ဘရားနှင့်အတူသွားလာရင်းဒုက္ခဖြစ်လာရင်
ယူနီကုတ်နဲ့ဖတ်ရန်👆 ဒုက္ခကြုံရတဲ့အခါ မှန်ကန်တဲ့အဖြေသိဖို့အရေးကြီးပါတယ်။ သို့မှသာ ဖြေရှင်းတတ်မှာဖြစ်တယ်
ဘုရားနှင့်အတူသွားလာရင်း၊ဆုတောင်းရင်း အသက်တာမှာ အဆင်မ ပြေခြင်းပြသနာဟာ သင့်အားဖြင့်ဘုရားဘုန်းထင်ရှားဖို့ဖြစ်တယ်ဆိုတာ မမေ့စေ ချင်ပါ။ ပေါလုနှင့်သိလ... ခရစ်တော်အတွက်သွားရင်း ထောင်ထဲရောက်ခဲ့ကြ ရပါတယ်။ထောင်ထဲရောက်နေခြင်းမကလို့ သွေးထွက်သံယိုဖြစ်သည်အထိရိုက် နှက်ခြင်းခံကြရတာပါ။ဒါပေမဲ့ အဲဒီခက်ခဲခြင်းအဆင်မပြေခြင်းဟာ သူတို့အားဖြင့် ထောင်တံခါးပွင့်ပြီး ထောင်မှုးတစ်မိသားစုလုံး ပြောင်းလဲခြင်းအကြောင်းဖြစ်လာ ပါတယ်။တစ်ခါတစ်ရံကျနော်တို့က ဘာအဖိုးအခမှမပေးရပဲ ဘုရားဆီက မစခြင်း၊ ကောင်းကြီးပေးခြင်း၊ ဘုန်းထင်ရှားခြင်းတွေကို လိုချင်တတ်ကြပါတယ်။ သင့် အား ဖြင့် ဘုရားသခင်၏ ဘုန်းတကယ်ထင်ရှားစေချင်တယ်ဆိုရင် သင့်ရဲ့အခက်အခဲ ပြသနာ၊ အဆင်မပြေခြင်းတွေထဲကလည်း ဖြစ်လာဖို့မျှော်လင့်တတ်ဖို့လိုပါတယ်။ အရေးကြီးဆုံးက သင် ကိုယ်တော်နှင့်သွားလာနေဖို့ပါပဲ။ ///________________________________________
------------------------------------------------------
96 views
  • YouTube
  • Facebook Social Icon