Thanksgiving, Black Friday shopping
ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက်အထိရောက်ဆုံးဖြစ်ပါသည်။

ကျွန်ပ်ချစ်သော သင်ဝင်းညီကိုမောင်နှမများသို့ 👉
✍🏻 ယခုနှစ်သည် ကျွန်ပ်တို့အဆိုးရွားဆုံးအချိန်ကာလကိုဖြတ်သန်းနေကြရပါသည်။ တစ်ကမ္ဘာလုံးက ရင်ဆိုင်ကျော်ဖြတ်နေကြရပါသည်။ သို့သော်လည်း ကျွန်ပ်တို့ကိုးကွယ်သော ဘုရားသခင်၏ကွာကာခြင်းကြောင့် ကျွန်ပ်တို့သည် ယနေ့ထိကျန်းမာလျက်ရှိနေကြသည်မှာ အံ့ဩဖွယ် ချီးမွမ်းစရာမဟုတ်လော။
ကျေးဇူးတော်ချီးမွမ်းရာနေ့နှင့် Black friday and Christmas ကာလ နေ့တွေဟာ အမေရိကန်နိုင်ငံမှာ စျေးအရောင်းရဆုံးအချိန်၊ စျေးလျှော့ပေါ့ရောင်းရသောအချိန်ဖြစ်သည်။ ထို့ကြောင့် လူတိုင်းစျေးထဲ mall ထဲမှာကြိတ်ကြိတ်တိုးစည်ကားနေခဲ့ဖူးပေသည်။ သို့သော် ... သို့သော် ယခုနှစ်များမှာကား ကျေးဇူးပြု၍ လွန်ခဲ့သောအချိန်ကာလများကဲ့သို့မသွားလာစေလိုပါ။ အိမ်မှာနေလျက် မိသားစုတို့နှင့်အတူချီးမွမ်းရင်း ဤချိန်ကာလများကိုဖြတ်သန်းကြပါစို့။ အွန်လိုင်းစျေးရောင်းပွဲတော်များမှာ လျှောက်လည်ရင်း ခေတ်ဆိုးကြီးရဲ့ လူ့အသက်ကိုခြိမ်းခြောက်နေသော ကိုငဗစ်ကို ကာကွယ်ကြပါစို့။ ဆုတောင်းခြင်းနှင့် ခုခံကာကွယ်သွားကြပါစို့။
အွန်လိုင်းစျေးသွားမည်ဆိုပါက Super Walmart, Target, BestBuy, amazon ကဲ့သို့သော နေရာများတွင်သာစျေးဝယ်ကြဖို့ရန်လည်းအသိပေးလိုပါသည်။ အွန်လိုင်းစျေးအတော်များများမှာ လိမ်လည်ခိုူယူမှု့များ နေ့စဉ်သန်းချီရှိနေကြောင်းကိုလည်း မမေ့ပဲ သတိပြုဖို့ အသိပေးလိုက်ပါရစေ။
အားလပ်ရက်မှာ မိသားစုတိုင်းပျော်ရွှင်ခြင်းနှင့်အတူ ကျန်းမာခြင်းကောင်းကြီးခံစားရရှိကြပါစေကြောင်း ဆုတောင်းပေးလိုက်ပါသည်။