ဘုရားကျောင်းပြန်တက်မည်

April 4,2021နေ့တွင် ဘုရားကျောင်းပြန်လည်တက်ရောက်မည်။

ကပ်ရောဂါကြောင့် ဘုရားကျောင်းတွင် ဝတ်ပြုကိုးကွယ်ခြင်းနှင့် Home cell အစီအစဉ်များမပြုလုပ်နိုင်ကြသည်မှာ တစ်နှစ်တင်းတင်းပြည့်ခဲ့ပြီ။ အသင်းတော်မိသားစုဝင်များ နွေးထွေးမှု့မခံစားကြရသည်မှာလည်း အတော်ကြာလာခဲ့ပါပြီ။ သို့သော်ယနေ့ချိန်ထိ ကျန်းမာခြင်းအခွင့်ကို အသင်းတော်မိသားစုဝင်တိုင်းအား ပေးတော်မူသော ဘုရားသခင်၏ကျေးဇူးတော်ကိုအထူးချီးမွမ်းရပါ၏။

ဘုရားသခင်ကျေးဇူးတော်ကြောင့် ဘုရားကျောင်းပိုင်ရှင်များမှ ဘုရားကျောင်းတွင်ပြန်လည်ကိုးကွယ်ဝတ်ပြုနိုင်ရန် အခွင့်ပေးပြီဖြစ်၍ လာမည့် April 14 ရက်နေ့မှစတင်ပြီး ဘုရားကျောင်းတွင် ပုံမှန်ချိန်အတိုင်းပြန်လည် ကိုးကွယ်ဝတ်ပြုသွားကြတော့မည်ဖြစ်ပါသည်။ အယောက်တိုင်းပြန်လည် ပါဝင်လာကြရန်အသိပေးနှိုးဆော်အပ်ပါ၏။

Praise & Worship team အဖွဲ့အနေဖြင့်လည်း ကြိုတင်ပြင်ဆင်ခြင်းနှင့်အတူ နိုးနိုးကြားကြား ပြန်လည်ဦးဆောင်ပေးသွားကြရန် နှိုးဆော်ပါ၏။ Sunday School ကိုလည်းဘုရားကျောင်းတွင်သာ ပြန်လည်သင်ကြားပေးသွားကြမည်ဖြစ်ပါသည်။ Mark ကိုယ်စီတပ်ဆင်လာကြရန်လိုအပ်ပါမည်။

ဘုရားကျောင်းပြန်လည်ဆုံတွေ့ ဝတ်ပြုခွင့်ရတော့မှာမို့ အားလုံးဝမ်းမြောက်ကြလိမ့်မည်ဟုမျှော်လင့်ပါသည်။ လာမည့် April 4 ရက် တနင်္ဂနွေ ညနေ ၁ နာရီမှာအားလုံးပြန်လည် ဆုံတွေ့ကြပါစို့။

အားလုံးကိုကျေးဇူးတင်ပါသည်။


Pastor Manar Chai


46 views0 comments

© 2019 by Immanuel Myanmar Church , Wheaton ( Chicago land ) 

  • YouTube
  • Facebook Social Icon