သင်းဝင်သူများသို့ အားပေးစကား
ချစ်စွာသော သင်းဝင်ယုံကြည်သူအားလုံးကို ခရစ်တော်၏နာမမြတ်၌ မင်္ဂလာပါဟု နှုတ်ခွန်းဆက်သလိုက်ပါ၏။ ဘုရားသခင်၏ငြိမ်သက်ခြင်းကောင်းကြီးနှင့် ကျန်းမာရွှင်လန်းဝမ်းမြောက်ခြင်းသည် သင်တို့အပေါင်း၌ တက်ရောက်ပါစေသော .....
ယနေ့ကာလသည် ခဲယာဉ်းသောကာလဖြစ်သည်နှင့်အလျောက် နောက်ဆုံးသောကာလလည်းဖြစ်နေသည်ကို သမ္မာကျမ်းစာအားဖြင့်သိရပါသည်။ ကပ်ရောဂါများထူပြောခြင်း၊ သဘာ၀ဘေးအန္တာရာယ်များကျရောက်ခြင်းသည် တစ်နေ့ထက်တစ်နေ့ဆိုးသွင်းလာနေသည်ကိုလည်းမြင်ရကြားနေရပါသည်။ သို့သော် ထိုအရာများကိုမြင်ရကြားရ၍ စိုးရိမ်တုန်လှုပ်ကြောက်ရွံ့နေရန်မဟုတ်ပေ။ ယေရှုခရစ်သည် ကျွန်ပ်တို့နှင့်အစဉ်အမြဲရှိနေသည်ကို သတိရပါ။
ထာ၀ရဘုရားကိုသာမြှော်လင့်ခြင်းနှင့်အသက်ရှင်ပါ။ ထာ၀ရဘုရားကိုသာ ခိုလှုံကိုးစားကြပါစို့။ ထာ၀ရဘုရားကို ခိုလှုံကိုးစားသောသူတို့ကို ဘုရားသခင်ကွယ်ကာမစမည်ဖြစ်ပါ၏။ ယနေ့ကျွန်ပ်တို့ရင်ဆိုင် ကြုံတွေ့နေကြရသော အခက်ခဲအသီးသီး ရှိနေကြပါသည်။ ဆုတောင်းသော ကျွန်ပ်တို့ကို ကိုယ်တော်မစမည်။ ကြိုးစား၍ ဆုတောင်းကြပါစို့။ မည်သူတရားပျက်ပျက် ကျွန်ပ်တို့မိသားစု ဘုရားနှင့်မပျက်သော မိသားစုအဖြစ်ရပ်တည်ကြရအောင်။ ထိုသို့သော အသက်တာကို ဘုရားသခင်မစွန့်ပစ်ပါ။
စိတ်ဓါတ်ကျစရာ သိပ်များနေလား။ သိပ်ခက်ခဲနေလား။ အရမ်းပင်းပန်းနေပြီလား။ အထက်ကိုမော့ကြည့်ပါ။ မေတ္တာလက်ကိုကမ်းလျက် သနားခြင်းဂရုဏာတော်နှင့်ပြည့်စုံတော်မူသော ယေရှုကိုမြင်ရလိမ့်မည်။ ကျွန်ပ်တို့ကိုနေ့စဉ်အချိန်နာရီတိုင်းမှာ သတိနှင့်ကြည့်ရှုတော်မူသည်ကို အမြဲသတိရပါ။
အသင်းတော်မိသားစုဝင်များ ကလေးငယ်မှအစလူကြီးအဆုံး တစ်ယောက်စီတိုင်း ကျန်းမာခြင်းရှိပါမည့်အကြောင်း နေ့စဉ်ညတိုင်းအကျွန်ပ်ဆုတောင်းပါ၏။ သင်လည်းဆုတောင်းပါ။ ဆုတောင်းဖို့ မပျင်းကြပါစို့နဲ့။ ဆုတောင်းခြင်းသာ ကျွန်ပ်တို့လိုအပ်ကြပါ၏။ ဆုတောင်းဖို့သည် ကျွန်ပ်တို့အလုပ်ဖြစ်ပြီး မစပေးမည့်က ကိုယ်တော်၏အလုပ်ဖြစ်ပါသည်။
ကျွန်ပ်ချစ်သော သင်းဝင်ယုံကြည်သူတိုင်း ကျန်းမာရွှင်လန်းဝမ်းမြောက်ကြပါစေ။ အာမင်။
ဘုရားရှင်တော်မြတ်၏ မဟာနာမတော်၌ -

Pastor Manar Chai