top of page

ဝတ်ပြုရာနေရာများ

ယဇ်ပူဇော်ခြင်းနှင့် ပူဇော်ခြင်းအမျိုးမျိုး (Altars and Sacrifices)

ဘုရားသခင်ဝတ်ပြုကိုးကွယ်ရာတွင် ယဇ်ပူဇော်ခြင်းမှာ အလွန်အရေးကြီး သော ကဏ္ဍတစ်ခု ဖြစ်သည်။ လူတစ်ဦးသည် မိမိ၏အပြစ်အနာအဆာ ကင်းသော တိရစ္ဆာန် သို့မဟုတ် လယ်ထွက်သီးနှံများအား ထာဝရဘုရားထံ ပူဇော်၍ ယဇ်ပုရော ဟိတ်က ပလ္လင်ပေါ်တွင် မီးရှို့ပူဇော်ရသည်။ ဤကဲ့သို့ ကျေးဇူးချီးမွမ်းခြင်း၊ အပြစ် ဖြေခြင်းနှင့် ဝတ်ပြုခြင်း ဆိုင်ရာ ယဇ်များ ပူဇော်ခြင်းဖြင့်၊ ဘုရားသခင်အး ချဉ်းကပ် ရပါသည်။ ထာဝရဘုရားသခင်က အစ္စရေးလူမျိုးများအား ယဇ်ပူဇော်ခြင်းဆိုင်ရာ နည်းဥပဒေများ ပေးထားတော်မူခဲ့သည်။ ယဇ်ပလ္လင်သည် စင်မြင့် သို့မဟုတ် သဘာဝကျောက်ဖြင့် စီထားသော စားပွဲ ခုံဖြစ်၍၊ ဝတ်ပြုရာဌာန၏ ဗဟိုနေရာ ဖြစ်သည်။ တစ်ခါတစ်ရံ လူများသည် ဘုရား သခင်နှင့် အတူတွေ့ဆုံရာနေရာများ အမှတ်အသားအဖြစ် ယဇ်ပလ္လင်များ တည်ထား တတ်ကြသည်။ တချို့သည် မိမိအိမ်တွင် ယဇ်ပလ္လင်များ တည်ထားကြသည်။ [ ကမ္ဘာဦးကျမ်း၊ ၂၂း၁-၁၄၊ ၂၈း၁၁-၂၂၊ ၃၃၊ ထွက်မြောက်ရာကျမ်း၊ ၂ဝး၂၄-၂၆၊ ယေရှုမှတ်စာ၊ ၂၂း၁ဝ-၃၄၊ ဟေဗြဲသြဝါဒ၊ ၁၀း၅- ]


နောက်ပိုင်းတွင် ယဇ်ပလ္လင်ကို ကြေးနီ၊ သစ်သား၊ သလင်းကျောက် သို့ မဟုတ်၊ အုတ်ခဲများဖြင့် တည်ထားကြသည်။ တချို့ပလ္လင်များသည် ရိုးရိုးသားသား ဖြစ်ပြီး တချို့များမှာ အလွန်ရှုပ်ထွေးနက်နဲသောကြောင့် ဆောက်လုပ်ပြီးစီးရန် အချိန် များစွာ ကြာမြင့်သည်။ တချို့သည် ယဇ်ကောင်များပူဇော်ရန် ဖြစ်ပြီး တချို့ငယ် သော ပလ္လင်များကိုမူ အမွှေးအကြိုင်များ မီးရှို့ရန်အတွက်သာ ဖြစ်သည်။ တချို့ ပလ္လင် များ၏ ထောင့်တစ်ခုစီတွင် ဦးချိုများ ရှိသည်။ ရာဇဝတ်မှုကျူးလွန်သူတစ်ဦးသည် ပလ္လင်သို့ပြေးလာ၍ ဦးချိုကို ဆွဲကိုင်ခြင်းဖြင့် မိမိအား ကလဲ့စားသတ်ဖြတ်လိုသူများ အား အသနားခံခွင့်ရှိသည်။ ယဇ်ပလ္လင်များကို တဲတော်တွင်တည်ထားခဲ့ကြရာမှ နောက်ပိုင်းတွင် ဗိမာန် တော်အတွင်း ထားခဲ့ကြသည်။


[ ထွက်မြောက်ရာကျမ်း ၂၂း၁-၂၊ ၂၉း၁၂၊ ၃၀:-၁ဝ၊ ၃၈:-၂၊ တရားဟောရာကျမ်း ၁၂း၁၇-၁၈၊ ၂၆-၂၇၊ ဓမ္မရာဇဝင်တတိယစောင့် :၄၉-၅၃၊ ၂း၂၈-၃၄, ၈း၂၂၊ ရှင်မဿဲခရစ်ဝင် ၅း၂၃-၂၄၊ ဟေဗြဲသြဝါဒ ၁၃း၁၀-၁၂

