top of page

အစ္စရေးသမိုင်းအကျဉ်း

အစ္စရေးသမိုင်း


အစ္စရေးနိုင်ငံအကြောင်း သိကောင်းစရာ


သမိုင်းကြောင်း၏နောက်ခံအခြေအနေ (Historical Background) 

အစ္စရေးနိုင်ငံသည် ခရစ်တော်မပေါ်မီ နှစ်ပေါင်း( ၁၈ဝဝ)ခန့်က အစပြုခဲ့ သည်။ ထိုစဉ်က အစ္စရေးလူမျိုးများသည် လူမျိုးနွယ်စုအလိုက် နေထိုင်ကြသည်။ ပထမဆုံး အမျိုးသားခေါင်းဆောင်မှာ အာဗြဟံဖြစ်သည်။ သူသည် ခါလဒဲပြည် ဥရမြို့ သားဖြစ်သည်။ သို့သော် ဘုရားသခင်သည် သူနှင့်သူ့မိသားစုအား ခါလဒဲပြည်မှ ခေါ်ယူကာ သူ၏သားစဉ်မြေးဆက်များနေထိုင်ရန် ကတိပြုထားသော ခါနာန်ပြည်သို့ စေလွှတ်ခဲ့သည်။ အာဗြဟံ၏သားဣဇက်ဖြစ်၍ ဣဇက်က ဧသောနှင့်ယာကုပ်အမည်တွင် သော အမြွှာသားနှစ်ယောက်ထွန်းကားခဲ့သည်။ ယာကုပ်၏အမည်ကို အစ္စရေးဟု ပြောင်းခေါ်ခဲ့ရာမှ နောင်တွင် သူ၏သားသမီးများအားဖြင့် အစ္စရေးလူမျိုး ပေါ်ပေါက် လာသည်။ ထိုစဉ်က အစ္စရေးတို့သည် အတည်တကျမနေထိုင်ဘဲ မိမိတိရစ္ဆာန်များ အတွက် ရေကြည်ရာမြက်နုရာကို လှည့်လည်ရှာဖွေရင်း ပြောင်းရွှေ့နေကြသော လူစု များဖြစ်သည်။ အဓိကအားဖြင့် သိုး၊ ဆိတ်နှင့် နွားများ မွေးမြူခြင်းဖြင့် အသက်မွေး ဝမ်းကျောင်းပြုကြသည်။ အစ္စရေးလူမျိုးများ ခါနန်ပြည်သို့မရောက်မီ အရင်နေခဲ့သော လူမျိုးများ သည် နေအိမ်များတည်ဆောက်ကာ၊ လယ်ယာစိုက်ပျိုးခြင်းဖြင့် အတည်တကျ နေထိုင်ခဲ့ကြသည်။


အစ္စရေးသည် သားတစ်ဆယ့်နှစ်ဦးရှိသည်။ ၎င်းတို့မှာ၊ ရုဗင်၊ ရှိမောင်၊ လေဝိ၊ ယုဒ၊ ဣသခါ၊ ဇာဗုလုန်၊ ယောသပ်၊ ဗယာမိန်၊ ဒန်၊ နဿလိ၊ ဂတ်နှင့် အာရှာတို့ဖြစ်ကြသည်။ အစ္စရေး၏အချစ်ဆုံးသားမှာ ယောသပ်ဖြစ်သည်။ ဖခင်က တခြားသားများထက် ပိုချစ်သောကြောင့်လည်းကောင်း၊ ယောသပ်က မာန်မာနကြီး သည်ဟု ယူဆကြသောကြောင့်လည်းကောင်း အစ်ကိုများက အလွန်မုန်းတီး၍ မနာ လိုဖြစ်ခဲ့ကြသည်။ ဆရာထို့ကြောင့် အစ်ကိုများက ယောသပ်အား ကျွန်အဖြစ်ရောင်းစားခဲ့ရာမှ၊ အီဂျစ်ပြည်သို့ခေါ် ဆောင်ခြင်းခံရသည်။ အီဂျစ်ပြည်တွင် များစွာသော ဘဝအတွေ့ အကြုံများ ကျော်လွှားပြီး၊ အီဂျစ်ဘုရင် ဖာရော၏ဒုတိယအာဏာရှိပုဂ္ဂိုလ်တစ်ပါး ဖြစ်လာသည်။ ခါနာပြည်တွင် အစာရေစာခေါင်းပါးမှုကပ် ဆိုက်ရောက်သောကြောင့်၊ မိသားစုအားလုံး အီဂျစ်ပြည်သို့ ပြောင်းရွှေ့လာ၍၊ ယောသပ်၏စောင့်ရှောက်ကာ ကွယ်မှုအောက်တွင် ခိုလှုံလာကြသည်။ ယောသပ်နှင့် သူ၏အစ်ကိုများမိသားစုသည် အလွန်တိုးပွားကာ ထောင်သောင်းများစွာသော အစ္စရေးလူမျိုးများဖြစ်လာကြသည်။ ဒီဗျ ယောသပ်ကွယ်လွန်ပြီး နှစ်ပေါင်းများစွာကြာမြင့်လာသောအခါ အီဂျစ် ဘုရင်ဖာရောသည် အစ္စရေးလူမျိုးများအား ကျွန်အဖြစ်စေခိုင်းခဲ့သည်။


