အခြေအနေပေါ်မှာရပ်မနေပဲ

ယူနီကုတ် zawgyi နှင့်ဖတ်ရန် 👆



အခြေနေပေါ်မှာမရပ်နဲ့ ....


ဘုရားသားသမီးဆိုတာ ပတ်ဝန်းကျင်အခြေအနေအရ ရေလိုက်၊ငါးလိုက်၊ အများသူငါ မိုးခါးရေသောက်တဲ့အသက်တာမျိုး၊ အခြေအနေပေါ်တွင်ရပ်တည်၍အသက်ရှင်ခြင်းမျိုးမဟုတ်ပါ။ဘယ်အခြေအနေ၊ဘယ်နေရာ၊ဘယ်မှာဘဲနေနေ ဘုရားသခင်၏နှုတ်ကပတ်တော်အပေါ်ရပ်တည်းပြီး အသက်ရှင်ရန်ဖြစ်သည်။ ထာဝရဘုရားသည် မျက်နှာလိုက်သောဘုရားမဟုတ်ပါ။နှလုံးရည်ကိုလိုက်သော ဘုရားဖြစ်ပါသည်။


ယောသပ်သည် ကျွန်ဘဝရောက်ရောက်၍ သွေးဆောင်ဖြားယောင်းခြင်းကို နေ့တိုင်းခံနေရသော်လည်း ဘုရားသခင်၏နှုတ်ကပတ်တော်အပေါ်မှာ ရပ်တည်ခြင်းဖြစ်ပါသည်။ကျွန်န်ဘဝကနေ ဝန်ကြီးအရာထိ ချီးမြှောက်ခြင်းခံရပါသည်။


ဒံယေလနှင့်အဖွဲ့သည်လည်း ဖြစ်ပေါ်လာသောအခြေအနေကို နှုတ်ကပတ်တော်ဖြင့်တွန်းလှန်ခြင်းဖြင့် ဘုရား၏ချီးမြှောက်ခြင်းခံစားကြရပါသည်။မိတ်ဆွေ .... ကျွန်ပ်တို့၏နေ့စဉ်အသက်တာလျှောက်လှမ်းခြင်းမှာ အခြေအနေပေါ် ရပ်တည်နေသောသူလား။နှုတ်ကပတ်တော်အပေါ်ရပ်တည်နေသောသူလား။မိမိကိုယ်မိမိ ပြန်လည်ဆင်ခြင်ကြစို့။


ပေတရုသည် ပတ်ဝန်းကျင်အခြေအနေကို အာရုံစိုက်လှည့်ကြည့်သောအခါ ရေထဲနစ်လုဖြစ်သွားပါတယ်။ယေရှုတည်းဟူသော နှုတ်ကပတ်တော်ကို အာရုံပြုပြီး လျှောက်လှမ်းပါက ချီးမြောက်ခြင်းနှင့် အောင်မြင်ခြင်းရမည်ဖြစ်သည်။







51 views

© 2019 by Immanuel Myanmar Church , Wheaton ( Chicago land ) 

  • YouTube
  • Facebook Social Icon