top of page

Tonight | August 28

အားလုံးပါဝင်ဖို့ ထပ်မံအသိပေးနှိုးဆော်ခြင်း။

အားလုံးပဲ မင်္ဂလာပါ။ ယနေ့ည ၈ နာရီမှအစပြုဆုတောင်းခြင်းကိုမမေ့လျော့ပဲ zoom မှာပါဝင်လာဖို့ထပ်မံအသိပေးခြင်းဖြစ်ပါတယ်။

  • အခြေအနေတွေ ဘယ်လိုရှိပါစေ၊ ဆုတောင်းခြင်းနှင့်တွန်းလှန်ရင်ဆိုင်ကြမယ်။ ဆုတောင်းသောလက်ကို ဘုရားရှင်မငြင်းပယ်ပါ။

  • ဘုရားသခင်ထက် ဘယ်အရာမှမကြီးပါ။ ဧဒုံပင်လယ်ကို နှစ်ခြမ်းကွဲသွားစေတာ ဆုတောင်းသော မောရှေလက်ဆန့်တန့်ခြင်းကြောင့်ဖြစ်တယ်။

  • ယေရိခေါမြို့ရိုး အုတ်တန်တိုင်းကြီး ပြိုကျသွားခြင်းရဲ့နောက်ကွယ်မှာ လူများစွာရဲ့ဆုတောင်းခြင်းအစွမ်းကြောင့်မဟုတ်လော။

  • ပေတရုကို အထပ်ထပ်ကာရံပိတ်ဆို့လိုက်တဲ့ထောင်တံခါးပွင့်သွားခြင်းဟာလည်း အခက်ခဲဆုံးချိန်မှာ ဆုတောင်းကြတဲ့ ယုံကြည်သူတွေကြောင့်ပေါ့။

  • ယနေ့ည အတူဆုတောင်းကြမယ်။ တစ်ဦးချင်းစီ၊ မိသားစုချင်းစီတိုင်းက ဆုတောင်းကြလိမ့်မယ်ဆိုတာ ယုံကြည်တယ်။ ယုံကြည်သူအချင်းချင်း သဘောတူလျက် ဆုတောင်းရန်လည်း ဘုရားသခင်အလိုတော်ရှိတယ်။

  • အားလုံးပါဝင်ကြရအောင်။ တစ်ဦးချင်းစီ တိုင်းအတွက် ဆုတောင်းခြင်းရဲ့တန်ခိုးနိမိတ်လက္ခဏာတွေ မြင်လာကြရလိမ့်မယ်။


အဆင်သင့်ဖြစ်ပြီလား။ အဆင်သင့်🙏


43 views0 comments
bottom of page