top of page

အသိပေးခြင်း

Carol Singing


ငြိမ်းချမ်းသာယာလှပသော ခရစ္စမတ်အချိန်ခါ သမယဖြစ်ပါစေကြောင်း ဆုမွန်တောင်း နှုတ်ခွန်းဆက်သလိုက်ပါ၏။ ယခုလာမည့် စနေနေ့ညနေပိုင်းတွင် အသင်းတော်၏ ညလှည့်သတင်းကောင်းပြောခြင်းကို လူငယ်များနှင့်အတူ မိသားစုအိမ်တိုင်းသို့ ရောက်ရှိလာကြမည်ဖြစ်ပါသည်။ မိသားစုများ ပြင်ဆင်စောင့်မျှော်ရန် အသိပေးနှိုးဆော်လိုပါ၏။


သတင်းကောင်းယူဆောင်လာသောသူများအား နွေးထွေးလှိုက်လှဲစွာ ကြိုဆိုဧည့်ခံကြမည်ဟုလည်း မျှော်လင့်လျက်ရင်ခုန်စိတ်လှုပ်ရှားနေကြပါပြီ။ အအေးတိုက်ခြင်း၊ ရေတိုက်ခြင်း၊ မုန့်ပေးခြင်းကို လည်းလှိုက်လှဲစွာ လက်ခံမည်ဖြစ်ပါကြောင်း 😀😀 ။


ညနေ ၄ နာရီတိတိတွင်စုရပ်ဆီမှ အသင်းတော်ကားကြီးနှင့်စတင်ထွက်ခွါကြမည်။ သို့ဖြစ်ပါသော ကြောင့် သင်းအုပ်ဆရာ မနားချိုင်အိမ်တွင် ၃း၃၀ အရောက်စုရုံးပြီး စတင်ပါမည်။ Aurora မှစတင် လာကြပါမည်။ အဆုံးသတ်ကိုလည်း Pastor Manar Chai အိမ်တွင်အဆုံးသတ်ပါမည်။


ကားကြီးတစ်စီးတည်းနှင့်ဆန့်မည်မဟုတ်သည့်အတွက် ကားကြီးရှိသူ အသင်းတော်လူကြီးများ အနေဖြင့် နောက်ထပ် ၂ စီးလောက် ပါဝင်ဆကပ်ပေးဖို့ မေတ္တာရပ်ခံပါ၏။


 

ယခုတစ်ပတ်ဝတ်ပြုခြင်း


ဝတ်ပြုကိုးကွယ်ခြင်းကို အခြေအနေအရ ပြန်လည်ပြောင်းလဲလိုက်ပါသည်။ ယခုပတ် တနင်္ဂနွေနေ့မှ စတင်ပြီး ဘုရားကျောင်းသစ်တွင် စတင်ဝတ်ပြုကိုးကွယ်တော့မည်ဖြစ်ပါသည်။ ဝတ်ပြုခန်းမအား ပြုပြင်ဆဲကာလဖြစ်သည့်အတွက် လွတ်နေသည့် အခန်းထဲတွင်သာ စတင်ဝတ်ပြုမည်။ နှစ်သစ်ကူး မတိုင်ခင် ဝတ်ပြုခန်းမဆောင်တွင် ပြုလုပ်နိုင်ရန်လည်း ကြိုးစားဆောင်ရွက်နေကြပါသည်။


ယခုလာမည့် စနေနေ့တွင်လည်း လုပ်အားပေးထပ်မံဖိတ်ခေါ်ပါသည်။ အခန်းထပ်မံချဲ့ခြင်း၊ ဘုရားကျောင်းအဟောင်းမှ ပစ္စည်းများပြောင်းရွှေ့ခြင်း၊ စသည့်လုပ်ဆောင်စရာများစွာ ရှိနေပါသဖြင့် မနက်အစောကတည်းက လာရောက် ကူညီပေးကြဖို့ အထူးမေတ္တာရိုက်ခံ တိုက်တွန်းအပ်ပါ၏။


အားလုံးကိုအထူး ကျေးဇူးတင်ပါ၏။

60 views0 comments
bottom of page