top of page

ဘုန်းတော်အတွက် ဘုရားခေါ်လျှင်

ယူနီကုတ်-Zawgyi ဖတ်ရန် 👆 ဘုရားသခင်က အမှု့တော်အတွက် လူအမျိုးမျိုး၊ အခြေအနေအမျိုးမျိုးထဲက ခေါ်ထုတ်ပြီးလျှင် နည်းမျိုးစုံကနေ ဘုန်းတော်အတွက် အသုံးပြုသွားပါသည်။ ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာနေသည်ဖြစ်စေ၊ နာနေသည်ဖြစ်စေ ကိုယ်တော့်ဘုန်းအဖို့လား။


ဘုရားသခင်က လူမြင်သလိုမမြင်ပါ။ လူကဖြစ်နိုင်ခြေနှင့် အခြေအနေအချိန်ခါကိုကြည့်ပြီး ထင်ရာကိုသာပြောတတ်ပါသည်။အပြင်ကအဖြစ်အပျက်ကိုသာကြည့်ပြီး မှတ်ချက်ချတတ်ပါသည်။ ဘုရားသခင်ကထိုသို့မဟုတ်ပါ။


ဘုရားသခင်အလုပ်လုပ်ခြင်းက အံံ့သြဖွယ်သိပ်ကောင်းသည်။စဉ်းစား၍လည်းမမှီနိုင်ပါ။ သူ၏ဘုန်းတော်ထင်ရှားဖို့ သူရွေးကောက်ထားသောသူများကို နည်းအဖုံဖုံလမ်းအသွယ်သွယ်ဖြင့် အသုံးပြုခေါ်ဆောင်သည်ကို နှူတ်ကပတ်တော်ကြည့်သောအခါ တွေ့ရပါသည်။


သူ၏ဘုန်းတော်ထင်ရှားဖို့အတွက်ဆိုရင် ဆင်းရဲပင်ပန်းစွာအစေခံခြင်းအားဖြင့်၊ ဆင်းရဲဒုက္ခအားဖြင့်လည်း လုပ်ဆောင်ပါသည်။ ယောဘအသက်တာ၊ ရှင်ပေါလုစသော တမန်တော်များ၊ သာသနာပြုဆရာကြီးများ၏ ဆင်းရဲခံခြင်းကြောင့် မြောက်များစွာသောသူများ ပြောင်းလဲလာကြသည်မဟုတ်လော။

နာနေသောလာဇရုဟာ ဘုရားဘုန်းတော်ထင်ရှားဖို့သာဖြစ်ကြောင်း ယေရှူက အခိုင်အမာပြောဆိုနေခဲ့သည်မဟုတ်လော။


ရှောလမုန်၏ ဘုန်းစည်းစိမ်နဲ့ညာဏ်ပညာကိုအံ့သြချီးမွမ်းနေကြသော ရှေဘပြည်ကမိဖုရားကြီး၊ တိုင်းနိုင်ငံများကိုလည်းတွေ့ရမှာဖြစ်ပါသည်။

 

ဘုရားသခင္က လူျမင္သလိုမျမင္ပါ။ လူကျဖစ္နိုင္ေျခႏွင့္ အေျခအေနအခ်ိန္ခါကိုၾကည့္ျပီး ထင္ရာကိုသာေျပာတတ္ပါသည္။အျပင္ကအျဖစ္အပ်က္ကိုသာၾကည့္ျပီး မွတ္ခ်က္ခ်တတ္ပါသည္။ ဘုရားသခင္ကထိုသို႔မဟုတ္ပါ။

ဘုရားသခင္အလုပ္လုပ္ျခင္းက အံံ့ၾသဖြယ္သိပ္ေကာင္းသည္။စဥ္းစား၍လည္းမမွီနိုင္ပါ။ သူ၏ဘုန္းေတာ္ထင္ရွားဖို႔ သူေရြးေကာက္ထားေသာသူမ်ားကို နည္းအဖံုဖံုလမ္းအသြယ္သြယ္ျဖင့္ အသံုးျပဳေခၚေဆာင္သည္ကို ႏႉတ္ကပတ္ေတာ္ၾကည့္ေသာအခါ ေတြ႔ရပါသည္။

သူ၏ဘုန္းေတာ္ထင္ရွားဖို႔အတြက္ဆိုရင္ ဆင္းရဲပင္ပန္းစြာအေစခံျခင္းအားျဖင့္၊ ဆင္းရဲဒုကၡအားျဖင့္လည္း လုပ္ေဆာင္ပါသည္။ ေယာဘအသက္တာ၊ ရွင္ေပါလုစေသာ တမန္ေတာ္မ်ား၊ သာသနာျပဳဆရာၾကီးမ်ား၏ ဆင္းရဲခံျခင္းေၾကာင့္ ေျမာက္မ်ားစြာေသာသူမ်ား ေျပာင္းလဲလာၾကသည္မဟုတ္ေလာ။

နာေနေသာလာဇရုဟာ ဘုရားဘုန္းေတာ္ထင္ရွားဖို႔သာျဖစ္ေၾကာင္း ေယရႉက အခိုင္အမာေျပာဆိုေနခဲ့သည္မဟုတ္ေလာ။

ေရွာလမုန္၏ ဘုန္းစည္းစိမ္နဲ႔ညာဏ္ပညာကိုအံ့ၾသခ်ီးမြမ္းေနၾကေသာ ေရွဘျပည္ကမိဖုရားၾကီး၊ တိုင္းနိုင္ငံမ်ားကိုလည္းေတြ႔ရမွာျဖစ္ပါသည္။


 

8 views0 comments
bottom of page