သင်ပါဝင်ရမည့်အသင်းတော်ကို ဘယ်လိုရွေးချယ်ရမလဲ။
ယနေ့သင်ရပ်တည်နေသောအခြေအနေဟာ သင့်အနာဂတ်နှင့်သင့်သားသမီးအနာဂတ်အတွက်ပါသိပ်ကိုအရေးကြီးနေပါတယ်။

ယနေ့ခေတ်ကာလမှာ ယုံကြည်သူများ မိမိပါဝင်မည့်အသင်းတော်ကို မှန်ကန်စွာရွေးချယ်တတ်ရန်အရေးကြီးပါသည်။ လူမျိုးရေး၊လူမှူ့ရေးအရ အသင်းတော်တွင် ပါဝင်ခြင်းမဖြစ်သင့်ပါ။ ထိုသို့ပြောလျှင် လူမျိုးရေး၊လူမှူ့ရေးကို တိုက်ခိုက်ခြင်းမဟုတ်ပါ။ မိမိလူမျိုးကိုချစ်ပါ။သို့သော် ဘုရားအလိုတော်ကိုတော့ မဆန့်ကျင်ပါနဲ့။
လောကအသက်ရှင်စဉ် ယုံကြည်သူများအဖို့ နှူတ်ကပတ်တော်စားမည့် ခံယူမည့်နေရာသည်အရေးကြီးပါသည်။ ယနေ့ကာလတွင် အသင်းတော်အတော်များများသည် နှူတ်ကပတ်တော်ကို ကောင်းစွာပေးစွမ်းခြင်း၊တိုက်ကျွေးခြင်းမရှိသည်မှာ အံ့သြဖွယ်ကောင်းပါသည်။
အသင်းတော်က သင်းအုပ်ဆရာများ နှူတ်ကပတ်တော် လေ့လာချိန်မရနိုင်၊ ဆုတောင်းချိန်၊ ဘုရားနဲ့အချိန်ယူနိုင်ခြင်းမရှိသည်မှာလည်း လောကအရာအတွက် အချိန်ပေးရခြင်းသိပ်များခြင်းကြောင့်ဖြစ်ပေမည်။ အချို့နေရာများတွင် သင်းအုပ်ဆရာများ ဆိုရှယ်အလုပ်သမားလိုအစေခံနေကြရခြင်းသည်လည်း ၀ိညာဉ်ရေးရာကျဆင်းစေပါသည်။
မိမိပါဝင်သော အသင်းတော်သည် လူအင်အားမည်မျှရှိနေသည်၊ သာရေးနာရေးအတွက် မည်မျှပံ့ပိုးပေးနိုင်မည်၊ မည်သည့်ဘွဲ့ရက ဦးဆောင်နေသည်၊ လူမျိုးဖြစ်နေခြင်းကြောင့်စသော အတွေးအခေါ်များဖြင့်မရွေးချယ်သင့်ပါ။
'' မှတ်ထားပါ။သင်ဟာ ယုံကြည်သူဖြစ်နေလျက် ၀ိညာဉ်အစာမကောင်းလျှင် ကာယပိုင်းမှာ ကျဆင်းလာပါလိမ့်ယ်။ ၀ိညာဉ်အစာကောင်းလျှင် ကာယပိုင်းတိုးပွားခြင်းရှိလာပါလိမ့်မယ်။''
ဘာသာဓလေ့ထုံးစံအရ၊ လူမျိုးဂိုဏ်းဂဏအရ စုစည်းပြီး ဘာဝိညာဉ်အစာမှမရသောနေရာမှာ သင့်ရဲ့အဖိုးတန်လှတဲ့အချိန်ကိုသွားမဖြုန်းပဲ ၀ိညာဉ်အစာရှိသောနေရာကိုရှာဖွေ စားသောက်ပါ။
ယခုချိန်မှာ သင်ရပ်တည်နေတဲ့အခြေအနေဟာ သင့်အနာဂတ်တစ်ခုလုံးအတွက်သာမက သင့်သားသမီးတို့ရဲ့အနာဂတ်အတွက်လည်း သိပ်အရေးကြီးကြောင်းမမေ့သင့်ပါ။
စစ်မှန်သောဝိညာဉ်အစာကို မှန်ကန်စွာဆုံးဖြတ်ရွေးချယ်လျက် မှန်ကန်သောနေရာမှာ မှန်ကန်စွာ ၀ိညာဉ်အစာကို စားသုံးနိုင်သောသူဖြစ်ပါစေ။