top of page

အသိပေးခြင်း

အသင်းတော်၏ အစီအစဉ်များအား အသိပေးခြင်းနှင့်အတူ နှိုးဆော်တိုက်တွန်းခြင်း ဖြစ်ပါသည်။


Multination Fellowship

ချစ်သော ညီကိုမောင်နှမများ၊ ကျွန်ပ်တို့၏ လုပ်ဖော်ဆောင်ဖက် Pastor Emmanuel ဦးဆောင်လျက်ရှိသော Multination fellowship ကို ယခုလာမည့်စနေ ( October 22) ရက်ညနေတွင် သွားရောက်ပါဝင်ကြမည်ဖြစ်ပါသဖြင့် ညဝတ်ပြုဆုတောင်းမရှိပါ။ သားသမီးများကိုခေါ်ပြီး သွားရောက်ပါဝင် ကြစို့။ ကလေးများအဖို့ အခွင့်ထူးဖြစ်ပါသည်။ မိမိသားသမီးများကို ခေါ်ဆောင်၍ သွားရောက်ပါဝင် ကြရန်အထူးနှိုးဆော်တိုက်တွန်းပါသည်။


 
Pastor Appreciation

အသင်းတော်၏ အမှု့တော်ဆောင် သင်းအုပ်ဆရာအား ဂုဏ်ပြုခြင်းအစီအစဉ်ကို လာမည့်တနင်္ဂနွေ ( October 23 ) ရက်နေ့တွင် အသင်းတော်မှ ပြုလုပ်သွားမည်ဖြစ်ပါသည်။ ဆုတောင်းပေးခြင်း၊ ဂုဏ်ပြု ခြင်းဖြစ်ပါသည်။

 
Sunday School

လာမည့် တနင်္ဂနွေနေ့မှ စတင်ပါမည်။ ဆန်းဒေးစကူးမစတင်မှီတွင် Worship central တွင်မိမိဘများနှင့်အတူ သားသမီးများအား အတူနေရာယူထိုင်ရန်ဖြစ်ပါမည်။ Praise & Worship team မှဦးဆောင်ကာ အတူချီးမွမ်းကိုးကွယ်ကြမည်။ Praise & Worship ပြီးသည့်အချိန်တွင် ကလေးများနှင့်အတူ ဆရာမများအား သင်းအုပ်မှဆုတောင်းကောင်းကြီးပေးပြီးလျှင် ဆန်ဒေးစကူးအတန်း သွားရောက်ကြမည်။ လူကြီးကျမ်းစာသင်တန်းကိုလည်း စတင်သွားပါမည်။

သို့ဖြစ်ပါသောကြောင့် မိဘများအနေဖြင့် မိမိကလေးများ ဘုရားဝတ်၌ မွေ့လျော်လာစေရန် ကြိုးစားကြပါ။ ဝတ်ပြုကို အချိန်မှီ ရောက်နိုင်ရန် ကြိုးစားကြစို့။ Worship team များ၊ ကျေးဇူးပြု၍ 2 pm အတိမှာအစပြုနိုင်ရန် ပြင်ဆင် ဆက်ကပ် ပေးစေလိုပါသည်။ လာမည့် တနင်္ဂနွေနေ့တွင် စတင်ပါမည်။ Praise & Worship မပြီးခင်ချိန်အထိ မိမိကလေးများကို မိဘနှင့်အတူ ခေါ်ထိုင်ပေးစေလိုပါသည်။

 
International Thanksgiving

November 19 | 3 pm

နှစ်စဉ်ကျင်းပပြုလုပ်နေကျ international Thanksgiving အား ကျွန်ပ်တို့ အသင်းတော်မှ လက်ခံပြုလုပ်သွားကြမည်ဖြစ်သည်။ အခြားဧည့်သည်တော်များ လာရောက်ရန် လူဦးရေ ၁၀၀ မှ ၁၅၀ ဦးရေ ခန့်မှန်းရပါသည်။ အစစအရာရာအဆင်ပြေဖို့ ဆုတောင်းကြစို့။

 
အထူးပြန်လည်နှိုးဆော်ခြင်း

ဘုရားကျောင်းအတွက်လိုအပ်သောအရာတိုင်းအား သစ္စာရှိစွာ စေတနာနှင့်ပေးလှုကြသော အသင်းသူအသင်းသားအားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါသည်။ ဘုရားသခင် ကောင်းကြီးပေးပါစေ။ Car parking အတွက်ပါဝင်ကြရန် ပြောထားသည့်အရာကိုလည်း မပါဝင်သေးသော ညီကိုမောင်နှမများ ဆက်လက်ပါဝင်ပေးကြရန် ထပ်မံအသိပေးနှိုးဆော်လိုပါ၏။ ကျွန်ပ်တို့ paymennt များဆုတောင်းနေရပါသည်။ နှစ်ကုန်သည့်အခါ ပေးလှုပါဝင်သူများ၏ အမည်နာမနှင့် စာရင်းဇယားများကို ပြန်လည် ချပြပေးသွားကြမည်ဖြစ်ပါသည်။ ဆက်လက်ပါဝင်ကြစို့။

တစ်ဆက်တည်း သာရေး၊နာရေးအတွက် ပါဝင်ထည့်ငွေများကိုလည်း မပါဝင်ရသေးလျှင် ပါဝင်ထည့်ဝင်ကြရန် ပြန်လည်အသိပေးပါသည်။

 
အထူးမေတ္တာရပ်ခံချက်

ချစ်သော သင်းဝင်ယုံကြည်သူများ၊ အသက်ရှင်သော ဘုရားကိုးကွယ်ခြင်းမှာ အထူးသစ္စာရှိကြစို့။ အရှင်သခင်ဘုရားအား ကိုးကွယ်ရန် အချိန်မှီသွားရောက်ကြရအောင်။ ပြင်ဆင်ကြရအောင်။ ပုံသက်သေ ဖြစ်ကြစို့။ ဘုရားကျောင်းသို့ ပုံမှန်သွားခြင်း၊ အချိန်မှီရောက်ခြင်းဖြင့်သော်လည်းကောင်း၊ မိမိ၏ဆယ်ဖို့တစ်ဖို့ ပေးလှုခြင်းအားဖြင့်သော်လည်းကောင်း ပုံသက်သေပြကြရအောင်။ ကြိုးစားကြရအောင်။ ဘုရားရှင် ဝမ်းမြောက်လျက် ကျွန်ပ်တို့ကောင်းကြီး ခံစားရကြမည်။

ကျမ်းစာသင်ကြားခြင်းကို အလေးအနက်သင်ကြားကြစို့။ မိမိသားသမီးများကို ကောင်းမွန်စွာ သွန်သင်ပေးနိုင်ရန်သော်လည်းကောင်း၊ ဝိညာဉ်အသက်တာ ကြီးထွားရင့်ကျင့်လာစေရန်ဖြစ်စေ အလွန်အရေးကြီးပါသည်။ ယုံကြည်ခြင်း၌ ကြိုးစား၍ ဆက်ကပ် အသက်ရှင်ကြစို့ဟု မေတ္တာနှင့်တိုက်တွန်းနှိုးဆော်ပါ၏။

 
လုပ်ဆောင်စရာအစီစဉ်များ
  • Multination fellowship

  • Pastor Appreciation

  • Pastor & Youths trip

  • International Thanksgiving

  • Our Thanksgiving

  • Night of Children's

  • Sweet December

  • Carol singing

  • Christmas

  • New Year


60 views0 comments
bottom of page