 ကြီးမားသော အဆောက်အဦးများနှင့် မြို့ပြကြီးများကို အတင်းအဓမ္မတည်ဆောက်စေခဲ့သည်။ ထိုနောက်၊ ဘုရားသခင်သည် အစ္စရေးလူမျိုးများအား ဦးဆောင်ရန် လေဝိ အမျိုးမှ မောရှေအား ခေါ်ယူစေခိုင်းခဲ့သည်။ မောရှေ မွေးဖွားသောအချိန်ကာလသည် အစ္စရေးလူမျိုးများ အလွန်တိုးပွားသော အချိန်ဖြစ်သည်။ ဖာရောဘုရင်သည် အစ္စရေး များတိုးပွားလာ၍ တန်ခိုးကြီးလာပြီး၊ အီဂျစ်လူမျိုးများအတွက် အန္တရာယ်ဖြစ်လာမည် ကို စိုးရိမ်သောကြောင့် ဖွားမြင်သောအစ္စရေးသားမှန်သမျှ သတ်ပစ်ရန် အမိန့်ထုတ်ပြန် ခဲ့သည်။ မောရှေမွေးဖွားသောအခါ ချစ်စရာအလွန်ကောင်းသောကြောင့် မိခင်နှင့် သားဖွားသူနာပြုက မသတ်ရက်ဘဲ၊ သုံးလတိုင်တိုင်ဖွက်ထားခဲ့သည်။ နောက်ပိုင်းတွင် ဆက်လက်ဖွက်ထားရန် မဖြစ်နိုင်သောကြောင့် မိခင်သည် ကျူပင်ဖြင့်ပြုလုပ်သော လှေငယ်တစ်စင်းတွင် မောရှေအား သိပ်ထားပြီး မြစ်ရေတွင်မျှောကာ မောရှေ၏ အစ်မအား စောင့်ကြည့်စေခဲ့သည်။ များမကြာမီ ဖာရောဘုရင်၏သမီးမြစ်ကမ်းသို့ ရောက်လာပြီး လှေထဲက ကလေးတွေ့ သောအခါမိမိသားအဖြစ်မွေးစားရန် နန်းတော် သို့ ခေါ်ဆောင်သွားခဲ့သည်။ မောရှေအရွယ်ရောက်သောအခါ အစ္စရေးအမျိုးသား တစ်ဦးအား အနိုင်ကျင့်နေသော အီဂျစ်အမျိုးသားတစ်ယောက်ကို သတ်မိသော ကြောင့် အီဂျစ်ပြည်မှ ထွက်ပြေးခဲ့ရသည်။ ရာမ မိမိထွက်ပြေးသောဒေသတွင် သိုးများထိန်းကျောင်းနေစဉ် ဘုရားသခင်၏ စေခိုင်းသော အမိန့်ကိုခံယူခဲ့သည်။ အီဂျစ်ပြည်တွင် ကျွန်ခံနေသော သူ၏လူမျိုးများ အား အာဗြဟံအားဖြင့် ကတိပြုခဲ့သော ခါနာန်ပြည်သို့ ခေါ်ဆောင်သွားရန် စေခိုင်း ခြင်းဖြစ်သည်။ 


ထွက်မြောက်လာရာ ကန္တာရခရီးတွင် နှစ်ပေါင်း ၄ဝ ကြာခဲ့သည်။ ထိုအချိန်ကာလအတွင်း ထာဝရဘုရားအား ဝတ်ပြုကိုးကွယ်ရန် တဲတော်ကို တည် ဆောက်နိုင်ခဲ့သည်။ သိနတောင်ခြေတွင် မောရှေမှတစ်ဆင့် ဘုရားသခင်၏ဝိညာဉ် တော်များ ရယူခဲ့ကြသည်။ ယာယီတဲများတည်ဆောက်ကာ ကန္တာရခရီးပြုခဲ့ကြသည်။ ပဌဖူး လူမျိုးတော်တို့သည် အီဂျစ်ပြည်တွင် နှစ်ပေါင်းလေးရာမျှ နေထိုင်ခဲ့ကြ သဖြင့် အီဂျစ်လူမျိုးတို့၏ ယဉ်ကျေးမှုနှင့် ပုံစံတူထုလုပ်ကိုးကွယ်သော ဘာသာရေး များ ကျင့်သုံးခဲ့ကြသည်။ ထို့ကြောင့် နှစ်ပေါင်းလေးဆယ်ကြာမြင့်သော ကန္တာရခရီး တွင် ဘုရားသခင်က လူမျိုးတော်တို့သည် ဘုရားသခင်အား မည်ကဲ့သို့ ဝတ်ပြုရမည့် အကြောင်း၊ မည်ကဲ့သို့ အသက်ရှင်ရမည့်အကြောင်း သွန်သင်ခဲ့သည်။ ဤကဲ့သို့ သွန်သင်ခြင်းအားဖြင့် ခါနန်ပြည်သိမ်းယူပြီးသောအခါ လူမျိုးတစ်မျိုး၊ နိုင်ငံတစ်နိုင်ငံ အဖြစ် ထိရောက်သော ကိုယ်ပိုင်အုပ်ချုပ်မှုရရှိနိုင်ရန် ကြိုတင်ပြင်ဆင်ခြင်းဖြစ်သည်။ ၉ခန္ဓက ဘုရားသခင်သည် အာဗြဟံအား အမြင်အာရုံနှင့် အိပ်မက်များဖြင့် ထင်ရှား ဆက်သွယ်ခဲ့သည်။ လူများသည် ကျောက်တုံးပလ္လင်များတည်၍ တိရစ္ဆာန်များဖြင့် ယဇ်ပူဇော်ကာ ဘုရားသခင်အား ကိုးကွယ်ခဲ့ကြသည်။ သို့သော် ပုံမှန်ဝတ်ပြုခြင်းဟူ၍ မရှိခဲ့ပါ။ ထို့ကြောင့် အစ္စရေးများ၏ ကန္တာရခရီးတစ်လျှောက်တွင် ဘုရားသခင်အား ပုံမှန်ဝတ်ပြုကိုးကွယ်နိုင်မည့် တဲတော်နှင့်ပတ်သက်သော နည်းဥပဒေသများ မောရှေ အား သွန်သင်ခဲ့သည်။ ထိုအချိန်မှစ၍ ဘုရားသခင်အား ပုံမှန်ဝတ်ပြုကိုးကွယ်နိုင်ရန် သီးသန့်နေရာသတ်မှတ်ပြီး ယဇ်ပူဇော်ခြင်းများစီရင်မည့် ယဇ်ပရောဟိတ်များ သီးသန့် ခွဲခန့်ထားသည်။ ၎င်းခွဲခန့်ထားသောလူများမှာ ယာကုပ်၏သား လေဝိ၏သားစဉ်မြေးဆက်များဖြစ်ကြသည်။ 




