အဲဒါလူ
ယူနီကုတ် 👉

ပူတော့ သိပ်ပူတာပဲ
အေးပြန်တော့ တော်တော်အေးနေတာပဲ
စကားပြောတော့ စကားပေါတယ်၊ စကားမပြောတော့ စကားနည်းတယ်။
ဖော်ရွေနေတော့ ပိုးတိုးတိုးတဲ့၊ တိတ်ဆိတ်နေတော့ လူမှု့ရေးညံ့တယ်။
ပိန်တော့ ရောဂါသည်လားမသိဘူး။ ၀ပြန်တော့ ဖောရောင်နေတာပဲ၊ ဘီယာသောက်လားမသိဘူး။
ကိုယ့်ထမင်းကိုစားပြီး ကိုယ့်အကြောင်းကိုမပြောဘူး။ သူများအကြောင်းကိုစိတ်ဝင်စားတယ်။
ကိုယ့်အမှားကို သူများကိုလွှဲချဖို့စဉ်းစားတတ်တယ်။
ဗိုက်ဆာတော့ အရမ်းဗိုက်ဆာတယ်၊ အစာပြည့်လို့ အရမ်းဗိုက်ပြည့်တယ်တဲ့။
မလိုချင်ရင်တစ်မျိုး လိုချင်ရင် တစ်မျိုး။
ဆင်းရဲတော့ အနားမကပ်ဘူး။ အဆင်ပြေလာတော့ ဆွေမျိုးစပ်ချင်လို့ ကွေ့ပတ်ပြီးမရမက အမျိုးတော်ချင်။
ဆုံးရှုံးနေတဲ့အခါ ဆက်ဆံတာတစ်မျိုး၊ အောင်မြင်လာရင် အချိုးပြောင်းတတ်တယ်။
အကူအညီရရင် လူကောင်းတဲ့၊ အကူညီမရရင် ကပ်စျေးသိပ်နည်းတာပဲတဲ့။
ခုနေတစ်မျိုး၊ တော်ကြာတစ်မျိုး ......
👉 အဲ့ဒါ လူပဲ .....
10 views0 comments