှင်းသောဝိညာဉ်တော်ကို ဆက်ကပ်အပ်နှံခြင်းမှ ဖြစ်သည်။...အသက်တာတွင် ဖြောင့်မတ်ခြင်းအသီးများ သီးပွင့်ရန် ဝိညာဉ်တော်က ယုံကြည်သူအတွင်းထဲတွင် 3P သစ်ဖန်ဆင်းသည်။ အောင်မြင်သောခရစ်ယာန် အသက်ရှင်ခြင်းနှင့် ပတ်သတ်လာလျှင် ဘယ်သူမှ မိမိတို့၏ကြိုးစားခြင်းကို ဝါကြွား၍ မရပေ။ ခရစ်တော်၏ကားတိုင်သာ ဝါ ကြွားဝမ်းမြောက်ရာ ဖြစ်သည်။ ခရစ်တော်သည် အရာအားလုံးကို လုပ်ဆောင်ပေးသည်။


 | ခြုံငုံကြည့်ခြင်း 

ဂလာတိယုံကြည်သူများထံသို့ အရေးပေါ် ရေးသားလိုက်ရသော ပေါလု၏ ဤဂလာတိသြဝါဒစာ အဓိကအချက်မှာ ပညတ်တရား၏အကျင့်များ မပါဘဲ ယုံကြည် ခြင်းအားဖြင့်သာ ဖြောင့်မတ်ခြင်းခံရသည်။ ပေါလုသည် သူ၏တင်ပြချက်များကို ရည် ရွယ်ချက် (၃)ခုနှင့်အတူ အပိုင်း(၃)ပိုင်း ပိုင်းခြားဖော်ပြထားသည်။ 


(၁) ပေါလုသည် သူ ဟောပြောသော ဧဝံဂေလိသတင်းစကားကို အခိုင်အမာအတည်ပြုသည်။ သူ၏တမန် တော်ဖြစ်ခြင်း အခွင့်အာဏာကို ကာကွယ်ပြောဆိုသည်။


 (၂) ယုံကြည်ခြင်းတစ်ခုတည်း အားဖြင့်သာလျှင် ဖြောင့်မတ်ခြင်းခံရသည်ဆိုသောအချက်ကို မောရှေ၏ပညတ်တရား ကိုယ်တိုင်က သွန်သင်ထားသည်။ ထိုသွန်သင်ချက်ကို မီးမောင်းထိုးပြကာ ပညတ်တရား အားဖြင့် ဖြောင့်မတ်ခြင်းဆိုသော အယူမှား သွန်သင်ချက်ကို ပေါလုက ပြန်လည်ချေပ သည်။ 


(၃) ပညတ်တရားလက်မှ လွတ်မြောက်ခြင်းသည် ပညတ်တရားမဲ့ခြင်း မဟုတ် ကြောင်း၊ ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့် ယုံကြည်သူများသည် နာခံမှုဖြင့် ဘုရားသခင်ကို လွတ်လပ်စွာ ချစ်နိုင်ကြောင်း၊ အစေခံနိုင်ကြောင်းကို ပေါလုက ဖော်ပြ သည်။ 


ခွန်အားယူစရာ 

နိုင်ငံရေးဖိနှိပ်မှုမှ လွတ်မြောက်ခြင်းသည် အလွန်ကောင်းသည်။ သို့မဟုတ် စွဲ လန်းတပ်မက်နေသော မူးယစ်ဆေးဝါးမှ ရုန်းထွက်နိုင်ခြင်းသည်လည်း အလွန်ကောင်း သော ခံစားချက်တစ်ခု ဖြစ်သည်။ ထို့ထက်ပို၍ ရင်ခုန်စိတ်လှုပ်ရှားရသော ဝမ်းမြောက်မှု သည် ယေရှုခရစ်တော်အားဖြင့် ယုံကြည်ခြင်းကြောင့် ခံစားရသော ဝိညာဉ်ရေးရာလွတ် မြောက်မှု ဖြစ်သည်။ သင်သည် ယုံကြည်သူခရစ်ယာန်တစ်ယောက်ဖြစ်လျှင် ပညတ်တ ရား၏စီရင်မှုနှင့် ဘာသာရေးထုံးတမ်းအောက်တွင် မရှိတော့ပေ။ ခရစ်တော်က ထိုဘာ သာရေးထုံးတမ်းအကျင့်များမှ သင့်ကို လွတ်မြောက်ပေးခဲ့ပြီ။ သင့်၏အတိတ်မှ အပြစ် ဒုစရိုက်များသည် ခွင့်လွှတ်ခြင်းခံခဲ့ရပြီး သင့်အထဲ၌ ကိန်းဝပ်နေသော သန့်ရှင်းသော ဝိညာဉ်တော်၏တန်ခိုးအားဖြင့် သန့်ရှင်းသည့် အသက်တာကို အသက်ရှင်ရန် သင်သည် လွတ်မြောက်သောသူဖြစ်သည်။ သို့သော် လွတ်မြောက်ခြင်းနှင့်အတူ တာဝန်ယူမှုများ လည်း ရှိသည်။ သင်၏ကယ်တင်ရှင်ကို အစေခံရန်နှင့် သူ၏အလိုတော်အတိုင်း သက်ရှင်ရန် သင်၌ တာဝန်ရှိသည်။ သင်၏လွတ်မြောက်ခြင်းသည် ခရစ်တော်ကို နာခံရန် မဟုတ်ပေ။ ထို့ကြောင့် သင်၏လွတ်မြောက်ခြင်းကို စွဲကိုင်ကာ ချစ်ခြင်းမေတ္တာ ပြသပါ၊ အစေခံပါ၊ ဒုစရိုက်မပြုနှင့်။ 


ဂလာတိဩဝါဒစာမှ သင်ခန်းစာ 

ကယ်တင်ခြင်းလက်ဆောင်နှင့် ဘုရားသခင်၏ချစ်ခြင်းမေတ္တာတော်သည် ဘု ရားသခင်၏ကျေးဇူးတော်သက်သက်အားဖြင့်သာ သင့်ကို ပေးထားသည်။ 


  • ကယ်တင်ခြင်းတွင် ဘုရားသခင်၏မျက်နှာသာကိုရရန် သင် လုပ်နိုင်သောအရာ တစ်ခုမှ မရှိပေ။ 

  • သင်၏ကိုယ်ပိုင်ခွန်အားဖြင့် ကောင်းသောအကျင့်ကို မကျင့်နိုင်ပေ။ သန့်ရှင်း သောဝိညာဉ်တော်၏မစခြင်းအားဖြင့်သာလျှင် သင့်အထဲမှကောင်းသောအကျင့်များ ထွက်ပေါ်လာမည်။ 

  • သင့်ကိုယ်သင် ဘုရားသခင်အထံတော်၌ အပ်နှံလျှင် သင့်အသက်တာ၌ ဝိညာဉ်အသီးများကို ဘုရားသခင်က သီးပွင့်လာစေမည်။ 

  • ခရစ်တော်ကို ယုံကြည်သူဘုရားသားဖြစ်သောကြောင့် သင်၏အရာခပ်သိမ်း အားလုံးကို ခရစ်တော်တစ်ပါးတည်းသာ ပြုပေးနိုင်သည်။

 

လေ့လာစရာ သမ္မာကျမ်းစာ | မှတ်ယူစရာသင်ခန်းစာ အတွဲ (၁) ၊ ဘာသာပြန် - စွမ်ဇာခိုင်

16 views0 comments
bottom of page