top of page

သန့ှ်ရှင်းသောဝိညာဉ်တော်ဘယ်အချိန်စိတ်နာတတ်ပါသလဲ။

Updated: Sep 19, 2019

သခင်ယေရှူကိုမိမိကယ်တင်ရှင်အဖြစ် ယုံကြည်လက်ခံသည့်တစ်ချိန်တည်းတွင် ဘုရားသခင်သည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် သူ၏သားသမီးဖြစ်ကြောင်းအတည်ပြုတံဆိပ်ခတ်ထားပါသည်။


ဂတိတော်နှင့်ယှဉ်သော သန့်ရှင်းသောဝိညာဉ်တော်၏ တံဆိပ်ခပ်ခြင်းကို ခံရကြပြီ။ ဧဖက်၊ ၁း၁၁

ဧဖက်၊ ၄း၃၀

ရွေးနှုတ်ခြင်းနေ့ရက် တိုင်အောင် သင်တို့ကို တံဆိပ်ခတ်တော်မူသော ဘုရားသခင်၏ သန့်ရှင်းသော ဝိညာဉ်တော်ကို စိတ်မနာ စေကြနှင့်။


ခရစ်တော်ကို ယုံကြည်ခေါ်ဖိတ်သည့်အခါ ဝိညာဉ်တော်၏တံဆိပ်ခတ်ခြင်းကိုခံရကြသည်။ အကြောင်း မှာ ဘုရားသခင်၏ပိုင်ဆိုင်ကြောင်းအမှတ်လက္ခဏာဖြစ်သည်။ ခရစ်တော်မယုံကြည်ခင်တွင် စာတန်က ပိုင်ဆိုင်ထားသည်။ ထိုစာတန်လက်မှ ခရစ်တော်သည်မိမိအသွေးတော်အားဖြင့်ရွေးနှုတ်ကယ်တင်ခဲ့ခြင်းဖြစ်သည်။

ယခုဘုရားသခင် ပိုင်ဆိုင်ထားသော သူများဖြစ်လာရသည်။ ရွေးနှုတ်ခြင်းနေ့ရက်တိုင်အောင်တည်မြဲခိုင်ခံ့ပါသည်။ ခဏသာမျှအဖို့မဟုတ်ပါ။ထာဝရတည်မြဲသော ထာဝရအသက်ဖြစ်သည်။ ထိုတံဆိပ်ခတ်ခြင်းမှာ ရွေးနှုတ်ခြင်းနေ့ရက်အထိဖြစ်သည်။ ကျွန်ပ်တို့လောကကြီးထဲက ထွက်ခွါသောနေ့အချိန်ထိ (သို့) ခရစ်တော် ကြွလာသော ချီဆောင်ခြင်းနေ့ရက်အထိဖြစ်သည်။


ကျွန်ပ်တို့ယုံကြည်သူများ၏ စိတ်နှလုံးသားထဲတွင် သန့်ရှင်းသောဝိညာဉ်တော်သည် ကိန်းဝပ်လျက်နေသည်။ ကျွန်ပ်တို့ကိုလမ်းပြသည်။အလင်းပေးပါသည်။ ကောင်းမကောင်းကိုဝေခွဲသိစေပါသည်။ ၀မ်းမြောက်ခြင်းကို ပေးပါသည်။ မျှော်လင့်ခြင်း၊ ယုံကြည်ခြင်း၊ ချစ်ခြင်းတို့ကိုလည်း ဖြစ်စေပါသည်။ နေ့စဉ်အသက်တာတွင် သန့်ရှင်းစွာအသက်ရှင်နိုင်ရန်၊ ဘုရားနှင့်မိသဟာယပြုရန် ဦးဆောင်လမ်းပြပေးသည်။ကျွန်ပ်တို့ယုံကြည်သူများ၏ စိတ်နှလုံးသားထဲတွင် သန့်ရှင်းသောဝိညာဉ်တော်သည် ကိန်းဝပ်လျက်နေသည်။ ကျွန်ပ်တို့ကိုလမ်းပြသည်။အလင်းပေးပါသည်။ ကောင်းမကောင်းကိုဝေခွဲသိစေပါသည်။ ၀မ်းမြောက်ခြင်းကို ပေးပါသည်။ မျှော်လင့်ခြင်း၊ ယုံကြည်ခြင်း၊ ချစ်ခြင်းတို့ကိုလည်း ဖြစ်စေပါသည်။ နေ့စဉ်အသက်တာတွင် သန့်ရှင်းစွာအသက်ရှင်နိုင်ရန်၊ ဘုရားနှင့်မိသဟာယပြုရန် ဦးဆောင်လမ်းပြပေးသည်။ ထိုသန့်ရှင်းသောဝိညာဉ်တော်သည် မည်သည့်အချိန်တွင် စိတ်နာတတ်ပါသလဲ။ ဘယ်လိုတွေစိတ်နာပါသလဲ။


