top of page

အသိပေးနှိုးဆော်တိုက်တွန်းခြင်း

မင်္ဂလာပါ။ အားလုံးကျန်းမာ ရွှင်လန်းကြမယ်လို့မျှော်လင့်ပါတယ်။ လာမည့်စနေနေ့ဆိုရင် ကျွန်ပ်တို့ အသင်းတော်၏ ရံပုံငွေရှာဖွေသောအစီအစဉ် ရောက်ရှိတော့မှာပဲဖြစ်ပါတယ်။ အားလုံး စိတ်လှုပ်ရှား မျှော်လင့်နေကြမယ်လို့လည်း မျှော်လင့်ပါတယ်။ ဆုတောင်းခြင်းနဲ့ ဆက်လုပ်ဆောင်ကြမယ်။


မိသားစုအားလုံး ပါဝင်ကြရန်အထူးနှိုးဆော်လိုပါတယ်။ Ticket ကိုလည်း မိသားစုတိုင်းက ဝယ်ယူပေးကြရန် နှိုးဆော်လိုပါတယ်။ တစ်မိသားစု အနည်းဆုံး ၁ စောင်ကိုတော့ ဝယ်ကြရအောင်။


စနေနေ့တွင် အစားအစာချက်ပြုတ်သူများအနေဖြင့် ၁၂ နာရီအနောက်ကျဆုံး အရောက်ပို့ပေးကြရန် ဖြစ်ပါတယ်။ အတတ်နိုင်ဆုံးနောက်မကျဖို့ ကြိုးစားကြရအောင်း။ မနက် ၁၁ နာရီကတည်းကနေ ကျနော်နှင့် ဆရာ ဧမာနွေလ က ဘုရားကျောင်းမှာ ရောက်နေကြမှာဖြစ်ပါတယ်။


ဧည့်ကြိုခြင်းကို Saya Cheng P. Choi, U Ring Thang , Saya Mana Hung, U Victor M. Sawm , Htaik Htaik တို့မှ ဦးဆောင်ဆက်ကပ်ပေးစေလိုပါတယ်။


ကလေးငယ်များ ထိန်းကူပေးရန် U Hung Kee , U Cung Lian, Sayama Khin Khin Aye တို့မှ ဆက်ကပ်အစေခံပေးမှာဖြစ်ပါတယ်။ ပြေးလွှားဆော့နေတတ်တဲ့ ကလေးများကို သူတို့ထံ အပ်ပေးကြရန် မိဘများကိုလည်း အသိပေးလိုပါတယ်။


အစားအစာများဖြစ်စေ၊ အကြိုအပို့ များလိုအပ်လျှင် Kyaw Lay နှင့်လူငယ်များကို ဆက်သွယ်ပေးစေလိုပါတယ်။ ကြိုတင်ဆက်သွယ်ပေးကြရန်ဖြစ်ပါမယ်။


အစားအစာ ဝန်ဆောင်မှု့များပေးရာတွင် Sayama Hlu Naing , Koe Ying, Esther Young , Shen Ling and Khaw Lam တို့မှ ကူညီအစေခံပေးစေလိုပါတယ်။


တာဝန်မပေးလို့ မပါဝင်ရန်မဟုတ်ပါ။ လုပ်သင့်သည့်အရာများတွေ့ပါက လုပ်ဆောင်ပေးကြရန် အထူးတိုက်တွန်းနှိုးဆော်ပါရစေ။


နေရာထိုင်ခင်း၊ ရေ၊အအေး၊ စားပွဲခင်း၊ ပန်းကန် ခွက်တု၊ဖွန်းတုမှအစ သန့်ရှင်းရေးအားလုံးကို Collage Church မှတာဝန်ယူ ထောက်မပေးကြမှာဖြစ်ပါတယ်။ တကယ်ကိုပဲ ဘုရားကောင်းမြတ်တယ်။ ဘုရားသခင်က ကျွန်ပ်တို့ကို အများကြီး လမ်းဖွင့်ကောင်းကြီးပေးနေပါတယ်။ ဆုတောင်းခြင်းနှင့် ဆက်လက် ကြိုးစားကြရအောင်။ ကြိုးစားနေကြတဲ့အတွက်လည်း အထူးဝမ်းမြောက်လျက် ကျေးဇူးတင်ပါတယ်။


လာမည့် မတ်လ ၂၇ ရက်နေ့မှာလည်း ဧည့်သည်များလာရောက်ရန် ဖိတ်ခေါ်ထားကြပါတယ်။ ဆရာ ဧမာနွေလနှင့်အတူ လုပ်ငန်းရှင် ဘုရားလူတွေကို ခေါ်ဖိတ်ရန် ကြိုးစားနေကြပါတယ်။ ဆုတောင်းပါ ဝင်ပေးကြပါ။


Praise and Worship team များအနေဖြင့်လည်း ယခုပတ်စနေနေ့အတွက်လည်း အဆင်သင့်ဖြစ်နေကြမယ်လို့ မျှော်လင့်ပါတယ်။ မတ်လ ၂၇ ရက်နေ့အတွက်လည်း ဆက်ကပ်ကြရန် နှိုးဆော်ပါရစေ။


လိုအပ်သည်များကို ဆက်လက်အသိပေး နှိုးဆော်သွားပါမည်။ အားလုံးကို ကျေးဇူးအထူးတင်ပါတယ်။ ဘုရားရှင်ကောင်းကြီးပေးပါစေ။


နာမတော်မြတ်၌ ---

51 views0 comments
bottom of page