သားသမီးတို့၏ဝိညာဉ်ရေးရာအဖို့ရင်းနှီးမြှုပ်နှံပါ
ယနေ့ကာလမှာ အင်တာနက်စာမျက်နှာပေါ်ရောက်ကြသည်နှင့် စာတန်ထောင်ချောက်ထဲခုန်ဆင်းရန်သိပ်လွယ်သည်ကိုသတိပြုပါ။ 👉 အဆုံးထိဖတ်ပါ။

သားသမီးတို့၏ဝိညာဉ်ရေးရာအတွက် မပေါ့ဆစေလိုပါ။
ကိုယ်တော်ကိုမပြစ်မှားဘဲနေနိုင်မည်အကြောင်း၊ ဗျာဒိတ်တော်ကိုနှလုံးထဲမှာသိုထားပါပြီ။ ဆာလံ ၁၁၉: ၁၁
ရင်းနှီးမြှုပ်နှံခြင်းဆိုတာ အနာဂတ်အတွက်ပဲဖြစ်ပါတယ်။ ဒီနှစ်ပျိုးမကြဲလျှင်နောင်နှစ်စားစရာမရှိသည့်အပြင် နောင်နှစ်များအတွက် မျိုးသေံပါပြတ်သွားပေမည်မဟုတ်လား။ ယနေ့ ကျွန်ပ်တို့၏ရင်သွေးသားသမီးများအတွက် မပူပင်သောသူ၊မပြင်ဆင်သောမိဘရယ်ဟူ၍ ရှိမည်မထင်ပါ။ မိဘတိုင်းစိတ်ပူလျက် သားသမီးတို့အနာဂတ်အရေးပြင်ဆင်နေကြသည်။ နေ့ဓူတ၀ သားသမီးတို့၏ စားရေးဝတ်ရေး၊ကျန်းမာရေး၊ ပညာရေးအတွက် ပြင်ဆင်နေကြသည်။ရင်းနှီးမြှုပ်နှံနေကြသည်။ ကျောင်းလိုက်ပို့ရသည်။ စာကျက်ကူနေရသည်။ လိုတာမှန်သမျှဖြည့်ဆည်းပေးနေကြသည်။ အဝတ်အစားမှာပင်လျှင် အရောင်မျိုးစုံဝယ်ပေးဆင်ပေးနေရသည်။ ပြုစုပျိုးထောင်ပေးနေရသည်။ ဤသည်ကိုရင်းနှီးမြှုပ်နှံခြင်းဟုခေါ်ပါသည်။ ဤအရာသည် မိဘတိုင်းမမေ့မလျော့လုပ်နေကြသောအရာပင်ဖြစ်သည်။ ဤသို့ပြုစု စိုက်ပျိုးနေရသည့်ကြားကပင် လေလွင့်သွားသော၊ လွင့်မျောပျက်စီးသွားသော သားသမီးများစွာရှိနေပေသည်။ အနာဂတ်ပျောက်နေသော သားသမီးများစွာရှိကြသည်။
ယုံကြည်သူမိဘများအနေဖြင့် သတိမလွတ်အထူးသတိပြုရမည့်အရာအချက်ရှိသည်။ အတော်များများ မိဘများသည် အထက်ကဖော်ပြချက်အားလုံးတို့ထက်ပိုပြီးလုပ်ဆောင်ပြင်ဆင်နေကြသော်လည်း သာ၍အရေးကြီးသော ရင်းနှီးမှု့ကိုအလေးမထား လျစ်လျူရှုနေကြသည်ကိုတွေ့ရသည်။ ထိုအချက်မှာ ဘုရားသခင်ကိုမပြစ်မှားပဲ ဒုစရိုက်ကိုလွှဲရှောင်ပို့ဆောင်ပေးနိုင်သော တန်ခိုးရှိသော ဘုရားသခင်၏နှုတ်ကပတ်တော်ကို ကြိုးစားပြီးမသင်ပေးကြပါ။ မဖတ်ခိုင်းကြပါ။ မရင်းနှီးကြပေ။
သင့်သားသမီးတို့အနာဂတ်အတွက် စတင်ရင်းနှီးမြှုပ်နှံပါ။
သားသမီးတို့နှင့်ကျမ်းစာအတူဖတ်ပါ။ အတူဆုတောင်းပါ။ ( ၅ မိနစ်မှ ၁၀ မိနစ်ခန့်အချိန်ယူပါ)
ကျမ်းစာထဲကပုံပြင်တွေကိုပြောပြပါ
စာဖတ်တတ်ပြီးသော သားသမီးကို ကိုယ်ပိုင်ကျမ်းစာအုပ်ပိုင်ဆိုင်စေပါ
ဝိညာဉ်ရေးရာစာအုပ်တွေရှာဖွေပါ။ ပေးဖတ်ပါ။
ယနေ့ သင့်သားသမီးတို့အဖို့ ဝိညာဉ်ရေးရာရင်းနှီးမြှုပ်နှံထားခြင်းမရှိလျှင် သူတို့အနာဂတ်မှာ ကောင်းသောလမ်းအတွက် အာမခံချက်နည်းနေမည်ဧကန်အမှန်ပင်ဖြစ်ပါ၏။ ဆုတောင်းရုံနှင့်မရပါ။ သင်လုပ်ဆောင်စရာကို ကြိုးစားဆောင်ရွက်ရန်လိုအပ်ါသည်။ သင့်သားသမီးတို့ ဝိညာဉ်ရေးရာအတွက်မပေါ့ရော့ပါနဲ့။ စာတန်မာနတ်သည် သူတို့ကို ဝါးမျိုဖို့ အစဉ်ချောင်းမြောင်းနေကြောင်းသိမှတ်ပါ။ ယနေ့ကာလတွင်ပိုဆိုးလာပါသည်။ အင်တာနက် အွန်လိုင်းပေါ်တွင်ရောက်သည်နှင့် အယူဝါဒလွဲမှားသောအရာများသာ ပြန့်ကျဲနေလေပြီ။ ကလေးများ ဆယ်ကျော်သက်အရွယ်များသွားတတ်သော အင်တာနက်စာမျက်နှာအားလုံးနီးပါးသည် ဘုရားသခင်ကိုကျောခိုင်းဆန့်ကျင်သော အတွေးအခေါ်များ ရေးသားထည့်သွင်းသောအရာသာပြည့်နေသည်ကို အထူးသတိပြုလျက် သူတို့၏ဝိညာဉ်ရေးရာအတွက် စတင်ရင်းနှီးပြှုပ်နှံဖို့ တိုက်တွန်အသိပေးနှိုးဆော်လိုက်ရပါသည်။
✍🏻 မိဘတိုင်း ဘုရားသခင်ကောင်းကြီးပေးပါစေ
နာမတော်၌ .... Pastor Manar Chai