ဧဖက်၊ ၄း၃၁

ခပ်သိမ်းသောစိတ်တိုခြင်း၊ စိတ်ဆိုးခြင်း၊ အမျက်ထွက်ခြင်း၊ အော်ဟစ် ငေါက်ငေါ်ခြင်း၊ သူ့အသရေ ပျက်အောင် ပြောဆိုခြင်းတို့ကို၎င်း၊ ခပ်သိမ်း သောမနာလိုခြင်းကို၎င်း၊ သင်တို့မှပယ် ရှားကြလော့။


မကောင်းသော ဒုစရိုက်များလုပ်ဆောင်သည့်အခါ စိတ်ဆိုးဒေါသထွက်၊ မကောင်းကြံစည်ခြင်းမျိုးဖြစ်သည့်အခါ သန့်ရှင်းသော ဝိညာဉ်တော်စိတ်နာတတ်ပါသည်။ သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်ချက်များကို ဆီးတားသည့်အခါတွင်လည်းစိတ်နာတတ်ပါသည် (တ၊ ၇း၅၁)။ ဝိညာဉ်တော်အရှိလည်းငြိမ်းပါသည်။

ထိုသို့ဒုစရိုက်များပြုသည့်အခါ ဝိညာဉ်တော်က အသိပေးနှိုးဆော်ပါသည်။ မကောင်းမှန်းခံစားသိစေပါသည်။ သိပါလျက် ဥပေက္ခာပြုပါက ဝိညာဉ်တော်စိတ်နာလာတတ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်စိတ်နာသည့်အခါ အသက်တာထဲတွင် ၀မ်းမြောက်ခြင်း၊ ပျော်ရွှင် ငြိမ်သက်ခြင်းမျိုး ဆုံးရှုံး ပျောက်ဆုံးရတတ်သည်။ ဘုရားနှင့်ကင်းကွာရသလိုမျိုးနှင့်ခြောက်ကပ်နေသော အသက်တာခံစားလာရလေ့ရှိပါသည်။ ကောင်းကြီးမင်္ဂလာပင် ဆုံးရှုံးပါသည်။


ထို့ကြောင့် ကျွန်ပ်တို့ယုံကြည်သူများသည် သန့်ရှင်းသောဝိညာဉ်တော်၏ တံဆိပ်ခတ်ခြင်းကိုခံရသော မင်းစည်းစိမ်ရှိသောအမျိုးဖြစ်ကြောင်း၊ သန့်ရှင်း၍ ပိုင်ထိုက်တော်မူသောအမျိုးဖြစ်ကြောင်းသိမှတ်လျက် ဘုရားဝတ်၌မွေ့လျော်အသက်ရှင်ကြပါစို့။


ဆက်လက်လေ့လာရန်

ရော၊ ၈း၅-၁၇၊ ဂလာ၊ ၅း၁၆-၂၅ ။ ၆း၇-၉။ ၁သက်၊ ၅း၁၉

350 views0 comments
bottom of page