top of page

လူကိုမကြည့်နဲ့


ဘုရားကိုရှာဖို့လူတွေကိုမကြည့်နဲ့။လူတွေကိုကြည့်ပြီး ဘုရားကိုရှာရင် စစ်မှန်တဲ့ဘုရားကို သင်တွေ့နိုင်မှာ မဟုတ်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ လူတွေကမပြည့်စုံကြဘူးလေ။ ခရစ်ယာန်တွေကိုကြည့်ရင်ခရစ်ယာန်နဲ့မတူအောင် ပြုမူကျင့်ကြံကြတယ်။ထို့အတူ၊ ဗုဒ္ဓဘာသာ၊ဟိန္ဒူဘာသာ၊မူဆလင်ဘာသာတွေကလည်း ဒီအတိုင်းဘဲ။ ဘာသာတရားတိုင်းကကောင်းပါတယ်။ဒါပေမဲ့ ဘာသာတရားကလူကိုမကယ်နိုင်ဘူး။ ဘာသာတွေကောင်းပေမဲ့ လူတွေမကောင်းဘူး။

စစ်မှန်တဲ့ ဘုရားဆိုတာ နောင်တမလွန်အတွက်အားမခံပေးနိုင်တဲ့ သေခြင်းကိုအောင်နိုင်သော ဘုရားပဲဖြစ်တယ်။ထိုဘုရားက ယေရှုခရစ်တော်က လွဲရင် ကောင်းကင်အောက်မြေကြီးပေါ်မှာ ကယ်တင်နိုင်သော နာမ မရှိဘူး လို့ ကျမ်းစာကဖော်ပြထားပါတယ်။ သေခြင်းမှာ လမ်းဆုံးရင် အဲဒီဘုရားကဘယ်လိုလို့တမလွန်အတွက် အာမခံပေးနိုင်မလဲ။ လူက ကောင်းအောင်လုပ်နိုင်၊နေနိုင်ရင် ဘုရားမလိုဘူး။ ဘုရားဆိုတာ ကယ်တင်နိုင်သောသူဖြစ်တယ်။

ယေရှုဘုရားဆိုတာ သေခြင်းမှာလမ်းဆုံးသွားတာမဟုတ်ဘူး။သေပြီးမှ သုံးရက်မြောက်သောနေ့တွင်သေခြင်းမာန်ကိုအောင်၍ အသက်ရှင်ပြန်ထမြောက်တော်မူသော ဘုရားစင်စစ်ဖြစ်ပါတယ်။ မနေ့၊ယနေ့၊နောင်ကာလအစဉ် မပြောင်းမလဲ ရှိတော်မူသော ဘုရားလည်းဖြစ်ပါတယ်။

ထိုသူကိုလက်ခံသမျှသောသူ အားလုံးထာဝရအသက်ရှင်ခြင်းအခွင့်ရကြမည်ဖြစ်ပါတယ်။ မိတ်ဆွေ... ယုံကြည်လိုက်ပါ။ သင်တကယ် အသက်ရှင်ခွင့်ရမှာဖြစ်တယ်။ နောင်တမလွန် ကိုသင်ဘယ်တော့ကူးသွားမလဲ ဆိုတာသေချာသိလို့လား။ မိနစ်စက္ကန့်ပိုင်းအတွင် ဘာဖြစ်မလဲဆိုတာမသိဘူး မိတ်ဆွေ။

4 views0 comments
bottom of page