တဲတော် (Tabernacle)


တဲတော်သည် အစ္စရေးလူမျိုးများ အီဂျစ်ပြည်ကျွန်ဘဝမှ ထွက်ခွာလာပြီး နောက် ဘုရားသခင်ဝတ်ပြုသောနေရာ ဖြစ်သည်။ ကျယ်ပြန့်သော ယာယီတဲဖြစ်၍ ဆိတ်အရေခွံနှင့် ပျဉ်ချပ်များဖြင့် ပြုလုပ်ထားသည်။ ကန္တာရခရီးစဉ်အတွင်း ဖြုတ်ယူရွှေ့ ပြောင်းလေ့ရှိသည်။ ထာဝရဘုရားသခင်က မောရှေအား ညွှန်ကြားထားသည့်အတိုင်း တိကျစွာ ဆောက်ရသည်။ တဲတော်အတွင်းရှိ အသုံးအဆောင် ပရိဘောဂများနှင့် ခန်းဆီးကန့်လန့်ကာများကို လူထုက လှူဒါန်းခဲ့ကြသော ရွှေ၊ ငွေ၊ ကြေးဝါနှင့် ပိတ် ချောများဖြင့် ပြုလုပ်ကြသည်။ မောရှေထံသို့ ထာဝရဘုရားပေးသော ဘာသာရေးဆိုင် ရာ ပညတ်တော်များအရ၊ တဲတော်တွင် ဘုရားသခင် ဝတ်ပြုရသည်။ တဲတော်ရှေ့တွင် တိရစ္ဆာန်နှင့် သီးနှံများကို တဲတော်ရှေ့သို့ ယူဆောင်လာကြသည်။ ထိုနေရာတွင် ယဇ် ပုရောဟိတ်များက တင်လှူပူဇော်ကြသည်။ ထာဝရဘုရားသခင်အား ချီးမွမ်းထောပနာ ပြုပြီး ဝတ်ပြုသောအခါ အထူးပလ္လင်ပေါ်တွင် သန့်ရှင်းသော ဆီနှင့် အမွှေးအကြိုင်များ ဖြင့် ပြုလုပ်ထားသော အမွှေးနံ့သာများ မီးရှို့ရပါသည်။


တဲတော်တည်ဆောက်ပြီးနောက်ပိုင်းကာလတွင် အစ္စရေးလူမျိုးတို့သည် မိမိအိမ်အသီးသီး၌ ကိုယ်ပိုင်ယဇ်ပလ္လင်များ တည်ထားခွင့် မရှိတော့ချေ။ ထို့ကြောင့် ဘုရားသခင် ကတိပြုထားသော ခါနန်ပြည်၌ အတည်တကျနေထိုင်လာပြီး၊ တဲတော် အစားထိုးရန် ရှောလမွန်မင်းကြီးက ခန့်ညားထည်ဝါသော ဗိမာန်တော်မတည် ဆောက်မီကာလအတွင်း တဲတော်သည် အစ္စရေးလူမျိုးများ၏ ဝတ်ပြုရာ ဗဟိုဌာန ဖြစ်ခဲ့သည်။ ခတ္တ [ ထွက်မြောက်ရာကျမ်း ၂၆၊ ၂၇၊ ၃၅-၄ဝး၁၉၊ ဝတ်ပြုရာကျမ်း ၁၇း၃-၉၊ တရားဟောရာကျမ်း ၁၈း၆-၈၊ ဟေဗြဲသြဝါဒ :- ] ၁၃၂


အစ္စရေးနိုင်ငံတစ်ဝှမ်းရှိ ဂျူးလူမျိုးများ၏ ဘုရားဝတ်ပြုသောနေရာသည် ယေရုရှလင် ဗိမာန်တော်ပင်ဖြစ်သည်။ တဲတော်အား အစားထိုးသောနေရာဖြစ်ရာ ယေရုရှလင်မြို့ပြင်၌ နေထိုင်သူများအတွက် တစ်နှစ်တစ်ခါလာရောက် ပူဇော်ဝတ် ပြုခြင်းမှလွဲ၍ ရည်ရွယ်ချက်နှင့် အမှုကိစ္စအားလုံး တူညီသည်။ ပထမဦးဆုံး ဗိမာန်တော်ကို ရှောလမုန်မင်းကြီးက တည်ဆောက်ခဲ့သည်။ နှစ်ပေါင်းများစွာကြာမြင့်အောင်တည်ဆောက်ပြီး အလွန်ထည်ဝါလှပသော အဆောက် အဦးဖြစ်သည်။ ယေရုရှလင်မြို့အား လာရောက်သိမ်းပိုက်ပြီး၊ ဗိမာန်တော်အား မီးရှို့ ဖျက်ဆီးခဲ့သည်။ နှစ်ပေါင်းတစ်ရာခန့်ကြာသောအခါ ဟေရုဒ်မင်းက ဗိမာန်တော်ကို တိုးချဲ့၍ ယခင် ဗိမာန်တော်ထက်ပို၍ လှပအောင် ကျောက်ဖြူနှင့် ရွှေများဖြင့် ပြန် လည်တည်ဆောက်ခဲ့သည်။ ထိုသို့ ဆောက်လုပ်ပြီးစီးရန် နှစ်ပေါင်း (၈၃)နှစ်တင်း တင်းကြာခဲ့သော်လည်း မကြာမီ ရောမလူမျိုးများက လာရောက်ဖျက်ဆီးခဲ့ပြန်သည်။ ယနေ့ထိတိုင် ဗိမာန်တော်ကြီးကို ပြန်လည်တည်ဆောက်နိုင်ခြင်း မရှိသေးချေ။

