အသိပေးခြင်း
အိမ်တိုင်ရာရောက် ဆုတောင်းခြင်း
အသင်းတော်မိသားစုဝင်များ အိမ်တိုင်ရာရောက် ဆုတောင်းပေးခြင်း (၄) ကြိမ်မြောက်ကို မနက်ဖြန် ( Feb 26 ) စနေနေ့မှာ အဆုံးသတ်မှာဖြစ်ပါတယ်။ ကျန်ရှိနေသေးသော အိမ်များသို့လာရောက်ပါမည်။
Saya Choi family
Pastor Manar Chai
U Kee Chaing family
Ko Mang Pi family
U Aung Kyaw Soe family
Daw Hoi Noi family
အသင်းတော်အစည်းအဝေး
အသင်းတော်၏ အလုပ်အမှု့ဆောင်များအစည်းအဝေးကို Feb 26 စနေနေ့ညနေ ၅ နာရီတွင် ပြုလုပ်မည်ဖြစ်ပါသောကြောင့် အသင်းတော်လူကြီးများ ပါဝင်တက်ရောက်ပေးကြပါရန် လေးစားစွာထပ်မံအသိပေး တိုက်တွန်းပါသည်။
ဝတ်ပြုချိန်ပြောင်းလဲခြင်း
ပြီးခဲ့သည့်အပတ် အစည်းအဝေးတွင် အတည်ပြုဆုံးဖြတ်ထားသည်အတိုင်း တနင်္ဂနွေနေ့ ပုံမှန်ဝတ်ပြုအစည်းအဝေးအချိန်ကို အပတ်စဉ် ၂ နာရီမှအစပြုမည်ဖြစ်ပါသည်။ လာမည့် မတ်လ ပထမအပတ် ( March 6 ) ရက်နေ့မှစတင်၍ ညနေပိုင်း ၂ နာရီအတိတွင်အစပြုသွားပါမည်။
အခါအားလျော်စွာ မိနစ် ၃၀ ကျမ်းစာသင်ကြားခြင်းကိုလည်း ပြန်လည်စတင်သွားမည်။
Fundraising
အသင်းတော်၏ အလှုငွေရှာဖွေခြင်းကိုလည်း လာမည့် မတ် ၁၉ ရက်စနေနေ့တွင် ပြုလုပ်မည်ဖြစ်ပါသည်။ အဆိုပါနေ့အတွက် Ticket များရောင်းချစရာများကိုလည်း ကြိုးစားလုပ်ဆောင်ကြရန် ထပ်မံအသိပေးလိုပါ၏။ အဆိုပါ Ticket ကို သင်းထောက် ဆရာချွဲ ထံရယူကြပါရန် မေတ္တာရပ်ခံလိုပါ၏။ ရောင်းချပေးသူများကိုလည်း မှတ်တမ်းတင်သွားမည်ဖြစ်သည်။
Prayer fellowship

ဆုတောင်းဝတ်ပြုခြင်း အစီအစဉ်ကိုလည်း အပတ်တိုင်း စနေနေ့ညစဉ်ပြုလုပ်သွားကြမည်ဖြစ်ပါသည်။ လာမည့် မတ်လပထမအပတ်မှ စတင်ပါမည်။ အကယ်၍ မိမိအိမ်တွင် ချီးမွမ်းခြင်းအစီအစဉ်ဖြစ်စေ၊ homecell ဖြစ်စေပြုလုပ်လိုပါက ကြိုတင်ပြောပြစေလိုပါသည်။ ဆုတောင်းခြင်းနှင့် ပြန်လည် အားယူကြစို့။ ဆိုးရွားလာတဲ့ ပတ်ဝန်းကျင်မှာ ကျွန်ပ်တို့နေ့စဉ်အသက်တာများကို စုပေါင်းဆုတောင်းခြင်းနှင့် ဘုရားထံခိုလှုံကြရန် နှိုးဆော်လိုပါ၏။