Carol Night | Dev 17
Wow . . . ခရစ္စမတ်အချိန်ခါသမယ ရောက်လာပြန်ပြီ။ နှစ်သည်လည်း မကြာခင် ကုန်ဆုံးပါတော့မည်။ တစ်လောကလုံးရဲ့ ကယ်တင်ရှင်၊ တို့ရဲ့အရှင် မွေးဖွားလာခဲ့ပြီ။ သတင်းကောင်းပြောကြစို့။ ငြိမ်သက်ခြင်းသည် အားလုံးအပေါ်သို့ တက်ရောက်ပါစေ။

ခရစ်တော်မွေးဖွားလာခြင်း သတင်းကောင်း ထပ်ဆင့်ပြောဖို့၊ ခရစ်တော်၏ ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ဖွယ် ထပ်ဆင့်မျှဝေဖို့ တို့တွေအဆင်သင့်ဖြစ်ပြီ။ သင့်အိမ်မှာ ထိုမင်္ဂလာ တည်နေဖို့ မျှော်လင့်စောင့်စားလျက် ကြိုဆိုဖို့ အဆင်သင့်ဖြစ်ပြီလား။
လာမည့်စနေနေ့မှာ ( Dec 17) ရက်နေ့မှာ အသင်းတော်မိသားစုများ အိမ်တိုင်ရာသို့ သွားရောက် သတင်းကောင်းဖြန့်ဝေကြမည်။ မိမိကိုယ်တိုင်နှင့်အတူ လိုက်နိုင်မည့် သားငယ်သမီးငယ်များနှင့်အတူ carol night မှာပျော်ရွှင်စွာပါဝင်ကြရအောင်။
အသင်းတော်မှ ကားကြီး (၂) စီး (၁၅ ယောက်စီဆန့်) စီစဉ်ထားပါသည်။ အသင်းတော်ကားကြီး ပြန်ရမှာဖြစ်ပြီး နောက်တစ်စီး ငှါးထားပြီးဖြစ်ပါသည်။ အကယ်၍ နှစ်စီးစလုံးမဆန့်ပါက ကိုယ်ပိုင်ကားများ အသုံးပြုကြရန်ဖြစ်ပါသည်။ လူငယ်များအား ဖခင်များ၊ မိခင်များအားလုံးက ဝိုင်းဝန်းအားဖြည့် ပံ့ပိုးပါဝင်ကြဖို့ မေတ္တာရပ်ခံပါသည်။
လာမည့် စနေနေ့တွင် နေ့လည် (၁၂) နာရီမှာ U Along Thang & Daw Nu Par တို့အိမ်မှာ ဆုံကြပြီး ၁၂ နာရီ ၃၀ မိနစ်တွင် အိမ်မှ အစပြုထွက်သွားကြမည်ဖြစ်ပါသည်။ အသင်းတော် member group တွင် တစ်အိမ်ပြီးတစ်အိမ် update ပေးသွားကြမည်ဖြစ်သည်။ စောင့်မျှော်ကြိုဆိုကြဖို့ ထပ်မံအသိပေးလိုပါ၏။ လောဗန်မုရန်များနှင့် ကြိုဆိုကြရန်လည်း နှိုးဆော်ပါ၏။ 😆😆
အဆုံးသတ်ကိုလည်း U Along တို့အိမ်တွင် အဆုံးသတ်မည်ဖြစ်ကြောင်း အသိပေးနှိုးဆော်လိုက်ပါ၏။ အားလုံးပါဝင်ဆင်နွှဲကြစို့။
လိုအပ်သည်များကို ဆက်လက်အသိပေးသွားပါမည်။