မောရှေ၏ပညတ်တရားဆိုသည်မှာ အစ္စရေးလူမျိုးများ မည်ကဲ့သို့အသက် ရှင်ပြီး၊ နိုင်ငံတော်ကို မည်ကဲ့သို့ အုပ်ချုပ်ရမည့်အကြောင်း၊ ဘုရားသခင်က မောရှေ အား အသေးစိတ်ရှင်းပြထားသော ဥပဒေသများဖြစ်သည်။ ၎င်းတွင် ‘သန့်ရှင်းခြင်း” နှင့် ‘ညစ်ညမ်းခြင်း’ များပါရှိသည်။ ပြင်ပခန္ဓာကိုယ် ‘သန့်ရှင်းခြင်း’နှင့် ‘ညစ်ညမ်း ခြင်း'ကို မဆိုလိုပေ။ ဘုရားသခင်အလိုတော်နှင့်ကိုက်ညီသော အသက်တာကို ဆိုလိုသည်။ သန့်ရှင်းသောသူသည် မိမိပူဇော်မည့် ယဇ်ကောင်ကို လေဝိပုရောဟိတ် များရှိရာ ဝတ်ပြုခန်းမဆောင်သို့ ယဇ်ကောင်များ ယူလာခွင့်မရှိပေ။ တစ်ခါတစ်ရံ အခြားသောသူများနှင့် ရောနှောနေထိုင်ခြင်းမပြုရန် တားမြစ်ခြင်းခံရသည်။ မောရှေ၏ပညတ်တရားသည် လူသားတို့အတွက် လက်တွေ့ကျသော ကိုယ်ကျင့်တရားများ စုံလင်စွာပါရှိသည်။ နေ့စဉ်ဘဝအသက်တာ၌ ကျင့်သုံးလိုက်နာ ရန် ခွင့်ပြုသောအရာ၊ တားမြစ်သောအရာဟူ၍ အများအပြားရှိသည်။ ပညတ်တရား တစ်ခုခု ချိုးဖောက်မိ၍၊ ညစ်ညမ်းသူဖြစ်ပါက မည်ကဲ့သို့ ပြန်လည်သန့်ရှင်းလာ မည်ဟူသော ဥပဒေများပါရှိသည်။ ထိုသို့ ပြုမှသာ ပတ်ဝန်းကျင် လူ့အသိုင်းအဝန်းနှင့် ပြန်လည်ဆက်ဆံနိုင်ခွင့်ရှိသည်။ ထို့အပြင် အုပ်ချုပ်ရေးအာဏာရှိသူများက ပြည်သူ လူထုအား တရားမျှတစွာနှင့် အေးချမ်းသာယာစွာ အသက်ရှင်နေထိုင်နိုင်ရေးအတွက် မည်ကဲ့သို့ စီမံအုပ်ချုပ်ရမည်ဟူသော ဥပဒေသများပါရှိသည်။ 


နှစ်ပေါင်းလေးဆယ်ကြာမြင့်သော ကန္တာရခရီးတွင် တဲတော်တည်ဆောက် ပြီးစီးပြီး၊ ပညတ်တော်များ ချမှတ်အတည်ပြုခဲ့ကြသည်။ ခါနာန်ပြည်သို့ ဝင်စားရန် အဆင်သင့် ဖြစ်ခဲ့ကြသည်။ ထိုအချိန်တွင် မောရှေကွယ်လွန်၍ လူမျိုးတော်တို့ကို “ကတိတော်ပြည်’သို့ ဆက်လက်ဦးဆောင်ရန် ဘုရားသခင်က ယောရှုအား ခန့်အပ် တော်မူသည်။ ပြေး ယောရှု၏ဦးဆောင်မှုဖြင့် အစ္စရေးပြည်သို့ဝင်စားနိုင်ကြရန်၊ ဘုရားသခင်က ကူညီမစခဲ့သည်။ စစ်ပွဲများစွာရင်ဆိုင်တိုက်ခိုက်ပြီး၊ နယ်မြေများသိမ်းပိုက်ကာ အခြေချ လာခဲ့ကြသည်။ ယာကုတ် ခေါ် အစ္စရေး၏သားတစ်ဆယ့်နှစ်ဦးတို့၏ သားစဉ် မြေးဆက် မျိုးနွယ်တစ်ဆယ့်နှစ်စုတို့သည် နယ်မြေကို အသီးသီးခွဲဝေကြသည်။ ပုရောဟိတ်မျိုးဖြစ်သော လေဝိအနွယ်များအတွက် သီးသန့်နေရာမပေးထားသော် လည်း၊ ယောသပ်၏သားနှစ်ဦးတို့အား နွယ်စုနှစ်ခုအဖြစ် သတ်မှတ်ထားသောကြောင့် မျိုးနွယ်တစ်ဆယ့်နှစ်ခုပင် ဖြစ်လာသည်။ နင်းနှိပ်နားပန်တား ဩ၀ဇီ၀ ယောရှကွယ်လွန်သွားပြီး အချိန်မှစ၍ အစ္စရေးလူမျိုးများသည် တိရစ္ဆာန် များမွေးမြူ၍ တစ်နေရာမှတစ်နေရာသို့ ရွှေ့ပြောင်းနေထိုင်သောဘဝမှ၊ အတည် တကျနေထိုင်ပြီး လယ်ယာစိုက်ပျိုးသောဘဝသို့ ကူးပြောင်းသွားကြသည်။ တောများ ခုတ်ထွင်ပြီး လယ်ထွန်ကာ၊ သီးနှံများစိုက်ပျိုးလျက်၊ အိမ်ရာများတည်ဆောက်အသက် ရှင်ကြသည်။ ဗဟိုအစိုးရဟူ၍ မရှိသေးပေ။ မြို့တိုင်းတွင် ကျေးရွာလူကြီးများဖြင့် ဖွဲ့စည်း ထားသော ဒေသကောင်စီရှိကြသည်။ ထိုဒေသကောင်စီမှ မျိုးနွယ်စုကိုယ်စားပြုသော အမျိုးသားညီလာခံကိုယ်စားလှယ်များ ရွေးကောက်ကြသည်။ အရေးပေါ်ကိစ္စရှိပါက ဆွေးနွေးအဖြေရှာရန် တဲတော်တည်ရှိရာ ရှိလောင်မြို့ သို့ နွယ်စုခေါင်းဆောင်များ စုဝေးလေ့ရှိသည်။ ထို့အပြင် ပတ်ဝန်းကျင်ရှိ နတ်ဘုရားများ မကိုးကွယ်ကြရန် အစဉ် အမြဲ သတိပေးဆုံးမလျက်ရှိသော တရားသူကြီးများလည်း ရှိသေးသည်။ းပြီး၊ ဤ အစ္စရေးလူမျိုးများသည် ပတ်ဝန်းကျင်ရှိ တခြားလူမျိုးတို့၏ အုပ်ချုပ်မှ ယန္တရားများ လေ့လာမိသောအခါ မိမိတို့၏အုပ်ချုပ်မှုလမ်းစဉ်ကို ငြီးငွေ့ လာပြီး၊ သူတို့ကိုအုပ်စိုးမည့် ရှင်ဘုရားတစ်ပါး တောင်းဆိုလာကြသည်။ ထိုအချိန်သည် ရှမွေလက ပရောဖက်နှင့်တရားသူကြီးအရာကို ပူးတွဲထမ်းဆောင်သောအချိန်ဖြစ် သည်။ ထို့ကြောင့် ရှောလုအား အစ္စရေးတို့၏ ပထမဦးဆုံး ရှင်ဘုရင်အဖြစ် ခန့်အပ်ခဲ့ သည်။ ရှောလုမင်းသည် စိတ်ပျက်စရာကောင်းသော ရှင်ဘုရင် ဖြစ်လာသည်။ ဘုရား သခင်၏ ပညတ်တော်များကို ကြိမ်ဖန်များစွာ ချိုးဖောက်ခဲ့သောကြောင့် ငြင်းပယ် ခြင်းခံခဲ့ရသည်။ သူ့ကို ယုဒနွယ်ဝင်သိုးထိန်းလူငယ်လေးဖြစ်သော ဒါဝိဒ်က ဆက်ခံခဲ့ သည်။ သူသည် တိုင်းပြည်ကို ကောင်းမွန်စွာ အုပ်ချုပ်နိုင်ခဲ့သည်။ ဒါဝိဒ်မင်းကြီး ကွယ်လွန်သောအခါ အိမ်ရှေ့မင်းသားဖြစ်သူ ရှောလမုန်က ဆက်ခံသည်။ ရှောလမုန်သည် သူ၏ထက်မြက်သော ဉာဏ်စွမ်းကြောင့် ကျော်ကြားခဲ့ သည်။ ဒါဝိဒ်နှင့်ရှောလမုန်တို့ အုပ်စိုးသောအချိန်ကာလတွင်၊ နိုင်ငံအင်အားတောင့် တင်းပြီး၊ ရှင်ဘုရင်၏အရှိန်အဝါ ထွန်းတောက်ခဲ့သည်။ 



