သင့်ကိုသိပ်ချစ်သူ
လောကမှာ ဘယ်သူရှိအုံးမလဲ
သင့်ကို ခရစ်တော်က သိပ်ချစ်တယ်။သိပ်ကိုတန်ဖိုးထားတယ်။ သင်ပျက်စီးဆုံးရှူံးမှာကိုလည်းမလိုချင်ဘူး။ စိတ်ပျက်အားငယ်နေတာကိုလည်း မဖြစ်စေလိုဘူး။သတိနှင့်အမြဲတမ်းကြည့်ရှူပေးနေတယ်။ သင်ဒုစရိုက်ပြုမိသည့်အခါတိုင်း ခရစ်တော် နာကျင်စွာခံစားနေရတယ်။သင့်ကိုလည်း ဥက္ခောမပြုနိုင်ဘူး။ သင်ခြေချော်လုသောအခါ သင့်လက်ကိုတွဲခေါ်သွားတယ်။ဒါပေမဲ့ သင်အတင်းရုန်းပြီး ကိုယ့်သဘောနဲ့ ခြောက်ခန်းနေတဲ့အမှောင်ထဲ လျှောက်သွားခဲ့တယ်။ ကိုယ်တော်က ထိုနေရာကိုလိုက်မလာဘူး။အဝေးကနေ ခေါ်လျက် သင်ပြန်လာမည့်အချိန်ထိ စိတ်ရှည်ရှည်စောင့်မျှော်ပေးခဲ့တယ်။ ဘာကြောင့်လိုက်မလာသလဲဆိုရင် ထိုနေရာဟာ ကိုယ်တော်သွားရမည့်နေရာမဟုတ်လို့ပါပဲ။ သင်ပြန်လာမယ်ဆိုရင် အကောင်းဆုံး မစပေးဖို့ပြင်ဆင်နေတယ်။
ကိုယ်တော့်မေတ္တာက တုနှိုင်းမမှီနိုင် ကြီးမားလှတယ်။ သင်သိလား။