| ဓမ္မရာဇဝင်တတိယစောင် ၆း၇၊ ရာဇဝင်ချုပ်ဒုတိယစာစောင် ၃-၆၊ ဧဇရ၊ ၁:၃၊ ၃၊၁၂။ ရှင်မာကုခရစ်ဝင် ၁၂:၄၁၊ ၁၃း၁၊ ၁၅:၃၈၊ ရှင်လုကာခရစ်ဝင် ၂း၂၂-၂၄၊ ၄၆-၄၉၊ ရှင်ယောဟန်ခရစ်ဝင် ၂း၁၃-၃၀၊ ၁၀:၂၃၊ တမန်တော်ဝတ္ထု ၃:၂၊ ၁၁၊ ၅:၁၂၊ ၂၁း၂၆-၂၈ ]

တရားဇရပ်များ (Synagogues)


မြို့တိုင်းတွင် ဓမ္မဟောင်းကျမ်း ဖတ်ကြားနားထောင်ရန် လူများစုဝေးရာ တရားဇရပ် ရှိသည်။တိုရာ”ကျမ်းကို ကျွမ်းကျင်သောရဗ္ဗုနိ” (Rabbi) ခေါ် ဓမ္မဆရာများက ဖတ်ရှုဆွေးနွေးခွင့်ရှိပြီး၊ သူတို့၏ ခံယူချက်အတိုင်း ကျမ်းပိုဒ်များ ရှင်းပြနိုင်သည်။ တရားဇရပ်တိုင်းတွင် ခေါင်းဆောင်များက မိမိတို့၏ သတ်မှတ်ချက်အတိုင်း ရွေး ချယ်ကြသော ဓမ္မဆရာရဗ္ဗုနိ”များ ရှိသည်။ သူတို့ကတိုရာ”ကျမ်းစာကို ဟေဗြဲ ဘာသာဖြင့် ဖတ်ပြီးအာရမစ်” (Aramaic) ဘာသာဖြင့် ဘာသာပြန်ပေးရသည်။ သို့ မှသာ ပရိသတ်က သဘောပေါက်သည်။


မည်သည့်မြို့တွင်မဆို ဂျူးအမျိုးသားဆယ်ဦးရှိသော မြို့ဟိုင်းတွင် တရား ဇရပ် တည်ဆောက်နိုင်သည်။ အဆောက်အဦကို များသောအားဖြင့် တောင်ကုန်း ပေါ်တွင် ကျောက်ဖြင့်တည်ဆောက်၍ တောင်ဘက်စွန်းတွင် တံခါးပေါက်ရှိသည်။ ဝတ်ပြုနေရာသာမက ဂျူးလူမျိုးယောက်ျားကလေးများအတွက် ပညာသင်ယူရာ ကျောင်းဖြစ်သည်။ ဆရာဟူသော အနက်အဓိပ္ပာယ်ရှိသည့် ရဗ္ဗုနိခေါ် ကျမ်းတတ် ပုဂ္ဂိုလ်များက တရားဇရပ်တွင် နှုတ်ကပတ်တော်များ သင်ပေးရသည်။


ကျမ်းပိုဒ်များ ရေးသားထားသည့် စာလိပ်များကို တရားဇရပ်ရှိ သေတ္တာ ၁၃၅သို့မဟုတ် ဗီရိုထဲတွင် သိမ်းထားကြသည်။ မြို့တိုင်းရှိ တရားသူကြီးအဖွဲ့များသည် လည်း တရားဇရပ်တွင် တွေ့ဆုံလေ့ရှိကြသည်။


| ရှင်မဿဲခရစ်ဝင် ၁ဝး၁၇၊ ရှင်မာကုခရစ်ဝင် ၁း၂၁-၂၂၊ ရှင်လုကာခရစ်ဝင် ၄း၁၄-၂၁၊ တမန်တော်ဝတ္ထု ၁၃:၁၄-၁၅၊ ၁၇:- ]
 

16 views0 comments
bottom of page