နိုင်ငံတော်အေးချမ်းပြီး၊ ကြီးပွားကျော်ကြားသော ရွှေခေတ်ဖြစ်ခဲ့သည်။ ရှောလမုန်မင်းကြီးအုပ်စိုးချိန်တွင် ကန္တာရခရီးတစ်လျှောက် သယ်ဆောင် လာသော တဲတော်အစား အတည်တကျဖြစ်သော ဝတ်ပြုရာနေရာ ချမှတ်တည် ဆောက်နိုင်ခဲ့သည်။ ၎င်းနေရာကို ဗိမာန်တော်ဟုခေါ်၍၊ နန်းမြို့ တော်ဖြစ်သော ယေရုရှလင်မြို့တွင် လှပထည်ဝါစွာ တည်ဆောက်ထားသည်။ ( ဘီစီ ၉၂၂ ခုနှစ်တွင်၊ ရှောလမုန်မင်းကြီး ကွယ်လွန်ခဲ့သည်။ နောက်ပိုင်းတွင် အစ္စရေးနွယ်စုများ အချင်းချင်းသဘောကွဲလျက် တိုက်ခိုက်ကြကာ၊ နိုင်ငံတော်ကြီး နှစ်ခြင်းကွဲသွားခဲ့သည်။ မြောက်ပိုင်းဒေသရှိ မျိုးနွယ်စုဆယ်စုတို့က အစ္စရေးနိုင်ငံ အဖြစ် ဆက်လက်ဖွဲ့စည်းရပ်တည်ပြီး၊ တောင်ပိုင်းဒေသရှိ ဗင်ယမင်နှင့် ယုဒအနွယ် ဝင်များသည် ယုဒနိုင်ငံအဖြစ် ဆက်လက်ရပ်တည်ခဲ့သည်။ ယုဒနိုင်ငံကို ဒါဝိဒ်၏ သားစဉ်မြေးဆက်များက ဆက်လက်အုပ်ချုပ်၍ မိမိလူမျိုးအပေါ် သစ္စာရှိခဲ့ကြသည်။ မြောက်ပိုင်းအစ္စရေးနိုင်ငံသည် ပြဿနာမျိုးစုံနှင့် အစပြုခဲ့သည်။ လူဦးရေ များပြီး သဘောကွဲလွဲမှုနှင့် အမြဲရင်ဆိုင်သည်။ ယေဘူယျအားဖြင့် ဘုရင်ကိုလုပ်ကြံပြီး နန်းလုသည့်ဘုရင်က အုပ်ချုပ်သည်။ ထိုကဲ့သို့ နိုင်ငံမတည်ငြိမ်ရခြင်း၏ အကြောင်း ရင်းတစ်ခုသည် တိကျသောအမျိုးသားဘာသာ မရှိသောကြောင့် ဖြစ်သည်။ အစ္စရေးနိုင်ငံ၏မြို့တော် ယေရုရှလင်မြို့ တွင် ဗိမာန်တော်တည်ရှိသည်။ အစ္စရေးနိုင်ငံ သည် တိုင်းတစ်ပါးများ၏ နတ်ဘုရားများ ကိုးကွယ်သောကြောင့် ပျက်စီးယိုယွင်းမှ သည် ပြည်တွင်းမှာပင် အမြစ်တွယ်ခဲ့သည်။ ဘီစီ ၇၂၂ ခုနှစ်တွင် အာရှရိစစ်သားများ သည် အစ္စရေးကို သိမ်းပိုက်၍ ပြည်သူအမြောက်အမြား တိုင်းခြားသို့ ခေါ်ဆောင်သွား ခဲ့သည်။ ကျယ်ပြန့်သော အာရှရိ အင်ပါယာအတွင်း အစ္စရေးများ ပြန့်ကြဲ၍ သမိုင်း စာမျက်နှာမှ ပျောက်ကွယ်သွားကြလေသည်။ များသည် အစ္စရေး၏ရှင်ဘုရင်များထက် ပို၍အရည်အချင်းရှိ ယုဒရှင်ဘုရင် ကြသည်။ သို့သော် ပြည်သူများက တိုင်းတစ်ပါးတို့ ကိုးကွယ်သောပုံစံတူထုလုပ်သော အရုပ်များကို ကိုးကွယ်စပြုကြသည်။ ထို့ကြောင့် ဘီစီ(၅၈၇)ခုနှစ်တွင် ဗာဗုလုန် လူမျိုးများက ယေရုရှလင်မြို့ အား တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ဗိမာန်တော်ကြီး ဖျက်ဆီး၍ ပြည်သူအမြောက်အမြားအား ကျေးကျွန်အဖြစ် ခေါ်ဆောင်သွားကြသည်။ ဗာဗုလုန်တို့၏ဝါဒသည် ယုဒလူမျိုးတို့အား ခေါပမြစ်ရိုးတစ်လျှောက် မြို့ရွာများတွင် နေရာချပေးရန် ဖြစ်သည်။ တမူထူးခြားသောလူမျိုးနှင့် ယဉ်ကျေးမှုရှိသူများအဖြစ် သတ်မှတ်ကာ အုပ်စုလိုက်နေရာချပေး၍ လယ်ယာများ ထွန်ယက်ခွင့်ပေးထားသည်။ ထိုကဲ့သို့ တိုင်းတစ်ပါးတို့၏ ကျေးကျွန်ဖြစ်ခဲ့ရသော အချိန်မှစ၍ ယုဒလူမျိုးများအား ဂျူးလူမျိုးများဟု လူသိများလာခဲ့သည်။ တစ်ဖန် ပါရှန်တို့က ဗာဗုလုန် အင်ပါယာအား တိုက်ခိုက်သိမ်းပိုက်ရာ ဂျူးလူမျိုးများအား နှစ်ပေါင်း ၇ဝ ကျော် ကျွန်အဖြစ် ဆက်လက် ထားခဲ့သည်။ 


