top of page

သင်ထမ်းရသောဝန်လေးသလား

ယူနီကုတ် 👉 ဝန်ပိနေရင် ခရီးမတွင်သလို ပင်ပန်းနေရပါတယ်။ အထူးသဖြင့်ခရစ်ယာန်အသက်တာမှာ လောကဝန်ပိနေရင် ဘုရားဘုန်းမထင်ရှားပဲဖြစ်နေတတ်ပါတယ်။


မနိုင်တဲ့ဝန်ကိုထမ်းပြီးတစ်ယောက်တည်းသွားနေသလား။ ခရစ်တော်ထံလာပါ

သင်ထမ်းရသောဝန် ...

ဝန်လေး၍ ပင်ပန်းသောသူအပေါင်းတို့ ငါ့ထံသို့လာကြလော့။ငါသည် ချမ်းသာပေးမည်။

လူတိုင်းမှာ ပြဿနာမကင်းကြပါ။အသက်တစ်ရာမနေ၊အမှု့တစ်ရာကြုံရနိုင်တဲ့ လူ့ဘဝသက်တမ်းမှာ ပြဿနာကိုရှောင်ဖယ်၍ မရပါ။ ထိုပြဿနာကနေလူတိုင်း ရုန်းထွက်ချင်နေကြတာချည်းဖြစ်သည်။သို့သော် ပြဿနာကရုန်းထွက်ဖို့ကြိုးစားရင်း နစ်သထက်နစ်သွားကြတာက ပြဿနာဖြစ်သည်။ကိုယ်တော်၏ ခေါ်သံကိုကြားရင် ကိုယ်တော်၏ ခြေတော်ရင်းမှာလာဖို့လိုပါသည်။ ကိုယ်တော်ခေါ်နေသည်မဟုတ်လား။ဝန်လေး၍ပင်ပန်းသောသူအပေါင်း၊ငါ့ထံသို့လာကြပါ။ သင် .. ပင်ပန်းနေလား၊ခက်ခဲနေလား၊ ပြဿနာကြုံနေလား။ အကြွေးတွေတစ်နေ့ပြီးတစ်နေ့ထိုးတက်နေလား။ အရာခပ်သိမ်းကိုတတ်နိုင်တဲ့ ယေရှုခရစ်တော်ဘုရားက ခေါ်နေတယ်။ကိုယ်တော့်ထံသို့လာပါ။


လူတွေကတော့ '' လူသာလာပါ၊ ပြဿနာကိုယူမလာပါနဲ့'' လို့ပြောကြပါတယ်။ဒါပေမဲ့ ယေရှုဘုရားကတော့ ပြဿနာနှင့်အတူလာပါလို့ ခေါ်နေပါတယ်။ သင်ရင်ဆိုင်နေရသောပြဿနာဘယ်လောက်ကြီးမားနေပါစေ။ ကျွန်ပ်တို့ကိုးကွယ်တဲ့အရှင်ယေရှုဘုရားဟာ ထိုပြဿ နာ၊အခက်အခဲထက် သာ၍ကြီးတယ်။ရှိသမျှ ဝန်ကိုယူပြီး ကိုယ်တော်ထံလာပါ။ကိုယ်တော်က စောင့်လျက်နေပါတယ်။


ကိုယ်တော်လာတဲ့အခါ ဝန်ကိုထမ်းပြီးရပ်နေရန်မဟုတ်ပါ။အချို့သောသူများသည် ကိုယ်တော်ထံလာသော်လည်း ထိုဝန်ကိုပြန် ပြန်ထမ်းသွားတတ်ကြပါသည်။ထိုဝန်ကို ပြန်ထမ်းဖို့မဟုတ်ပါ။ထာဝရဘုရားရှေ့မှာ ချထားဖို့ဖြစ်ကြောင်း (ဆာ၊၅၅း၂၂ ထမ်းရွက်ရ သောဝန်ကို ထာဝရဘုရား၌ ချထားလော့။သင့်ကိုမစတော်မူမည်။) ပြောထားပါသည်။ကျွန်ပ်တို့ရဲ့ဝန်ဆိုတဲ့ အခက်ခဲပြဿနာများကို ကိုယ်တော်၌ လုံးလုံးအပ်နှံချထားဖို့လိုပါသည်။ ပြန်ပြန်ထမ်းသွားခြင်းဆိုတာ မိမိရင်ဆိုင်နေတဲ့အခက်ခဲအတွက်ကိုယ်တော်ကို ဆုတောင်းကြသော်လည်း စိုးရိမ်ခြင်းကမပျောက်ပါ။ ကိုယ်တော်ထံအပ်နှံပြီး စိုးရိမ်နေသေးခြင်းသည် ကိုယ်တော်ကိုစိတ်မချခြင်းသာ ဖြစ်တယ်။အပ်နှံပြီးရင် စိုးရိမ်စိတ်ကိုဖယ်ရှားပြီး လုပ်စရာရှိတာကိုဆက်လုပ်ပါ။ သင်ချထားခဲ့တဲ့ဝန်တွေကို ကိုယ်တော်က ဖယ်ရှားရှင်း လင်းပေးမည်ဖြစ်ကြောင်း ကတိပေးထားပြီးသားဖြစ်သည်။ သင်၏ထမ်းနေရသောဝန်ကိုချထားဖို့ရန်မှာ သင်၏တာဝန်ဖြစ်ပြီး ထိုဝန်ကိုဖယ်ရှားပေးရန်မှာ ကိုယ်တော်၏အလုပ်ဖြစ်သည်။


မိတ်ဆွေ .... ဝန်လေးနေသလား။ကိုယ်တော့်ထံလာပါ။ရှိသမျှဝန်ကိုချထားလိုက်ပါ။ဘုရားသခင် မစတော်မူလိမ့်မည်။

ကိုယ်တော်နှင့် အဆင်ပြေရင် သင်ဘယ်မှာဘဲနေနေ သင့်ဘဝအဆင်ပြေမည်။ကိုယ်တော်နှင့်အဆင်မပြေရင်တော့ သင်ဘယ်နေရာမှာဘဲနေနေ ဘဝအဆင်မပြေနိုင်ပါဘူး။

ကိုယ့်ဝန်ကို ထာဝရဘုရား၌ချထားပြီး ကိုယ်တော်၏ ဝန်ကိုသာထမ်းမည်ဆိုလျှင် ဝန်ပေါ့မည်ဖြစ်ကြောင်း မေတ္တာနှင့်ခွန်အားပေးဝေငှပါ သည်။အယောက်တိုင်း ဘုရားကောင်းကြီးပေးပါစေ . . .

117 views0 comments
bottom of page