သားသမီးတို့အရေး
မိဘ ညီကိုမောင်နှမများတို့ - - -
ကျွန်ပ်တို့သားသမီးများအဖို့ ကြိုးစား၍ ဆုတောင်းကြစို့။ ကိုယ်တိုင် ဆရာသမားအဖြစ် ရှေ့ဆောင်လျက် ဘုရားနှုတ်ကပတ်တော်ကို ရိုက်သွင်းပေးပါ။ ငယ်ရွယ်သေးတယ်ဟု ဆင်ခြေမပေးစေလိုပါ။ ဘုရားနှင့် ဆိုင်သော အလေ့အလာကို လုပ်ဆောင်ပေးပါ။ ဘုရားနှင့်ပတ်သက်ပြီး မိဘများကိုယ်တိုင် စံပြအဖြစ် လှုပ်ရှားတက်ကြွပါ။

ကာလအချိန်သည် တစ်ဖြည်းဖြည်းခြင်း နီးလာသောကြောင့် လူ့စရိုက် ကျင့်ဝတ်များဟာ ကလေးသူငယ်များကြားမှာ လျင်မြန်စွာ ပြန့်နှံလာနေပြီဖြစ်ပါတယ်။ ကောင်းတဲ့အရာကို သင်ယူရတာ သူတို့အတွက် ခဲယာဉ်းနေပေမဲ့ ပျက်စီးရာလမ်းကို ရွေးချယ်ရာမှာ ပြိုင်ဖက်မရှိ လျင်မြန်နေကြတာကို သတိပြုမိပါသလား။ ပတ်ဝန်းကျင်က နေ့စဉ်ကြားနေရတဲ့ သတင်းစကားတွေက မယုံကြည်နိုင်လောက်အောင်ဖြစ်ခဲ့ပါတယ်။ ဘုရားနဲ့မအပ်နှံလို့ မဖြစ်တော့ပါ။
မိဘတွေ ဒီချိန်မှာ ပေါ့ပေါ့ဆဆ ဝိညာဉ်ရေးရာမှာ အသက်ရှင်မရင် နောင်တဆိုတာ နောက်ကျတတ်တယ်။ အများသော ကလေးတွေဟာ မိဘရှေ့မှာ လိမ္မာဟန်ရှိသောလည်း ဆိုးသောသူများစွာ ရှိတတ်ကြတယ်။ ကျွန်ပ်တို့ရဲ့ နှလုံးကြေကွဲဆူးစူးခြင်းအဖြစ်မျိုး ဖြစ်မလာစေဖို့ ကြိုးစားပါ။
ကလေးတွေနဲ့ မိဘများ ပုံမှန်အတူဆုတောင်းပါ။
တနင်္ဂနွေနေ့ရဲ့ အရေးကြီးပုံကို တန်ဖိုးထားတတ်စေဖို့ တနင်္ဂနွေမနက်တိုင်း သားသမီးတွေနဲ့ အချိန်ယူပါ။
ဖခင်တွေ၊ မိခင်တွေ ကျမ်းစာဖတ်ပါ။ ကလေးတွေမြင်ပါစေ၊ သိပါစေ။ ဖုန်း၊ကွန်ပျူတာ၊ Tablet ထဲကကျမ်းစာကို ဖတ်တာထက် ကျမ်းစာအုပ်ထဲကဖတ်ပါ။ ဖေ့ပုတ်ပဲ သုံးနေတယ် အမြင်မရောက်စေဖို့။
ဘုရားကျောင်းသွားတဲ့အခါ ကျမ်းစာအုပ်ယူသွားပါ။ ကလေးတစ်ယောက်က မေးဖူးတယ်၊ ကျမ်းစာအုပ်က pastor တွေကပဲ ကိုင်ရတာလား။ သမီးအဖေက ကျမ်းစာကို ဘုရားကျောင်း ယူမလာဖူးဘူးလို့မေးဖူးတယ်။
ဘုရားကျောင်း ပုံမှန်ခေါ်ပါ။ ဘုရားကျောင်း ပုံမှန်ရောက်တဲ့ကလေးဟာ ပိုမိုညာဏ်ရည်ထက်မြင့်ပြီး အကျင့်စာရိတ္တကောင်းကြောင်း သုတေတီများက ပြောတယ်။
ဘုရားကောင်းကြီးပေးသော ဖခင်ဆိုတာ ဘုရားသခင်ကို ဦးထိပ်ပြီး မိသားစုကို ဝိညာဉ်ရေးရာ၊ ကာယရေးရာမှာ ဦးဆောင်သောသူဖြစ်တယ်။
သမ္မာသီလနဲ့ပြည့်စုံသော ဇနီးသည်ကောင်းဆိုတာ သားသမီးများကို ကာယအစားအစာ ၀လင်စွာကျွေး မွေးပြုစုပေးသကဲ့သို့ ပျင်းရိခြင်းအစာကို မစားပဲ ဝိညာဉ်အလင်းပေး လမ်းပြပေးနိုင်သောသူဖြစ်တယ်။
ခက်ခဲဆိုးယုတ်သောကာလထဲမှာ မိမိကိုလည်းကောင်း၊ သားသမီးများကိုသော်လည်းကောင်း ပျက်စီးခြင်းထဲက ကယ်တင်နိုင်ဖို့ ဘုရားသခင်ကို ကိုးစားဆည်းကပ်လျက် အသက်ရှင်သွားကြပါစို့။ ဆိုးသောကာလထဲ ကျွန်ပ်တို့ ရောက်နေကြပါပြီ။