ထိုနောက် ယုဒပြည်သို့ ပြန်ခွင့်ပြုသည်။ ကျွန်ခံသောအချိန်ကာလအတွင်း ဂျူးလူမျိုးဘာသာရေးအဖွဲ့အစည်းသစ် တစ်ခု ပေါ်ပေါက်လာခဲ့သည်။ ထိုသူတို့သည် တိုင်းခြားသို့ ကျွန်ခံရခြင်းမှာ ပုံစံတူ ထုလုပ်ကိုးကွယ်ခြင်းကြောင့် ဘုရားသခင်၏ ဒဏ်ခတ်ခြင်းဖြစ်သည်ဟု ခံယူကြသည်။ ထို့ကြောင့် ကျွန်ခံသောလူမျိုးများသည် ဘိုးဘေးတို့၏ ရှေးထုံးအစဉ်အလာများနှင့် ပညတ်တို့ကို ရဲရင့်တက်ကြွသောစိတ်နှင့် ပြန်လည်ဆန်းသစ်စေခဲ့သည်။ ယေဇကျေလ ကဲ့သို့သော ပရောဖက်များသည် ပြည်သူများ၏လေးစား ကြည်ညိုခြင်းခံရ၍၊ အတိုင် ပင်ခံ ပုဂ္ဂိုလ်ဖြစ်လာသည်။ “ယုံကြည်ခြင်းဖြင့် လူများစုဝေးရာ နေရာတိုင်းတွင် ထာဝရ ဘုရားသခင် အမြဲပါရှိသောကြောင့် ဗာဗုလုန်၌ ကျွန်ခံလျက်ရှိသော ဂျူးလူမျိုးများ သည် ဗိမာန်တော်သီးသန့် မလိုအပ်ပါ'ဟု ယေဇကျေလက သွန်သင်ခဲ့သည်။ အုပ်စုငယ်များဖွဲ့၍ စုဝေးကြရာမှ ရှင်းနဂေါ ခေါ် တရားဇရပ်များ ပေါ်ပေါက်လာသည်။ တရားဇရပ်တွင် ဆုတောင်းကြသည်။ ပညတ်ကျမ်းများ လေ့လာကြသည်။ ကျွန်ခံနေ စဉ် စုဆောင်းမိသော ဓမ္မဟောင်းကျမ်း၏ ပထမစာအုပ်များ လေ့လာကြသည်။ မိမိ တိုင်းပြည်သို့ ပြန်ရောက်သောအချိန်တွင်လည်း ဤတရားဇရပ် အစဉ်အလာကို ဆက်လက်ထိန်းသိမ်းကြပေသည်။ ၂၀၁၇ ဗာဗုလုန်များက ဆင်းရဲသောဂျူးလူမျိုးများအား ကျွန်အဖြစ် မခေါ်ဆောင်ခဲ့ ကြပေ။ သို့သော် လယ်ယာမြေအခွန်များ စည်းကြပ်ကောက်ယူခဲ့ကြသည်။ ထို့အပြင် ရှမာရိလူမျိုးများက ဂျူးတို့၏ လယ်ယာမြေများ ခိုးယူသိမ်းပိုက်ကြသည်။ ရှမာရိ လူမျိုးများဆိုသည်မှာ အာရုရိများခေါ်ဆောင်လာသော တစ်ပါးအမျိုးသားများနှင့် အိမ်ထောင်ပြုကြသည့် အစ္စရေးတို့၏သားစဉ်မြေးဆက်များကို ဆိုလိုသည်။ တစ်ချိန် တည်းမှာပင် ဂျူးလူမျိုးများနှင့် ဂျူးလူမျိုးမဟုတ်သောသူများ အိမ်ထောင်ပြုကြရာမှ မွေးဖွားလာသော သားသမီးများက ဘုရားသခင်နှင့် ဘုရားသခင်၏ပညတ်တရားများ နားမလည်ခဲ့ကြချေ။ ယုဒမြေပေါ် နေထိုင်ကြသော်လည်း ဗိမာန်တော်ပြန်လည် တည်ဆောက်ရန် အားမထုတ်ခဲ့ကြချေ။ ကျွန်ဘဝမှ ယုဒပြည်သူ ပထမသုတ်အဖြစ် ပြန်လာကြသောအုပ်စုတို့သည် ဗိမာန်တော်ပြန်လည်တည်ဆောက်ရန် အစပြုခဲ့ကြသည်။ သို့သော် ကြီးမားသော ပြဿနာနှင့် ရင်ဆိုင်ခဲ့ကြသည်။ နှစ်ပေါင်းများစွာ စွန့်ပစ်ထားသော လယ်မြေများတွင် ပြန်လည်စိုက်ပျိုးရသောကြောင့် မြေသြဇာအလွန်ညံ့ဖျင်းကာ ပထမဆုံးသော သီးနှံ များ မအောင်မြင်ခဲ့ချေ။ ပတ်ဝန်းကျင်ရှိလူမျိုးကလည်း ရန်လိုမုန်းတီးခဲ့ကြသည်။ ယုဒ ပြည်အား မိမိနယ်မြေဒေသဟု ခံယူကြသော ရှမာရိအမျိုးသားများနှင့် ကျွန်မှပြန်လာ သော ဂျူးလူမျိုးများ အချင်းချင်း ရန်လိုမုန်းတီးခဲ့ကြသည်။ ဂျူးလူမျိုးများက ဗိမာန်တော်ပြန်လည်တည်ဆောက် ဆက်ကပ်နိုင်ခဲ့သည်။ နှစ်ပေါင်း(၇၀) ကျော်လွန်ပြီးမှ ယေရုရှလင်မြို့ ရိုး ပြန်လည်တည်ဆောက်နိုင်ခဲ့သည်။ ထိုအချိန်တွင် ဧဇရသည် ယုဒပြည်သို့ ပြန်လည်ရောက်ရှိလာသည်။ သူသည် ဗာဗုလုန် ရှိ ဂျူးအသိုက်အဝန်းတွင် ထင်ရှားသောပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ ယုဒပြည်ရှိ ဂျူးလူမျိုး များထံသို့ မောရှေ၏ပညတ်တရား ပြန်လည်သက်ဝင်စေရန် ပြန်လာခြင်းဖြစ်သည်။


