ဘုရားကျောင်းရဖို့ကြိုးစားဆုတောင်းကြရအောင်

ဘုရားကျောင်း ဝယ်ယူနိုင်ဖို့ မမေ့မလျော့ အစဉ်အထူးသတိရလျက် ဆုတောင်းကြရအောင်။ ဘုရားသခင်မတတ်နိုင်သောအမှု့မရှိပါ။ အချိန်တန်သောအခါ ဘုရားသခင်အမှု့ပြုပါလိမ့်မယ်။ ဆုတောင်းခြင်းကသာ အဓိကအရေးကြီးတယ်။
မနေ့က Sandy နှင့်စကားပြောဖြစ်ပြီးနောက် ယနေ့ညနေ သူကဖုန်းပြန်ခေါ်လာပါတယ်။ ကျွန်ပ်တို့ ဆက်ဆုတောင်းကြရအောင်။ Robert က အခြားဘဏ် Community bank ကိုဖုန်းခေါ်မယ်လို့ဆိုပါတယ်။ Chase မှာမရတာကတော့ သေချာပါတယ်။ Community bank ထံကရယူနိုင်ဖို့ အထူးဆုတောင်းကြပါ။
Sandy ကို Glen Ellyn ကဘုရားကျောင်းကိုလည်း ပေးပို့ပြီးဖြစ်ပါတယ်။ သူတို့စုံစမ်းတွက်ချက်ရာ ဝင်ငွေနှင့်သိပ်မကိုက်သလိုဖြစ်နေပါတယ်။ ဆုတောင်းကြဖို့ပါ။ Sandy က သူကိုယ်တိုင်က ဘုရားကျောင်း ရှာပေးမယ်လို့ပြောပါတယ်။ ဆောက်ပြီးသားဘုရားကျောင်းမရနိုင်ပါက Comercial အဆောင်အအုံဝယ်ပြီး ဘုရားကျောင်းလုပ်ဖို့ ကြိုးစားကြမယ်လို့ အကြံပြုထားပါတယ်။
Sandy ကလည်းတတ်နိုင်သလောက်ကူညီပေးပါလိမ့်မယ်။ သူ့အတွက်ရော၊ Robert အတွက်ရော၊ ချေးငွေအတွက်ရော အထူးဆုတောင်းကြပါစို့။
ဆုတောင်းရန်အထူးတိုက်တွန်းချက်ဖြစ်ပါတယ်။ အားလုံးကိုဘုရားသခင် ကောင်းကြီးပေးပါစေ။
Pastor Manar Chai
✍🏻 အကြံပြုစရာများရှိလျှင် 👇 comment ထဲတွင်ရေးသားဖော်ပြပေးပါ။