အားငယ်နေလို့စိတ်ပျက်မိပြီလား 👇
ယူနီကုတ်၊Zawgyi ဖတ်ရန် 👆 လောကမှာ စိတ်ပျက်အားငယ်စရာဆိုတာ မကုန်ခမ်းနိုင်ပါဘူး။ဒါပေမဲ့ ယုံကြည်သူများအဖို့ မျှော်လင့်စရာကတော့အမြဲရှိနေသေးတယ်။
အားငယ်၊စိတ်ပျက်ကာ မျှော်လင့်ချက်မဲ့နေပြီလား
အားငယ်နေလား ......?
လောကမှာ မိစုံဖစုံမရှိလည်း အားမငယ်ပါနှင့်။အနွေးထွေးဆုံးမေတ္တာနှင့်သင့်ကိုချစ်သော ထာဝရဘုရားသင်နှင်အတူအမြဲရှိနေတယ်။
လောကမှာ မပြည့်စုံလို့ ချို့တဲ့နေလည်း စိတ်မပျက်ပါနှင့်။ယေရှုခရစ်တော်က အားနည်းသောသူတို့ကိုကူမခြင်းငှါလာသတည်း ဟုပြောသည့်အခါ သင့်အတွက်ဖြစ်တယ်။
လောကမှာ ပညာဒီဂရီတွေမပြည့်စုံလည်း ဝမ်းမနည်းပါနှင့်။ လူရှေ့သူရှေ့မှာမျက်နှသာပေးခြင်းအခွင့်ကိုပေးရုံသာမက နောက်ချေးပုံ ထဲကနေ မင်းသားတို့နှင့်အတူထိုင်ရသောအခွင့် ကိုယ်တော်၌ရှိပါတယ်။
လောကမှာ အားကိုးစရာ၊ခိုလူံစရာမရှိနေလို့ စိတ်အားငယ်နေလား။ ကိုယ်တော်ဘုရားက '' လူကိုကိုးစားခြင်းထက်၊မင်းကို ကိုးစား ခြင်းထက်ထာဝရဘုရားကို ကိုးစားခြင်းသည် သာ၍ကောင်း၏။ .... နှာခေါင်းနှင့်အသက်ရှုသော လူကိုမကိုးစားနှင့်'' ဟုပြောထား ပါသည်။ကိုယ်တော်ကိုမျှော်လင့်သောသူသည် အားပြည့်လိမ့်မည်။
လောကမှာ ရွှေငွေဥစ္စပကာဓနာတွေ မပိုင်ဆိုင်ရလည်း စိတ်ဓါတ်မကျပါနဲ့။ ခရစ်တော်ဘုရားကိုရသောသူတို့သည် ဘာမှမပိုင်ဆိုင်သောသူကဲ့သို့ဖြစ်သော်လည်း၊အရာအားလုံးကို ပိုင်ဆိုင်သောသူများဘဲဖြစ်ကြပါတယ်။လောကမှာ ချမ်းသာသော် လည်းကိုယ်တော်ကိုမသိသောသူက ခဏမျှသာခံစားရမည်။ဘုရားသားသမီးတို့၏အမွေကား နောင်ကာလ၏ ထာဝရအမွေတော်ပင်ဖြစ်သည်။
လောကမှာ သူများလိုအမျိုးမကောင်း၊အမျိုးယုတ်က ဆင်းသက်လာသော်လည်း စိတ်ဓါတ်မကျပါနှင့်။ ငါတို့သည် ယဇ်ပရောဟိတ် အမျိုး၊မင်းစည်းစိမ်ရှိသော အမျိုးဖြစ်ကြပါ၏။
လောကမှာ နိုင်ငံကောင်းတဲ့ နိုင်ငံ (အမေရိကန်နိုင်ငံ)သားမဖြစ်ရလည်း ဂုဏ်ယူလိုက်ပါ။ ကျနော်တို့သည် ကောင်းကင်နိုင်ငံသားဖြစ်ကြပါသည်။
သင့်အချစ်ဆုံးသူတွေက စွန့်ခွါသွားကြလို့ အထီးကျန်အဖော်မဲ့နေလား။ ကိုယ်တော်က ရင်ခွင်ထဲမှာထွေးပွေ့ရင်း အားပေးစကား ဆိုနေပါတယ်။
သွားရမည့်ခရီးမသေချာမရေရာလို့ တွေဝေရင်း နောက်ဆုတ်ရမလား၊ရှေ့တိုးရမလား။ထွက်ပေါက်မရှိလို့ လမ်းပိတ်နေလို့ မော့ကြည့်လည်း အမြင့်ကြီး၊ငုံံ့ကြည့်တော့လည်း ပိတ်ထားတယ်။လှမ်းမျှော်ကြည့်လည်းအဝေးကြီး။ဘာလုပ်ရမှန်းမသိဖြစ်နေလား။ ယေရှုခရစ်တော်က သင်၏ထွက်ပေါက်၊လမ်းခရီးဖြစ်ကြောင်း သတိရလိုက်ပါ။အမှန်ထွက်မြောက်ရလိမ့်မည် ...
မိမိရင်ထဲခံစားချက်ကို မည်သူမျှမသိ၊ဖွင့်ပြောပြလည်း မည်သူကမှဂရုမစိုက်မှာမို့ မျိုသိပ်ပြီးခံစားရင်း နှလုံးအိမ်ကစကားလုံးတွေဟာ မျက်ရည်အဖြစ်မျက်လုံးအိမ်ထဲမှတစ်ဆင့်စီးဆင်းလို့ ကြေကွဲစွာခံစားနေ ရလား။ရင်ဖွင့်သံကိုမည်သူမျှ နားမထောင်ချင်လည်း ခရစ်တော်ဘုရားက သင့်ရဲ့ရင်ဖွင့်စကားကိုနားထောင်ပေးချင်တယ်။ခရစ်တော်ကို သာဖွင့်ပြောလိုက်ပါ။ ပေါ့သွားပါလိမ့်မည်။
လောကမှာ ဘာဆိုဘာမှ မဟုတ်လည်းစိတ်အားမငယ်ပါနှင့်။ ခရစ်တော်ကိုသာသင်ရရင် ချမ်းသာလှသော်လည်း၊ပညာတတ်ကြီးတွေ ဖြစ်သော်လည်း ငြိမ်သက်ခြင်းမဲ့နေတဲ့သူတွေကြား ငြိမ်သက်ခြင်းအမှန်ရမည်။
* ငါသည်အဘယ်သူအား ယုံသည်ကိုငါသိ၏။ . . . ကျွန်ပ်တို့ယုံကြည်သော ဘုရားသည် အဘယ်သို့သော်ဘုရားဖြစ်ကြောင်းသိမှတ် စွဲလမ်းခြင်းဖြင့် လောကတပ်မက်မှု့များကိုတွန်းလှန်ရင်း ပန်းတုံးတိုင်အယောက်ပြေးကြစို့လား။
အားငယ်နေလား ......?
45 views
  • YouTube
  • Facebook Social Icon