ဘုရားသခင်၏အလိုတော်နှင့်အကြံအစည်တော်
👆ယနီကုတ်နဲ့ဖတ်ရန် - - - ဘုရားသခင်၏ကြီးမားသောအကြံအစည်၊ အလိုတော်ကိုသိဖို့လိုပါသည်။
ဘုရားသခင်၏အကြံအစည်သည် ကျွန်ပ်တို့အားဖြင့်ပြည့်စုံရန်ဖြစ်သည်။
* ဘုရားသခင်၏ အကြီးမားဆုံးသောအလိုတော်နှင့်အကြံအစည်တော်ကို သိရဲ့လား။ထိုအလိုတော်နှင့်အကြံအစည်တော် ကိုမသိရင် ဘယ်လိုအလုပ် လုပ်မလဲ။အလိုတော်နှင့်အကြံအစည်တော်ကို သိပါက ဘုရားအမှု့တော်မြတ်၌ပါဝင်ခြင်းသည် တာဝန်ဟုမထင်တော့ပါ။ ဝန်တာဖြစ်သွားမည်။လေးလံခက်ခဲသည်ဟုမထင်တော့ပါ။ပေါ့ပါး လွယ်ကူသွားလိမ့်မည်။ထိုအလိုတော်နှင့်အကြံအစည်တော်မှာ . ..
လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ရောက်၍၊ သမ္မာတရားကို သိစေခြင်းငှါ၊ဘုရားသခင်အလိုတော်ရှိ။ ၁တိ၊၂း၄
◾လူသားအားလုံးကယ်တင်ခြင်းရောက်ရန် (ဦးစားပေး)
◾သမ္မာတရားကိုသိဖို့
ဤအချက်နှစ်ချက်က ဘုရားသခင်၏ အကြီးမားဆုံးအလိုတော်နှင့်အကြံအစည်ဘဲဖြစ်ပါတယ်။ဘုရားသခင်သည် သိပ်ကောင်းမြတ် သောဘုရားဖြစ်ပါသည်။အပြစ်ငရဲကနေ ကယ်လွှတ်ရုံနှင့်ပြီးသွားသည် မဟုတ်။ပြည်တော်၌ နေ၍ကောင်းစားဖို့ရန် အကြံအစည်ရှိ သည်။
◾ကယ်တင်ခြင်းက ခရစ်တော်၏လုပ်ဆောင်ပေးသည့်အရာကိုယုံကြည်လက်ခံလျှင် အပြစ်ငရဲကနေထာဝရလွတ်မြောက်သွားပြီ ဖြစ်သည်။ကယ်တင်ခြင်းဆိုတာ ထာဝရနှင့်သက်ဆိုင်သောအရာဖြစ်သည်။သို့သော် ကျွန်ပ်တို့သည် လူသားဖြစ်၍လောကမှာ အသက်ရှင်ကျင်လည်ရဦးမည်မဟုတ်လော။လောကအသက်ရှင်ကျင်လည်သည့်အခါ သမ္မာတရားမသိပါက ဇာတိဒုစရိုက် ရဲ့ချည်နှောင်ခြင်း၊ဖမ်းစားခြင်းကိုခံနေရမည်ဖြစ်သည်။
◾နှုတ်ကပတ်တော်က '' သမ္မာတရားကိုလည်း သိကြသဖြင့်၊ ထိုသမ္မာတရားသည် သင်တို့ကိုလွှတ်လိမ့်မည်'' ဥပမာ၊ ကျန်းမာရေး နှင့်ပတ်သက်၍ဘယ်လိုယုံကြည်ရမယ်ဆိုတာ ကျမ်းာစာမှာဖော်ပြထားပြီးဖြစ်သော်လည်း၊ ယုံကြည်သူသည် မသိပါက လွတ်မြောက် မည်မဟုတ်ပါ။ပေးလှုသည့်နည်းလမ်းများမသိပါက ကောင်းကြီးများစွာ ဆုံးရှုံးသွားမည်။
◾ထာဝရအသက်ရရင်ကောင်းကင်ရောက်မယ်ဆိုတာစိတ်ချရသော်လည်း ကောင်းကင်ရောက်သည့်အခါ ခရစ်တော်၏ ဆုပေးသည့် အစီအစဉ်ကိုမသိပါက လောကမှာကြိုက်သလိုအသက်ရှင်မည်ဖြစ်သည်။ထိုအကြောင်းကိုသိပါက ဆုရချင်သောသူက ကြိုးစားမည် ဖြစ်သည်။ထိုအကြောင်းအရာများ သမ္မာတရားကို မသိပါက ခရစ်ယာန်အသက်တွင် `ဆုံးရှုံးမှု့များစွာရှိပါသည်။
ခရစ်တော်၏ ဧဝံဂေလိသတင်းကိုကြားရပြီး ထာဝရအသက်ရရုံမက သမ္မာတရားကိုသိ၍ အသက်တာမှာကောင်းကြီးမင်္ဂလာများ ခံစား ရန်ဘုရားသခင်အလိုတော်ရှိပါသည်။ချစ်သောမိတ်ဆွေ . . . ကိုတော်၏အလိုတော်နှင့်အကြံအစည်တော်ကို သိပါက လူတိုင်းကယ်တင်ခြင်းရဖို့ ဝန်တာစိတ်နှင့်ဧဝံဂေလိပြောပါ။တာဝန်ဆိုတာ အခရလို့၊တာဝန်ပေးခြင်းခံရလို့ စေတနာမရှိလည်း တာဝန် ဖြစ်သောကြောင့် လုပ်ဆောင်ခြင်းဖြစ်ပါတယ်။ဝန်တာဆိုတာ စေတနာစိတ်နှင့်အလိုလိုလုပ်ဆောင်ချင်တဲ့စိတ်နှင့်လုပ်ဆောင်ခြင်း ဖြစ်ပါတယ်။
ခရစ်တော်ကို ယုံကြည်သူတိုင်း သမ္မာတရားသိလာကြဖို့ လုပ်ဆောင်ကြပါစို့။
အယောက်တိုင်း ဘုရားကောင်းကြီးပေးပါစေ။
◾သမ္မာတရားကိုသိဖို့
39 views
  • YouTube
  • Facebook Social Icon