2020 ခရစ္စမတ်ညစာ
ခရစ္စမတ်ညစာ မိသားစုမှာ လုပ်ဆောင်ဖို့

နှစ်စဉ်နှစ်တိုင်း ခရစ္စမတ်ချိန်ခါရောက်လျှင် အသင်းတော်မိသားစုတိုင်းစုံညီစွာ အတူစားကြ၊ ပျော်ကြကာ ဝမ်းမြောက်စွာ ခရစ္စမတ်ကိုကျင်းပခဲ့ကြတာ သတိရစရာတွေပါ။ ယခုနှစ်မှာတော့ အတူမစုံနိုင်ကြတော့ပါ။
မိမိအိမ်အသီးသီးမှာ မိသားစုတွေနဲ့ ခရစ္စမတ်ညစာ စားခြင်းအစီအစဉ်ကို မိသားစုနှင့်အတူအထူးအစီအစဉ်ပြုလုပ်သတ်မှတ်ပြီး အတူစားကြပါ။ မိမိသားသမီးတို့၏ ရင်ထဲကျန်ရစ်စေမည့် အမှတ်တရ ခရစ္စမတ်ညစာကိုအတူဆင်နွှဲပေးပါ။ အသင်းတော်မှာ မလုပ်နိုင်သော်လည်း မိသားစုအတွက် ခရစ္စမတ်ညစာအထူးအစီအစဉ်ကို မိဘတိုင်းစဉ်းစားပြီး လုပ်ဆောင်ပေးစေလိုပါသည်။ အခွင့်ထူးဟုခံယူကာ မိသားစုခရစ္စမတ်ညစာအစီအစဉ်အဖြစ်ပြောင်းလဲနိုင်ပါပြီ။
ကလေးများ၏အတွေးထဲတွင် ခရစ္စမတ်လုပ်ခြင်းအကြောင်း ပျောက်ပျက်မသွားဖို့ မိဘများအနေဖြင့်သွန်သင်ရင်း လုပ်ဆောင်သွားကြစို့။
ယခုနှစ်ခရစ္စမတ်ညစာ စားခြင်းအစီစဉ်သည် မိသားစုတိုင်းမှာ ဝမ်းမြောက်ဖွယ်အဖြစ် ထူးခြားစွာကျန်ရစ်နိုင်ပါစေကြောင်း ဆန္ဒပြုဆုတောင်းပေးလိုက်ပါ၏။