လိမ်နေမှန်းသိတယ်။ယုံနေတုန်းပဲ

ယူနီကုတ် 👉 နှုတ်ချိုတော့ ယာဉ်ကျေးတယ်တဲ့။ နောက်ကွယ်က အဆိပ်ကိုမမြင်တာခက်တယ်။


အယုံသွင်းပြီး လှည့်စားဝါးမျိုတာ သိထားသင့်တယ်။

ခက်တာက လိမ်နေမှန်းသိလျက်နဲ့ကို ယုံကြည်ချင်နေကြတယ်။ လှည့်စားမှန်းလည်းသိတယ်။ ဒါပေမဲ့ သဘောကျနေတုန်းပဲ။ နှုတ်ချိုစဉ်းလဲမှန်းလည်းမြင်တယ်။ လက်ခုပ်တီးအားပေးချင်နေတုန်းပဲ။ သိသိကြီးနဲ့မိုက်ချင်ကြတယ်။ ဦးနှောက်ကသိတယ်။ နှလုံးစသားကိုငြင်းမိတယ်။ ခြေထောက်က နောက်လိုက်နေမိတယ်။ မုသာနှုတ်ခမ်းကိုတော့ ပြုံးပြုံးလေးနဲ့ယာဉ်ကျေးပြတယ်။ အချစ်မှန်နဲ့ပြောနေသူကိုတော့ မျက်မှောင်ကုတ်ပြီး ခေါင်းခါငြင်းတယ်။ ဝါးမျိုဖို့ လျှာရည်လူးနေပြီးအချိုသတ်တာကို ပျော်တယ်လို့ခံစားတယ်။

မှားမှန်းသိတယ်။ ပြင်ဖို့ထက် လွှဲချဖို့ ဖုံးဖိဖို့ပဲစဉ်းစားမိတယ်။

စာတန်ဆိုတာ လျှာနှစ်ခွပြောသူ၊ ယာဉ်ကျေးပြီးလှည့်စားသူ။

ဘယ်သောအခါမှ မင်းကိုငါဝါးစားမယ်၊ သတ်မယ် မပြောဘူး။

တစ်ခါတစ်ရံ ကောင်းကြီးနဲ့မျှားယူတယ်။

ဧ၀ကိုလည်း မျက်စိပွင့်လာမယ်၊ ညာဏ်တွေတိုးပွားလာမယ်လို့ လှည့်စားခဲ့တယ်။ ယနေ့လည်း ပိုက်ဆံတိုးလာမယ်၊ အရပ်ထွက်လာမယ် သိပ်ပြောရင် သတိတော့ထားစရာပါ။ လိမ္မာယာဉ်ကျေးပြီး ပါးနပ်တယ်။

© 2019 by Immanuel Myanmar Church , Wheaton ( Chicago land ) 

  • YouTube
  • Facebook Social Icon