top of page

အိပ်ယာပေါ်မှာဘာစဉ်းစားလဲ

အိပ်ယာပေါ်မှာ သင်ဘာစဉ်းစားလဲ။

အိပ်မပျော်တဲ့ညတွေမှာ နဖူးပေါ်လက်တင်ရင်း အတွေးကမ္ဘာမှာချာချာလည်ပြီး ညကနက်သထက်နက်အတွေးကမပြီးဆုံးသေး။ ဘဝမှာမပြေလည်မှု့တွေ၊ပြဿနာတွေ အခက်အခဲတွေကို မတွေးချင်အဆုံးခေါင်းထဲအာရုံထဲမှာရောက်ရောက်လာလို့ မိုးလင်းသွားသည့် ညတွေလည်း မနဲတော့ပါလား။မပြီးဆုံးသေးတဲ့ဘဝကို မပြီးဆုံးနိုင်တဲ့ အတွေးထဲမှာမျောလွင့်နေရဦးမှာပါလား။ညညအိပ်ယာပေါ် ရောက်တိုင်း မိတ်ဆွေ ဘာအတွေးတွေ တွေးဖြစ်သလဲ။ဘာတွေလုပ်ဖြစ်သလဲ။အိပ်ယာပေါ်က သင့်ရဲ့အတွေးဟာ မင်္ဂလာဖြစ်နေသ လား။သင့်ရဲ့အတွေးက မင်္ဂလာရှိသောတွေးတောခြင်းဖြစ်လျှင် တကယ်မင်္ဂလာရှိမှာပါ......



ဒါဝိဒ်သည် နန်းတော်တွင်သာလွန်(အိပ်ယာ)ပေါ်မှာငြိမ်ဝပ်စွာနေရသည့်အခါ သူဘာကိုတွေးမည်ဟုထင်ပါသနည်း။သူသည်က္ကုသရေလ လူမျိုးကိုအုပ်စိုးရသောရှင်ဘုရာတစ်ပါးပါ။သူစဉ်းစားစရာအများကြီးရှိနေမှာပါ။ဒါဝိဒ်က အမြဲတမ်းဘုရားကိုစွဲလမ်းပါသည်။ဒါဝိဒ်က သာ လွန်(အိပ်ယာ) ပေါ်မှာနေရင်း စဉ်းစားမိသည်မှာ- သူနေတဲ့အိမ်ကအာရဇ်သစ်သားနှင့်နေပြီး ဘုရားသခင်ကျိန်းဝပ်ရာ ပဋိညာဉ်သေတ္တာ မူကား ကုလာကာနှင့်ကာထားရ၏။ ... ဘုရားသခင်၏ အိမ်တော် (ဗိမာန်တော်) တည်ဆောက်ရန် တွေးမိ၊စဉ်းစားမိပါသည်။

သို့သော် ထိုဗိမာန်တော်ကို ဒါဝိဒ်တည်ဆောက်ဖို့ ဘုရားကခွင့်မပြုချေ။အဘယ့်ကြောင့်ဆိုသော်ဘုရားသခင်၏အိမ်တော်ဟာ သန့်ရှင်းသောကြောင့် စစ်တိုက်ပြီး အသွေးသွန်းတဲ့သူ့လက်နှင့်တည်ဆောက်ရန် ဘုရားသခင်ခွင့်မပြုချေ။သားတော် ရှောလမုန်က ဗိမာန် တော်ကိုတည်ဆောက်ခဲ့ပါသည်။ဒါဝိဒ်က အိပ်ယာပေါ်ကစခဲ့သော ထိုဗိမာန်တော်ကိုတည်ဆောက်မည့် ပုံစံ၊ဆောက်လုပ်မည့်အသုံး အဆောင်အားလုံးကို ဒါဝိဒ်ကပြင်ဆင်ပြီး အဆင်သင့်ထားခဲ့ပါသည်။ထူးခြားသည်မှာ ထိုဗိမာန်တော်ကိုတည်ဆောက်သူမှာ သားတော် ရှောလမုန်ဖြစ်သော်လည်း နှုတ်ကပတ်တော်(ဘုရားသခင်) ၏မှတ်တမ်းတင်ခြင်းခံရသူမှာ ဒါဝိဒ်မင်းဖြစ်သည်။ရှောလမုန်သည် လက်နှင့် တည်ဆောက်သောသူ၊ဒါဝိဒ်မူကား နှလုံးနှင့်တည်ဆောက်သောသူဖြစ်ပါသည်။ ဘုရားသခင်နှစ်သက်သောအရာမှာ နှလုံးဖြစ်သည်။

ဒါဝိဒ်က အိပ်ယာပေါ်တွင် တွေးခဲ့သောအတွေးဟာ ဘုရားတန်ခိုးတော်နှင့်ကျိန်းဝပ်ရာနေရာ ဗိမာန်ဖြစ်လာခဲ့ရပါပြီ။မိတ်ဆွေ ... သင်နှင့်ကျွန်ပ်ကကော ဘုရားသခင်အတွက် ဘာလုပ်ရမလဲဆိုတာတွေးမိဖူးပါသလား။ဘုရားကျောင်းထဲမှာ ဘာတွေလိုအပ်မလဲ လို့တွေးနေမည့်အစား ဘုရားကျောင်းမှာဘယ်ကောင်ကကြည့်မရဖြစ်နေသလဲ။ စသည့်ပြဿနာတွေပဲ တွေးနေသောသူလား။ဘယ်ဆရာ ကဘာဘွဲ့ရလဲ။ဘယ်သူက အဝတ်စားလှလှလေးတွေ၊ရတနာတွေဝတ်ဆင်လာသလဲ။ဟိုတစ်နေ့တနင်္ဂနွေနေ့တုန်းက ဟိုအမဝတ်လာ တဲ့ရွှေဆွဲကြိုးက ဘယ်လောက်များတန်မလဲ။စသည် စသည့်အတွေးပေါင်းကုဋေသင်္ချေထဲမှာ လွတ်မျောရင်း ဘာအကျိုးမရှိ အချိန်ကုန် နေပြီလား။

သင်နှင့်ကျွန်ပ်အိပ်ယာပေါ်၊ငြိမ်ဝပ်စွာနေရသည့်အချိန်တွေမှာ မင်္ဂလာရှိသော အရာကိုဆင်ခြင်တွေးတောပြီး ကိုယ်တော်အတွက် တစ်စုံတစ်ခု တည်ဆောက်ကြပါစို့လား .......

စာရှုသူအယောက်စီတိုင်း မင်္ဂလာရှိသောအတွေး တွေးနိုင်ကြပါစေသား...... ဘုရားသခင်ကောင်းကြီးပေးပါစေ .....

8 views0 comments
bottom of page