top of page

မြန်မာစာသင်ကြားခြင်းအတွက်

မိဘများထွသို့ အသိပေးနှိုးဆော်ခြင်း


ကလေးသူငယ်များ မြန်မာစာ သင်ကြားခြင်းအချိန်ကို ထပ်ပြီးတိုးမြှင့်လိုက်ပါတယ်။ လာမည့် စနေ ( မတ်လ ၁၈) ရက်နေ့မှစပြီး နေ့လည် (၁၂) နာရီမှ ညနေ ၃း၃၀ နာရီ အထိသင်ကြားရန် ဖြစ်ပါသည်။ ဒါကြောင့် မြန်မာစာ သင်ကြားသော ကလေးသူငယ်များကို အချိန်မှီ ပို့ဆောင်ပေးကြရန်ဖြစ်ပါမည်.


အကြို၊ အပို့ လိုအပ်ပါက ကြိုတင်ပြီး Pastor Manar Chai ထံဖြစ်စေ၊ ဥက္ကဌထံဖြစ်စေ အသိပေးအကြောင်းကြားစေလိုပါတယ်။

 

ကလေးများအတွက် ပြင်ဆင်ပေးစေလိုသော လိုအပ်ပစ္စည်း


ကလေးများမှ မိမိလေ့ကျင့်ခန်းစာရွက်ဖြစ်စေ၊ ဆရာတို့မှ ပေးသောအိမ်စာဖြစ်စေ ထည့်ထားနိုင်ဖို့ ပုံမှာပြထားတဲ့ အိတ်ပုံစံမျိုး ယူဆောင်လာပေးစေလိုပါသည်။ စနစ်တကျ ဖြစ်စေဖို့ရန်လည်းဖြစ်ပါတယ်။ walmart / staple / officedepot တို့လိုဆိုင်တွေမှာ ရရှိနိုင်ပါမည်။ သိပ်စေးမများပါ။ တစ်ခုလျှင် $ 3-5 မျှသာရှိပါတယ်။ လူတစ်ဦး တစ်ခုစီယူဆောင်လာပေးစေနိုင်လျှင် ကျေးဇူးတင်ပါတယ်။


စာသင်ပေးတဲ့ ဆရာနှစ်ပါးကို အအေး၊ ကော်ဖီ တိုက်ကျွေးခြင်းနှင့် ပါဝင်လိုသူများရှိလျှင်လည်း ကြိုဆိုပါတယ်နော။

57 views0 comments

Comentarios


bottom of page