top of page
သင့်ကိုဘုရားသခင်က စကားပြောချင်တယ်
ယူနီကုတ်နဲ့ဖတ်ရန်👇
  1. သင့်ကို ဘုရားသခင်စကားပြောချင်တယ်
  2. ~~~~~~~~~~~~~~~~~~~~~~~~~~
  3. ကိုယ့်သားသမီးများနဲ့စကားမပြောချင်သောဖခင်ရှိမည်လော။ သားသမီးများနှင့်စကားပြောရတာကို ဖခင်တိုင်းကျေနပ်ဝမ်းမြောက်နေကြပေမည်။
  4. ဘုရားသခင်သည် သားသမီးများဖြစ်သော သင်နှင့် ကျွန်ပ်ကို အချိန်တိုင်းစကားပြောလိုပါသည်။ ကျွန်ပ်တို့၏ အားကိုးတကြီး ရင်ဖွင့်သောအသံကိုလည်းကြားချင်သော ကောင်းကင်ဘုံရှင်အဖဖြစ်ပါသည်။ သင့်ဖခင်ကဲ့သို့ သင့်ရင်ထဲကဖြစ်ပျက်ခံစားသမျှကို ရင်ဖွင့်ပြောပြနိုင်ပါသည်။ ထိုသို့ပြောပြရန် စကားလုံးလှလှတွေသုံးစရာမလိုပါဘူး။ပြောတတ်သလိုသာပြောလိုက်ပါ။ သင့်ခံစားချက်ပြောပြရန် အကောင်းဆုံးသူဟာလည်း အဖထာဝရဘုရားသာဖြစ်ပါသည်။ သင့်ခံစားချက်အားလုံးကို မညီးမငွေ့ ဂရုဏာအပြည့် အချိန်အကန့်သတ်မရှိ နားထောင်းပေးနိုင်ပါသည်။
  5. သင့်ကိုလည်းစကားသိပ်ပြောချင်ပါသည်။ဓမ္မဟောင်းကာလအချိန်တုန်းက မိမိပရောဖက်များအားဖြင့် ဖော်ပြစကားပြောသော်လည်း ယခုကာလတွင် သားတော်ယေရှုအားဖြင့်စကားပြောလျက်ရှိနေပါသည်။
  6. ယုံကြည်သူများအထဲတွင် ခရစ်တော်ရှိပါသည်။သန့်ရှင်းသော ဝိညာဉ်တော်ကျိန်းဝပ်နေပါသည်။ ထိုသန့်ရှင်းသောဝိညာဉ်တော်သည် သင့်အထဲက ခံစားနားလည်နိုင်သောအရာဖြင့်ပြောပါသည်။ ဘုရား သခင်ကစကားပြောသည့်အခါ ရှင်းလင်းတိကျပါသည်။ ကောင်းသောအရာ၊ မကောင်းသောအရာများ ကိုဖော်ပြပါသည်။ ဘုရားသခင်က လုပ်စေလိုသောအရာ၊ မလုပ်စေလိုသောအရာများကိုလည်းပြော ပြပါသည်။ ဆုတောင်းသည့်အခါ၊ကျမ်းစာဖတ်သည့်အခါ၊ချီးမွမ်းနေသည့်အခါလည်း ဘုရားအသံတော်ကိုကြားရမည်။ သင့်အတွင်းနှလုံးက သေချာနားထောင်ပါ။ဂရုစိုက်နားထောင်ပါ။
  7. ကိုယ်တော်ပြောသောအသံကို ကြားရပါက အကောင်းဆုံးတုန့်ပြန်ပါ။
  8. ဟေဗြဲ၊ ၁:၁-၂
  9. ၁ ရှေးလွန်လေပြီးသော အခါ ပရောဖက်များအားဖြင့် ဘိုးဘေးတို့အား အထပ်ထပ်အနည်းနည်း ဗျာဒိတ် ပေးတော်မူသော ဘုရားသခင်သည်၊ ဤနောက်ဆုံးကာလအခါ မိမိသားတော်အားဖြင့် ငါတို့အားဗျာဒိတ် တော်ပေးတော်မူပြီ။
---------------------------------------------------------------
  2. ~~~~~~~~~~~~~~~~~~~~~~~~~~
  8. ဟေဗြဲ၊ ၁:၁-၂
53 views0 comments
bottom of page