သူသည် တိုရာ(Torah) ခေါ် ကျွန်ခံနေစဉ်အတွင်း စုစည်းမိသော မောရှေ၏ကျမ်း စာအုပ်ငါးလိပ် ယူဆောင်လာသည်။ ဤပညတ်ကျမ်းများအားဖြင့် ယုဒလူ့ အသိုင်း အဝိုင်းကို ပြန်လည်ဖွဲ့စည်းရန် ရည်ရွယ်ခဲ့သည်။ မောရှေ၏ပညတ္တိကျမ်းအတိုင်း စေ့စေ့လိုက်နာရန် သွန်သင်ခဲ့သည်။ လူမျိုးခြားနှင့်အိမ်ထောင်ပြုသော ဂျူးယောက်ျား မှန်သမျှသည် ကိုယ့်ဇနီးအသီးသီးအား ကွာရှင်းရန်အမိန့်ပေးခဲ့သည်။ ဂျူးလူမျိုးများ က နာခံကြသည်။ ထိုသို့ နာခံကြသူများကို ဂျူးလူမျိုးအဖြစ် အသိအမှတ်ပြုသည်။ ဂျူးလူမျိုးတို့၏ ယုံကြည်ခြင်းကိုလက်ခံ၍ ပညတ်တော်အတိုင်းလိုက်နာသော တိုင်း တစ်ပါးသားများကိုလည်း ဂျူးလူမျိုးအဖြစ် လက်ခံကြသည်။ သို့သော် တူညီသော အခွင့်အရေး မရရှိခဲ့ ကြချေ။ ရှမာရိလူမျိုးများနှင့် ဂျူးလူမျိုးများ၏ဆက်ဆံရေးသည် ပို၍ဆိုးဝါးလာ သည်။ ရှမာရိနယ်ရှိ ဂျူးအမျိုးသားများသည် တိုရာသာလျှင် သန့်ရှင်းသည်ဟု လက်ခံ သည်။ ယုဒနယ်ရှိ ဂျူးအမျိုးသားများမှာမူ ပရောဖက်များ ပြုစုထားသော အနာဂတ္တိ ကျမ်းများနှင့် ရှေးဘိုးဘေးတို့မှတစ်ဆင့်ရသော အစဉ်အလာများပါ ကြည်ညိုလေးစားကြ သည်။ ယုဒပြည်ရှိ ဂျူးအမျိုးသားများက ရှမာရိအမျိုးသားများအား ဗိမာန်တော်ထဲ လက်မခံခဲ့ကြချေ။ နောက်ဆုံးတွင် ရှမာရိအမျိုးသားများသည် ဂေရဇိန်တောင်ပေါ်၌ သီးသန့်ဗိမာန်တည်ဆောက်ကြလေသည်။ (မဟာအလက်ဇန္ဒားက ပါးရှားအင်ပါယာကြီး သိမ်းပိုက်လိုက်သောအခါ၊ ရှုရိ၊ အီဂျစ်နှင့် ယုဒပြည်များပါ သူ့သြဇာခံဖြစ်လာကြသည်။ သူ၏ဝါဒသည် သိမ်းပိုက်သော နယ်မြေအားလုံးအား ဂရိနိုင်ငံအဖြစ် ပြောင်းလဲရန်ဖြစ်သည်။ သိမ်းပိုက်သောနယ်မြေ အနှံ့ ဂရိလူမျိုးများ နေထိုင်ကြရန်၊ ဂရိစစ်သားများက တိုင်းခြားအမျိုးသမီးများနှင့် အိမ်ထောင်ပြုကြရန် အမိန့်ပေးခဲ့သည်။ ထိုကဲ့သို့ ဂရိယဉ်ကျေးမှုဖြင့် နယ်မြေအနှံ့ လွှမ်းမိုးရန်ကြိုးစားခဲ့သည်။၂ သူက အလက်ဇန္ဒား ကွယ်လွန်ပြီးနောက် သူ၏စစ်ဗိုလ်ချုပ်သုံးဦးက အင်ပါယာ ကြီးကို ခွဲဝေခဲ့ကြသည်။ စစ်ဗိုလ်ချုပ်တစ်ဦးက အီဂျစ်နှင့်ယုဒပြည်နှစ်ခု ပေါင်းစည်း အုပ်ချုပ်ခဲ့သည်။ နောင်တွင် ဂျူးလူမျိုးတို့သည် ရှရိတို့၏အကူအညီဖြင့် အီဂျစ်အုပ်စိုး မှုမှခွဲထွက်ရန် ကြိုးစားခဲ့ရာမှ ရှုရိများ၏လက်အောက်ခံ ဖြစ်ခဲ့လေသည်။


