top of page
သူတစ်ပါးအားနည်းချက်ကို မထိုးနှက်ပါနဲ့
ယူနီကုတ်- Zawgyi ဖတ်ရန် - - -
သူတစ်ပါးအားနည်းချက်ကို လိုက်မပြောမိစေနဲ့
အချို့က သူတစ်ပါးအကြောင်း၊သူတစ်ပါးအားနည်းချက်လေးတစ်ချက်လောက်ပြောလာရင် လိုက်ပြီးထောက်ခံတဲ့ယုံကြည်သူတွေ၊လိုက်ပြောတတ်တဲ့သူတွေရှိတယ်။ ဒါက မမှန်ကန်တဲ့စိတ်ထား၊စိတ်နှလုံးဖြစ်ပါတယ်။သူများက သူတစ်ပါးအားနည်းချက်ဟာကွက်ပြောလာပြီဆိုရင် သတိပြုလိုက်ပါ။အဲဒီပြောနေတဲ့သူကိုယ်တိုင်ကလည်း အဲဒီအပိုင်းအားနည်းနေတယ်ဆိုတာပဲ။ သူတို့ပြောပါစေ။အဆိုးအကောင်းသူတို့နဲ့ရောပြီးမပြောမိပါနဲ့။ သင့်ရဲ့မင်္ဂလာကိုဖျက် လိမ့်မယ်။သင့်စိတ်ထားကိုလည်း ပြင်လိုက်ပါ။လူတိုင်းအားနည်းတတ်တယ်ဆိုတာ ဘယ်တော့မှမမေ့ပါနဲ့။ ကိုယ်တော်က မတူညီတဲ့အရာတွေကို ညှိယူပေါင်းသင်းမိတ်သဟာယပြုဖို့ ရည်ရွယ်ချက်ဖြစ်တယ်။သူများအားနည်းချက် ဟာကွက်ကိုပဲ ပုံကြီးချဲ့ပြောတတ်တဲ့သူတွေကိုလည်း မထင်ပါနဲ့၊ သူတို့ထက်ဆိုးတဲ့သူတွေဖြစ်တတ်တယ်။ .. သင့်အားနည်းချက်ကို သူတစ်ပါးထောက်ပြလာရင် ဘယ်တော့မှ စိတ်မဆိုးနဲ့။စိတ်လည်းမပျက်ပါနဲ့။ကျေးဇူးတင်ပါတယ်လို့ မပြောနိုင်သည့်တိုင် ပြင်လိုက်ပါ။သင်အောင်မြင်ဖို့အတွက်ဖြစ်လိမ့်မယ်။
62 views0 comments
bottom of page