အသိပေးခြင်း
အသင်းတော်လူကြီးများအစည်းအဝေး
အသင်းတော်၏ လုပ်ငန်းစဉ်များ ဆွေးနွေးခြင်းအစည်းအဝေးအား March 12, စနေနေ့ ညနေ ၅ နာရီတွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ အသင်းတော်လူကြီးများ အားလုံးပါဝင်တက်ရောက်ပေးကြရန် ပြန်လည်အသိပေးနှိုးဆော်အပ်ပါသည်။ အဆိုပါအစည်းအဝေးကို ဘုရားကျောင်းတွင် ပြုလုပ်မည်ဖြစ်ပါသည်။ ကျေးဇူးတင်ပါ၏။
ကားပါကင်ထိုးခြင်း၊
ညီကိုမောင်နှမများ၊ ကျွန်ပ်တို့ ကားပါကင်သည် သေးသောကြောင့် ကားပါကင်ထိုးသည့်အခါ အထူးဂရုစိုက်စေလိုပါသည်။ ကားအသေးများအနေဖြင့် ဘုရားကျောင်း ခန်းမဆောင်အစွန်ဖက်မှာ park စေလိုပါသည်။ အဝင်အထွက်လွယ်ကူစေရန် အသေအချာ စည်းကမ်းတစ်ကျ parking ထိုးကြရအောင်။
ဘုရားကျောင်းထိန်းသိမ်းခြင်း
ကျွန်ပ်တို့ဘုရားကျောင်းသည် ကျွန်ပ်တို့အိမ်ဖြစ်ပါသည်။ ဘုရားသခင်ကပိုင်ပြီး ကျွန်ပ်တို့က ထိန်းသိမ်း နေရသူများပင်ဖြစ်သည်။ ထို့ကြောင့် ကျွန်ပ်တို့ခလေးများက တစ်ခါတစ်ရံ အအေးဗူး၊ ရေဗူးများကို ဟိုနားပစ်ဒီနားထားခဲ့တတ်ကြပါသည်။ ထို့ကြောင့် အယောက်စီတိုင်းသည် မိမိအိမ်ကဲ့သို့မှတ်ယူ၍ အမြင်မတော်သည့် အမှိုက်များကို ကောက်သိမ်းကြရအောင်။ အခန်းတွေထဲမှာ လှဲချထားသော ခုံများတွေ့ပါကလည်း အသေချာပြန်ထားပေးကြရအောင်။ မည်သူတစ်ဦးတည်း၏ တာဝန်မဟုတ်ပေ။ ယုံကြည်သူအားလုံးပါဝင်ကြစို့။ အလုပ်လုပ်ကြစို့။ ဝတ်ပြုခန်းမထဲတွင် ကလေးများမုန့်ပေးခြင်းကိုလည်းမပြုလုပ်မိကြရန် သတိပြုကြပါစို့။ အဆောက်အဦး၏ မည်သည့်နေရာတွင်မဆို အမှိုက်များတွေ့ရှိပါက သိမ်းဆည်းကြစို့။ အကယ်၍ ရေ၊အအေးများသောက်ထားပါက မိမိကိုယ်တိုင် သိမ်းဆည်းကြပါစို့။ စားပွဲပေါ်၊ထိုင်ခုံများပေါ်တင်ထားခဲ့ခြင်းများ အတတ်နိုင်ဆုံး သတိပြုစို့။ အယောက်စီတိုင်းပါဝင်လျက် ကောင်းကြီးရယူကြစို့ဟု အသိပေးတိုက်တွန်းနှိုးဆော်ပါ၏။ ကျေးဇူးတင်ပါသည်။
ဆုတောင်းခံယူခြင်း
ဝတ်ပြုကိုးကွယ်ခြင်းအပြီး၌ဖြစ်စေ၊ မတိုင်ခင်ဖြစ်စေ မိသာစုးအလိုက်သော်လည်းကောင်း၊ မိမိအခက်အခဲ၊ ကျန်းမာရေးအတွက်သော်လည်းကောင်း ဆုတောင်းခံယူလိုသူများ၊ ဆီလူးဆုတောင်းခံယူလိုသူများရှိိိပါလျှင် အသင်းတော်ရုံးခန်းတွင် ဆုတောင်းပေးမည်ဖြစ်ပါသည်။ အသိပေးနိုင်ပါသည်။
ကောင်းကြီးတံခါးဖွင့်နေဆဲ
ဘုရားကျောင်းဝယ်ယူရန် စတင်ချိန်ကတည်းက ယနေ့ထိ နေရာအစုံ၌ပါဝင်လျက်ရှိကြသော ယုံကြည်သူမိသားစုတိုင်းကို အသင်းတော်မှ ကျေးဇူးအထူးတင်ရှိပါသည်။ ဘုရားကျောင်းဝယ်ပြီးသည့်အခါလည်း လိုအပ်သည်များအတွက် စိတ်စေတနာထက်တန်စွာ ပါဝင်ကြသည့်အတွက် ဘုရားရှင်က ဆက်လက်ကောင်းကြီးပေးပါစေ။ မပါဝင်ရသေးလို့ ပါဝင်လိုသူများအဖို့ ကောင်းကြီးတံခါးအမြဲ ဖွင့်ပေးလျက်ရှိနေပါသည်။ ကားပါကင်၊ ထိုင်ခုံ၊ ဆိုင်းဘုတ်၊ ကွန်ပျူတာ၊ ဗတ္တိဇံ pool ၊ ရုံးသုံးအသေးစားများစွာအတွက် မိမိစေတနာနှင့်လျောက် ဆက်လျက်ပါဝင်နိုင်ပါသည်။ ကောင်းကြီးတံခါးဖွင့်နေဆဲဖြစ်သည်။ မိမိပါဝင်ရန် တို့ထိသောနေရာတွင် ပါဝင်နိုင်ပါသည်။ ပါဝင်စရာ ပေးလှုစရာကိုလည်း ဘုရားသခင်က ပြင်ဆင်ပေးပါစေ။
Fundraising
လာမည့် မတ်လ ၁၉ ရက်နေ့ Fudraising ကိုလည်းမမေ့မလျော့ ဆုတောင်းကြပါ။ အလှုရှင်များ ဘုရားရှင်စေလွှတ်နိုင်ရန် အထူးဆုတောင်းကြမည်။ ကျွ်နပ်တို့ကိုယ်တိုင် ပါဝင်လျက်လှုပ်ရှားကြပါစို့။
အားလုံးကို ဘုရားရှင်ကောင်းကြီးပေးပါစေ။