Stimulus Check အတွက်ချီးမွမ်းပါ

ဘယ်အကြောင်းကြောင့်ဖြစ်စေ ယုံကြည်သူများအဖို့ အရာရာတိုင်းသည်ချီးမွမ်းစရာဖြစ်ပါ၏။


ယခုနှစ်တွေကို ခက်ခဲစွာကျော်ဖြတ်ခဲ့ကြရပေမဲ့ ဘုရားသခင်ကျေးဇူးတော်သည် ချီးမွမ်းစရာသိပ်များပါ၏။ အသင်းတော်က ယုံကြည်သူအားလုံးကျန်းခြင်းရသည်သာမက အစိုးရကထောက်ပံ့ပေးသော stimulus check ကိုလည်းရရှိကြခြင်းအတွက်ချီးမွမ်းရပါ၏။ Tax တွက်ကျသည့်အခါမှာလည်း ရသင့်ရထိုက်သည့်အတိုင်းအတာကိုရရှိကြသည်ကို ကျေးဇူးတော်ချီးမွမ်းပါ၏။ ရသည့်အရာပေါ်မှာ နည်းသည်ဟုမတွေးပဲ ကျေးဇူးတော်ချီးမွမ်းစေလိုပါသည်။

ဘုရားပြုသောကျေးဇူးတော်များစွာခံစားကြရသည်အတွက် မဆိုင်းမတွ၊ မတွန့်မတိုပဲလျက် ကျေးဇူးပြုသော ဘုရားသခင်အား ပြန်လည်ပေးဆောင်သည့်အခါ စေတနာနှင့်သစ္စာ ဆယ်ဖို့တစ်ဖို့ပြန်လည်ပေးသွင်းရန် တိုက်တွန်းနှိုးဆော်ပါ၏။ သာ၍ရစေခြင်းငှါ ဘုရားသခင်ပြုစေလိုသည့်အရာများကိုပြုရန်ဖြစ်ပါသည်။ ကျေးဇူးတော်ချီးမွမ်းလျက် ဝမ်းမြောက်သောစိတ်နှင့် ကျေးဇူးတော်ချီးမွမ်းရာတန်တိုင်းတော်ထဲကိုဝင်ကြပါစို့။

11 views0 comments

© 2019 by Immanuel Myanmar Church , Wheaton ( Chicago land ) 

  • YouTube
  • Facebook Social Icon