ဝမ်းနည်းခြင်းနှင့်အဆုံးသတ်ရသော ပျော်စရာပွဲ
လောကတွင် မထင်မှတ်ထားသော၊ မမျှော်လင့်ထားသောအရာတွေ လျှပ်တစ်ပြက်ဖြစ်ပျက်နေသည်။ မျက်စိနှင့်မြင်လဆင်ပင်မယုံနိုင်ရမည့်အရာတွေအများကြီးပင်။ နားနှင့်သာကြားလျှင် ပို၍ပင်မယုံနိုင်စရာဖြစ်ပေသည်။ ဒါဟာကျွန်ပ်တို့လူ့ဝန်းကျင်မှာဖြစ်ပျက်နေတဲ့ အစစ်အမှန်တွေပါဲ။

မိခင်များနေ့မတိုင်မှီ တစ်ညအလိုမှာ (လွန်ခဲ့တဲ့စနေနေံည) မိသားစုတစ်စုဟာ ပျော်ရွှင်ပွဲမွေးနေ့ပွဲကို ပျော်ရွှင်စွာကျင်းပခဲ့ကြပါတယ်။ မွေးနေ့ရောက်လာသောသူများ ပျော်ရွှင်စွာရှိနေကြစဉ်မှာပဲ ရုတ်တစ်ရက် မိသားစုဝင်ထဲက တစ်ယောက်က ရက်စက်စွာ သေနတ်ပစ်သတ်တဲ့အတွက် ၆ ဦးသေးဆုံးသွားခဲ့ပြီး လူသတ်သမားကိုယ်တိုင်က မိမိကိုယ်ကို ပစ်သတ်သွားတယ်လို့ ကော်လိုရာဒို သတင်းစာစောင်ထဲမှာဖတ်ရှုခဲ့ရပါတယ်။
သူတို့တွေရဲ့ ပျော်ရွှင်မှု့ဟာ သာယာတဲ့မနက်ဖြန်ထဲကိုကူးမသွားနိုင်ကြရှာဘူး။ မိခင်များနေ့ကိုဆင်နွှဲခွင့်မရကြပါဘူး။ အဆိုးဆုံးက လုံး၀ယုံကြည်နိုင်စရာမရှိတဲ့ မိသားစုဝင် အရင်းနှီးဆုံးလူထဲကဖြစ်နေလို့ပါပဲ။
သမ္မာကျမ်းစာတွင်လည်း ဟေရုဒ်မင်းကြီးရဲ့မွေးနေ့ပျော်ရွှင်ပွဲဟာ လူသတ်မှု့ဝမ်းနည်းခြင်းနဲ့သာ အဆုံးသတ်သွားသည်ကိုတွေ့ရပါသည်။
ဘုရားမပါတဲ့နေ့စဉ်အသက်တာ၊ ဘုရားနဲ့မသွားလာတဲ့ ဘ၀ရှင်သန်မှု့တွေ၊ ဘုရား၌ကျွမ်းဝင်ခြင်းမရှိတဲ့ မိသားစုရပ်တည်မှု့ဟာ စိုးရိမ်ကြောက်ရွံ့မှု့တွေပြည့်နေပါတယ်။ လုံခြုံမှု့အာမခံချက်မရှိတော့ပေ။ လူ့ရဲ့တွေးခေါ်မှု့သည် ပတ်ဝန်းကျင်အထိအတွေ့ အတွေ့အမြင်တွေကြောင့်ပြောင်းလဲသွားသည်ချည်းဖြစ်ပါသည်။ ထို့ကြောင့် ချစ်သော ညီကိုမောင်နှမများ ဘုရားနှင့်ကျွမ်းဝင်ရပ်တည်သောအသက်တာဖြစ်ဖို့ တိုက်တွန်းနှိုးဆော်လိုက်ပါ၏။
ကမ္ဘာကြီးသည်အဆုံးသို့ ရောက်လုပြီဖြစ်သောကြောင့် အထူးသမ္မာသတိနှင့်အသက်ရှင်ကြရန်လိုအပ်နေပြီဖြစ်ကြောင်း သတိပြုနိုင်ရန် မေတ္တာနှင့်အသိပေးနှိုးဆော်ခြင်းဖြစ်ပါ၏။ အားလုံးအပေါ်သို့ ဘုရားရှင်ကောင်းကြီးပေးပါစေ။