Sunday Worship Service

ချီးမွမ်းကိုးကွယ်ခြင်းရပ်တန့်မသွားနိုင်ပါ


အပတ်စဉ်တနင်္ဂနွေနေ့ကိုးကွယ်ဝတ်ပြုခြင်းအား ဘုရားကျောင်းတွင်းမပြုလုပ်နိုင်ကြသော်လည်း အွန်လိုင်း Zoom meeting တွင်အပတ်စဉ်တနင်္ဂနွေတိုင်းပြုလုပ်နိုင်ခြင်းအတွက်ကျေးဇူးတော်ချီးမွမ်းပါသည်။ လာမည့်အချိန်များတွင် ဘုရားကျောင်း၌ လူစုံတက်စုံပြန်လည်ကိုးကွယ်ဝတ်ပြုနိုင်ကြလိမ့်မည်ဟုမျှော်လင့်ပါသည်။ ဆက်လက်ဆုတောင်းကြပါမည်။


ဤကဲ့သို့ပြုလုပ်နိုင်ခြင်းသည်လည်း ဘုရားသခင်၏အကြံအစည်ဟုယုံကြည်ပါသည်။ ခဲယာဉ်းခက်ခဲသောအချိန်ကာလတွင်လည်း သစ္စာမပျက်သစ္စာရှိစွာတတ်နိုင်သည်အတိုင်း ဝတ်ပြုနိုင်ကြသူများမှာ ဘုရားကိုအမှန်စင်စစ်ချစ်သောကြောင့်ပေတည်း။သစ္စာမပျက်သောသူကို ဘုရားသခင်မမေ့ပါ။ စွန့်ပစ်မထားပါ။ ဆက်လက်ကိုးကွယ်ကြပါစို့ဟု တိုက်တွန်းနှိုးဆော်ပါသည်။


ယုံကြည်သူများမြေကြီးပေါ်တွင် သက်ရှိထင်ရှားရှိနေသေးသရွေ့ ဘုရားသခင်ကိုချီးမွမ်းကိုးကွယ်ခြင်းအမှု့သည် ဘယ်တော့မှရပ်တန့်သွားမည်မဟုတ်ချေ။ ဆက်လက်ကိုးကွယ်ကြဦးမည်။ ချီးမွမ်းကြဦးမည်ပေတည်း။ အနိမ့်ဖြစ်စေ၊ အမြင့်ဖြစ်စေ၊ သေခြင်းဖြစ်စေ၊အသက်ရှင်ခြင်းဖြစ်စေ၊ ချမ်းသာခြင်းဖြစ်စေ၊ ဆင်းရဲခြင်းဖြစ်စေ အဘယ်အရာကမျှ ဘုရားသခင်၏ချစ်ခြင်းမေတ္တာနှင့်မကင်းကွာစေနိုင်ပါ။

ခရစ်တော်ကြွလာသောနေ့ရက်တိုင်အောင် ကျွန်ပ်တို့ ချီးမွမ်းကိုးကွယ်သွားကြမည်

17 views

© 2019 by Immanuel Myanmar Church , Wheaton ( Chicago land ) 

  • YouTube
  • Facebook Social Icon