၂၀၂၁ ဘုရားကျောင်းရဖို့

ဘုရားကျောင်း ဝယ်ယူနိုင်ဖို့ ဆက်လက်ဆုတောင်းကြစို့ ...

မင်္ဂလာပါ .... ၂၀၂၁ ခုနှစ်သစ်ရောက်လို့လာပါပြီ။ ယခုနှစ်မှာ အသစ်သောကောင်းကြီးမင်္ဂလာကို ဘုရားသခင်ဆက်လက်သွန်းလောင်းမည်ဟုယုံကြည်မျှော်လင့်ထားပါသည်။ ဘုရားကျောင်းရရှိဖို့ အထူးသတိရဆုတောင်းစေလိုပါသည်။ မနေ့က Robert နှင့်စကားပြောဖြစ်ပါသည်။ ၂၀၂၀ မှာအလှုငွေပါဝင်မှု့ ၁၀ဖို့တစ်ဖို့ ပါဝင်မှု့အခြေအနေကိုသူကမေးလာပါသည်။ သူကဆက်ပြောသည်မှာ အခုချိန်မှာ ပိုပြီးတော့အခွင့်အရေးရှိနိုင်တယ်။ မနှစ်ကအလှုငွေပေးမှု့ပုံမှန်ဆိုလျှင် ဘဏ်ကယုံကြည်ပြီးငွေချေးပေးနိုင်ကြောင်း၊ Banker နှင့်ပြန်စကားပြောကြည့်ဦးမည်ဖြစ်ကြောင်းဆိုပါသည်။ အဆင်မပြေနိုင်သည့်အချက်မှာ သူတို့နှင့်အတူတွေ့ဆုံခြင်းပြု၍မရနိုင်သည်မှာအခက်အခဲဖြစ်သည်ဟုဆိုပါသည်။ တစ်ပတ်အတွင်းပြန်လည်အကြောင်းကြားမည်ဟုပြောပါသည်။ အကယ်၍အဆင်ပြေပါက ဘုရားကျောင်းစရှာရမည်ဖြစ်သည်။

ဒါကြောင့် အယောက်ချင်းစီတိုင်း ကြိုးစားပြီးဆုတောင်းကြရန် အထူးတိုက်တွန်းနိူးဆော်ပါသည်။

19 views0 comments

© 2019 by Immanuel Myanmar Church , Wheaton ( Chicago land ) 

  • YouTube
  • Facebook Social Icon