သတိရဆုတောင်းပေးစေလို

အားပေးစကားလည်းပြောခဲ့ပါ

အသင်းတော်လူကြီး U Ling Hung ၏သမီးကြီး Worship team အဖွဲ့မှ Shen Ling မနေ့ညမှာ ကားမတော်တဆ ယာဉ်တိုက်မှု့ဖြစ်ပွားခဲ့ပါသည်။

မနေ့ည နှင်းများသည့်အချိန်တွင် အလုပ်ဆင်းပြီးအိမ်အပြန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဆီးနှင်းများဖုံးလွှမ်းနေ၍ လမ်းမရှင်းသေးသည့်အချိန်ဖြစ်သည်။ ဘရိတ်ကိုကြိုတင်အုပ်ထားသော်လည်း ဘီးချောခြင်းကြောင့် အခြားကားကိုဝင်တိုက်ခြင်းဖြစ်သည်။ Shen Ling ရော တစ်ဖက်လူပါ ဘာမှမဖြစ်ခြင်းအတွက် ကျေးဇူးတော်ချီးမွမ်းရပေမည်။ ဖြစ်ချင်ပြန်တော့ သူ့ဖုန်းကလည်းပျောက်နေသည့်အချိန်လည်းဖြစ်လို့ ဒုက္ခကြုံခဲ့ရသည်။

ညီကိုမောင်နှမများအနေဖြင့် ခွန်အားပေးစကားလည်းပြောပေးစေလိုပါသည်။ အထူးသဖြင့် Insurance ကိစ္စဆက်လက်အဆင်ပြေဖို့ ဆုတောင်းပေးစေလိုပါသည်။ ယခုချိန်မှာတော့ သူဘာမှမဖြစ်ဘူးလို့ဆိုပါတယ်။ ဆက်လက်ကျန်းမာဖို့ ဆုတောင်းပေးကြပါ။


လာမည့် ဒီတစ်ပတ်အတွင်း အိုက်စီးထပ်ကြဖို့ရှိသောကြောင့် အထူးသတိထားလျက် ဆုတောင်းခြင်းနှင့်ကားမောင်းကြစေလိုပါသည်။ အားလုံးကို ဘုရားရှင်ကွယ်ကာပါစေ။

85 views0 comments

© 2019 by Immanuel Myanmar Church , Wheaton ( Chicago land ) 

  • YouTube
  • Facebook Social Icon