ရှုရိဘုရင် အဲန်တိုင်အိုကပ်သည် သူ၏နိုင်ငံအတွင်း ဂျူးအမျိုးသားများတို့၏ ယဉ်ကျေးမှုလွှမ်းမိုးလာမည်ကို စိုးရိမ်သောကြောင့် ဂရိယဉ်ကျေးမှုကျင့်သုံးကြရန် တင်းကျပ်စွာ အမိန့်ပေးခဲ့သည်။ သူအုပ်စိုးသောကာလအတွင်း လူတစ်ဦးက တိုရာ (Torah)ကျမ်းစာအပိုင် ရှိထားပါက ရာဇဝတ်ပြစ်မှု ကျူးလွန်သည်ဟု သတ်မှတ်သည်။ ဂျူးလူမျိုးများအား မောရှေပညတ်လိုက်နာရန်နှင့် ၎င်းပညတ်နှင့် ပတ်သက်သော အစဉ်အလာတစ်ခုခု ထိန်းသိမ်းရန် တားမြစ်ထားသည်။ ဗိမာန်တော်၌ ဝတ်ပြု ကိုးကွယ်ခြင်း ရပ်ဆိုင်းစေသည်။ ဗိမာန်တော်ကိုဝင်စီးပြီး ဂျူးလူမျိုးမြောက်မြားစွာ သတ်ဖြတ်ခဲ့သည်။ ဗိမာန် တော်ထဲတွင် တိုင်းခြားရုပ်တုနတ်စင်တစ်ခု တည်ဆောက် ကာ ဝက်တစ်ကောင်ဖြင့် ယဇ်ပူဇော်ခဲ့သည်။ ဤကဲ့သို့ အညစ်ညမ်းဆုံးတိရစ္ဆာန်အဖြစ် သတ်မှတ်သော ဝက်အားဖြင့် ယဇ်ပူဇော်ခြင်းသည် ဂျူးလူမျိုးတို့အတွက် အလွန် မိုက်ကမ်းလှသော သိက္ခာချမှုဖြစ်သည်။ ဤကဲ့သို့သော ကြမ်းကြုတ်သည့် ကာလအတွင်း ဘာသာတရားကိုင်းရှိုင်း ပြီး၊ ပညာအမြော်အမြင်ကြီးသောလူတချို့ စုစည်းမိလာပြီး၊ ဂျူးတို့၏ဘာသာရေး စနစ်ဖွဲ့စည်းပုံကို အတွင်းကျကျပြုပြင်ရန် အစပြုလာကြသည်။ သူတို့၏ရည်ရွယ်ချက် သည် ယုဒပြည်နှင့် တခြားတိုင်းနိုင်ငံများ၏ ပြောင်းလဲနေသော ပတ်ဝန်းကျင်အခြေ အနေကို ရှုမြင်သုံးသပ်လျက်၊ ၎င်းအခြေအနေနှင့် ဟပ်စပ်အောင် မောရှေ၏ ပညတ္တိ ကျမ်းများ အနက်ဖွင့်ရန်ဖြစ်သည်။ ယခင်အနက်ဖွင့်ကျမ်းသည် ယခု အခြေအနေနှင့် လိုက်လျောညီထွေမှုမရှိခဲ့လျှင် အသစ်ပြန်ရေးကြသည်။ ထိုလူစုများကို ဖာရိရှဲများဟု ခေါ်ကြသည်။ ဖာရိရှဲတို့သည် ရှရိလူမျိုးများ အုပ်စိုးသော ဆိုးဝါးသည့်ကာလအတွင်း သေသည့်တိုင်အောင် ရင်ဆိုင်ရပ်တည်ခဲ့ကြသည်။ အမျိုးသားစိတ်ဓာတ်နိုးကြားစေ သည်။ တိုင်းတစ်ပါး၏လွှမ်းမိုးမှုအောက်တွင် ဂျူးယဉ်ကျေးမှုထိန်းသိမ်းမြှင့်တင်ခဲ့ ကြသည်။ ထို့ကြောင့် ယုဒပြည်သားများက လွန်စွာကြည်ညိုလေးစားကြပေသည်။ ဖာရိရှဲတို့၏ ပြိုင်ဘက်အဖွဲ့အစည်းအဖြစ် ဇဗ္ဗူကဲများရှိသေးသည်။ သူတို့ သည် လေဝိအနွယ်ဝင် ပုရောဟိတ်မိသားစုမှ အရေးပါသောပုဂ္ဂိုလ်များ ဖြစ်ကြသည်။ ဗိမာန်တော်အတွင်းပြုအပ်သော ဝတ်ကြီးဝတ်ငယ်ဟူသမျှ ချုပ်ကိုင်သူများဖြစ်ကြသည်။ မောရှေ၏ပညတ်များသာလျှင် ဘဝလမ်းညွှန်ဖြစ်၍၊ မည်သူကမှ အနက်ဖွင့်ရန် အခွင့်မရှိဟု ယုံကြည်ကြသည်။ ဖာရိရှဲများ သွန်သင်သော ရှေးအစဉ်အလာများ လက် မခံကြချေ။ တခြားအမျိုးသားများ၏ ယဉ်ကျေးမှုနှင့် အတွေးအခေါ်များ လွယ်ကူစွာ လက်ခံနိုင်ကြသည်။ အပြည်ပြည်ဆိုင်ရာ နိုင်ငံရေး၊ ယဉ်ကျေးမှုများနှင့် အမြဲထိတွေ့ သူများဖြစ်ကြသည်။ ဂရိအတွေးအခေါ်များ လက်ခံကြရာမှ မိမိနိုင်ငံကို ရောမများက အုပ်စိုးသောအခါ ရောမခေါင်းဆောင်များနှင့် လက်တွဲခဲ့ကြသည်။ ဇဗ္ဗူကဲများသည် ဗိမာန်တော်ကိုချုပ်ကိုင်၍ နိုင်ငံရေးသြဇာရှိကြသည်။ ဖာရိရှဲများကမူ တရားဇရပ်များ သာ ချုပ်ကိုင်သော်လည်း လူထု၏ထောက်ခံအားပေးမှု ရယူခဲ့ကြသည်။


