top of page

အစေခံပါဝင်ဖို့ဖိတ်ခေါ်ခြင်း

Wow ..... ဆုတောင်းခြင်းကို သက်သေထူသော ဘုရားရှင်နာမတော် ဘုန်းကြီးပါစေ။


အမှန်ပင် ဝမ်းမြောက်ပါသည်။ နှစ်တွေလတွေနှင့်ချီပြီး ဆုတောင်းလာကြသည့်အတိုင်း ဘုရားသခင်ပြင်ဆင်ပေးသည်။ ဒါဝိသည် ဗိမာန်တော်တည်ဆောက်ရန် ပြင်ဆင်သောအခါ သူ၏အချိန်၊ ဘဏ္ဏာများစွာကို ရင်းနှီးခဲ့သည်။ သားတော်ရှောလမုန်ကသာ တည်ဆောက်ပြီးစီး၍ ကခုန်ချီးမွမ်းလျက် ဝမ်းမြောက်ခြင်းသက်သေ ပြခဲ့ကြသည်။ ဤဘုရားကျောင်း ယနေ့ စာချုပ်နိုင်ကြသည့်အတွက် အမှန်ပင် ဝမ်းမြောက်သည်။ တစ်နေကုန်ပြုံးပျော်နေသည်။ ဝမ်းမြောက်မိသည်။ ဘုရားရှင်သိပ်ကောင်းမြတ်၏။ ထိုနည်းတူ သင်းဝင်ယုံကြည်သူများလည်း ဝမ်းမြောက်ကြောင်း တုန့်ပြန်နေကြသည်ကို တွေ့ရပါသည်။ ဝမ်းမြောက်ခြင်းကို ဖုံးဖိဆီးတား၍ မရသည်မှာ အမှန်ပင်ဖြစ်သည်။ ဟာလေလုယား။


လုပ်အားပေးအစေခံရန်ဖိတ်ခေါ်လို


ချစ်သော ညီကိုမောင်နှမများ လာမည့် ဒီဇင်္ဘာ ၁၉ ရက်နေ့မှစတင်ဝတ်ပြု ကိုးကွယ်ကြရမည်ဖြစ်သောကြောင့် ဘုရားကျောင်းသစ်တွင် လုပ်ဆောင်စရာများစွာ ပြည့်နေပါသည်။ တစ်ဦးတစ်ယောက်တည်း၊ သုံးလေးယောက်အားနှင့် မလွယ်လှပါ။ ထို့ကြောင့် ဘုရားသခင်၏ ဗိမာန်တော် သစ်ထဲမှာ အတူပါဝင်ဆက်ကပ်ကြပါစို့။ သင့်ကို အသင်းတော်က သိပ်ကို အလိုရှိနေပါသည်။ ဘုရားသခင်အလိုရှိနေပါသည်။


မနက်ဖြန် သောကြာနေ့ မနက် ၁၀ နာရီမှှာကျနော် ဘုရားကျောင်းမှာရှိနေပါမည်။ အားသူများ လာရောက်စေချင်ပါသည်။ စနေနေ့တွင်လည်း တစ်နေကုန် လုပ်ရမည်ဖြစ်ပါသည်။ အထဲတွင် လုပ်စရာ ဖယ်ရှားစရာ၊ သယ်ယူစရာများစွာရှိနေပါသည်။ အမျိုးသမီးများ၊ လူငယ်များနှင့် လူကြီးများအားလုံး မိမိ အားသည့်အချိန်တွင် လာရောက် ဆက်ကပ်ပေးရန် အထူးနှိုးဆော်တိုက်တွန်းပါသည်။


လိပ်စာ

1713 Howard St,

St. Charles,IL 60188.

54 views0 comments
bottom of page