top of page

အသိပေးခြင်း

အသင်းတော်၏ လုပ်ဆောင်စရာအချို့ကိုဖော်ပြလိုက်ပါ၏။


အိမ်တိုင်ရာရောက်ဆုတောင်းပေးခြင်း

အသင်းတော်မိသားစုဝင်များအတွက် အိမ်တိုင်ရာရောက် ဆုတောင်းပေးခြင်းကို ယခုလာမည့်စနေနေ့ တွင်စတင် လာရောက်ဆုတောင်းပေးမည်ဖြစ်ပါသည်။ Feb 12,2022 စနေနေ့စတင်ပါမည်။ အကြောင်းအမျိုးမျိုးကြောင့် အဆင်မပြေမှု့များရှိပါလျှင် ကြိုတင်ပြန်လည်အသိပေးနိုင်ပါသည်။ အသင်းတော်၏ သင်းအုပ်ဆရာနှင့် သင်းထောက်မှ ဦးဆောင်ပြီးလာရောက်ဆုတောင်းပေးပါမည်။ အောက်ဖော်ပြပါအတိုင်း လာရောက်မည်ဖြစ်ပါသည်။ ဖြစ်နိုင်ပါက မိသားစု စုံလင်စွာစောင့်မျှော် ဆုတောင်းခံရန် တိုက်တွန်းနှိုးဆော်လိုပါ၏။

  1. U Along Thang အိမ်

  2. U San Tin အိမ်

  3. U Ling Kee အိမ်

  4. U Hung Kee အိမ်

  5. U Ai So Loi အိမ်

  6. U Ling Hung အိမ်

  7. Saya Mana Hung အိမ်

အထက်ဖော်ပြပါ အိမ်များသို့ ပထမနေ့တွင် လာရောက်ဆုတောင်းပေးပါမည်။


 

လက်ဆောင်ပေးခြင်းအစီအစဉ်


လွန်ခဲ့သော ၂၀၂၁ ခုနှစ်၏ ခရစ္စမတ်အချိန်ခါသည် ကျွန်ပ်တို့အဖို့ ခါးသီးခြင်းကို ကျော်ဖြတ်ခဲ့ကြရသည့် နှစ်ဟုဆိုရပေမည်။ အတူပျော်ရွှင်စွာ လက်ဆောင်ဖလှယ်ကြရမည်ဖြစ်သော်လည်း အခွင့်အခါ မသာလို့ မလုပ်ဖြစ်လိုက်ရပေ။ သို့သော် မည်သည့်အချိန် မည်သည့်အခါဖြစ်စေ ခရစ်တော်၏ မေတ္တာ၌ ပြုလုပ်လျှင် မင်္ဂလာရှိသည်။ ထို့ကြောင့် လာမည့် တနင်္ဂနွေနေ့ ( Feb 13,22) နေ့တွင် လက်ဆောင်ပေးခြင်းအစီအစဉ်များကို ပြုလုပ်သွားကြမည်ဖြစ်ပါကြောင်း အသိပေးလိုက်ပါ၏။


 

အသင်းတော်အလုပ်အမှု့တော်ဆောင်များ ရွေးချယ်ခြင်း


အသင်းတော်၏ ဝိညာဉ်ရေးရာ၊ ကာယရေးရာအတွက် ရှေ့ဆက်မည့် အလုပ်အမှု့ဆောင်များအား ရွေးချယ်တင်မြှောက်ရန်အချိန်ရောက်လာပြီ။ ထို့ကြောင့် ဖေဖော်ဝါရီလ ၂၀ ရက် တနင်္ဂနွေနေ့တွင် ဝတ်ပြုအပြီး၌ လုပ်ဆောင်သွားကြမည်ဖြစ်သည်။ ထိုအစည်းအဝေးသို့ အရောက်တိုင်းပါဝင်ကြရန် ခရစ်တော်၏ နာမ၌ မေတ္တာရပ်ခံပါ၏။


 

Fundraising


MARCH 19,2022

ဘုရားကျောင်း Car parking နှင့်လိုအပ်နေသေးသောအရာများအတွက် အလှုတော်ငွေရှာဖွေခြင်းအား ပြုလုပ်သွားကြမည်ဖြစ်ပါသည်။ အဆိုပါ Fundraising ကို Collge Church တွင်အခမဲ့ အခန်းငှါးရမ်းလုပ်ဆောင်သွားမည်ဖြစ်သည်။ အားလုံးမှ အထူးသတိရလျက် ဆုတောင်းကြရန်လိုအပ်မည်ဖြစ်သည်။


 

အပတ်စဉ် ကျမ်းစာသင်ကြားခြင်း


အပတ်စဉ် တနင်္ဂနွေနေ့ ကျမ်းစာသင်ကြားခြင်းကို လာမည့် မတ်လပထမအပတ်မှ ပြန်လည်စတင် သင်ကြားသွားပါမည်။ ကျမ်းစာလေ့လာခြင်းသည် မိမိဝိညာဉ်ရေးရာ အတွက်ဖြစ်သည်သာမက အသင်းတော်၊ မိသားစုတို့အဖို့ အထူးအရေးကြီးသောအရာဖြစ်ပါသည်။ ထို့ကြောင့် မှတ်စုစာအုပ်နှင့် ကျမ်းစာအုပ်ပြင်ဆင် ယူဆောင်လာကြရန် အထူးတိုက်တွန်းနှိုးဆော်ပါ၏။


 

အခြားအစီအစဉ်များ

ကျေးဇူးတော်ကြောင့် ကိုယ်ပိုင် ဘုရားကျောင်းရရှိလာပြီဖြစ်သောကြောင့် ကလေးများ၊ လူငယ်များ၊ အမျိုးသမီးများအဖွဲ့ စသသည်ဖြင့် အစီစဉ်များ လှုပ်ရှားမှု့များ အပတ်စဉ်လုပ်ဆောင်သွားကြမည်ဖြစ်ပါသည်။ အထူးသဖြင့် သောကြာ၊ စနေ၊ တနင်္ဂနွေနေ့ ညပိုင်းများတွင် ဆုတောင်းခြင်း၊ မိသဟာယဖွဲ့ခြင်း စသဖြင့် ဝိညာဉ်ရှင်သန် နိုးထမှု့ဖြစ်စေရန် လုပ်ဆောင်သွားကြမည်ဖြစ်ကြောင်း အသိပေးလိုပါ၏။

အားလုံးကို ကျေးဇူးတင်ပါ၏။ ဘုရားရှင်ကောင်းကြီးပေးပါစေ။


Pastor Manar Chai


75 views0 comments
bottom of page