ရှုရအုပ်ချုပ်မှုကို တော်လှန်ရန် လေဝိအနွယ်ဝင် ပုရောဟိတ်တစ်ဦးနှင့် သူ၏ သားငါးဦးတို့က ဦးဆောင်ခဲ့သည်။ သူတို့သည် မက္ကဘီးများဟု အသိအမှတ်ပြုခြင်း ခံကြသူများဖြစ်၍၊ ဂျူးလူမျိုးတို့၏သမိုင်းတွင် အထူးဂုဏ်ပြုခြင်း ခံကြသည်။ သူတို့၏ပုန်ကန်မှုသည် တဖြည်းဖြည်း အရှိန်မြှင့်လာရာမှ စစ်ပွဲအထိဖြစ်လာ သည်။ ထိုစစ်ပွဲတွင် ဂျူးလူမျိုးများက အနိုင်ယူပြီး ယေရုရှလင်မြို့ ကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့သည်။ ဗိမာန်တော်ကို ပြန်လည်သန့်ရှင်းစေ၍ ပုရောဟိတ်များက ပုံမှန်ယဇ်ပူဇော်ခြင်းအမှုများ ပြုလုပ်နိုင်ခဲ့ကြသည်။ ယုဒပြည်သည် လွတ်လပ်ရေးရပြီး ဂေရဇိန်ရှိ ရှမာရိတို့၏ဗိမာန်တော်အား ဖျက်ဆီးခဲ့ကြသည်။ ပြည်တွင်းရှုပ်ထွေးမှုများ ရှိနေသေးသော်လည်း အစ္စရေးနိုင်ငံသည် လွတ်လပ် သောနိုင်ငံအဖြစ် ရပ်တည်နိုင်ခဲ့သည်။ အုပ်ချုပ်ရေးအာဏာ ဆက်လက်ထိန်းသိမ်း နိုင်ရန် မက္ကဘီးများက ကြိုးစားနေကြသည်။ ဘာသာရေးဆိုင်ရာ အတွေးအခေါ်နှင့် ကျင့်သုံးမှုတွင် ဖာရိရှဲနှင့်ဇန္ဒုကဲတို့သည် သူနိုင်ကိုယ်နိုင် ငြင်းခုံကြသည်။ သို့သော် ဘီစီ(၆၃)ခုနှစ်တွင် ရောမစစ်သားများ ယေရုရှလင်မြို့ သို့ ချီတက်လာပြီး အပြင်း အထန်တိုက်ခိုက်ရာမှ တစ်နိုင်ငံလုံး သိမ်းပိုက်အုပ်စိုးလေတော့သည်။ မက္ကဘီးများ အာဏာကုန်ဆုံး၍ ရောမများ အာဏာရလာကြသည်။ ရောမ လူမျိုးများက မိမိသိမ်းပိုက်သော ယုဒပြည်ကို အုပ်ချုပ်ရန် ဘုရင်ခံတစ်ဦးခန့်ထား သည်။ ထိုသူသည် ဇဗ္ဗူကဲအုပ်စုဝင် အကြီးဆုံးယဇ်ပုရောဟိတ်နှင့်အတူ လက်တွဲ အုပ်ချုပ်ရန် ဖြစ်သည်။ ဘီစီ ၄ဝ ခုနှစ်တွင်၊ ဟေရုဒ်အား “ယုဒရှင်ဘုရင်”ဟု အမည်ပေး ခြင်းခံရသည်။ သူသည် ဂျူးလူမျိုးမဟုတ်ပါ။ ဂျူးလူမျိုးများက အလွန်မုန်းတီးကြ သည်။ သို့သော် သူသည် ကျွန်ဘဝမှ ပြန်လာကြသော ဂျူးလူမျိုးများက အကောင် အထည် မဖော်နိုင်သော ယေရုရှလင်ဗိမာန်တော်အား အကောင်းဆုံးသော ကမ္ဘာ့ ဘာသာရေးအဆောက်အဦတစ်ခုအဖြစ် ပြန်လည်တည်ဆောက်ပေးနိုင်ခဲ့သည်။ တစ်ချိန်တစ်ခါတုန်းက ဂုဏ်ယူဝင့်ကြွားခဲ့သော ကျက်သရေဆောင်မြို့တော်ကြီးကဲ့သို့ ဂျူးလူမျိုးများ၏ အဓိကမြို့တော်ကြီးအဖြစ် ယေရုရှလင်မြို့ အား တည်ဆောက်နိုင်ခဲ့ သည်။ ဟေရုဒ်၏အသက်တာနောက်ဆုံးနှစ်တွင် ဗက်လင်မြို့ ၌ ခရစ်တော်ယေရှုမွေးဖွားခဲ့သည်။ ထိုမွေးဖွားခြင်းသည် ဓမ္မသစ်ကျမ်းစာ တစ်ခုလုံး၏အစဖြစ်၍ “သမ္မာ ကျမ်းစာခေတ်လူတို့၏ နေ့စဉ်အသက်တာ'က ထိုခေတ်ထိုကာလ အခြေအနေအား ရည်ညွှန်းခြင်း ဖြစ်ပါသည်။

22 views1 comment

1 Comment


Guest
Nov 15, 2023

Thanks

Like
bottom of page