ပါဝင်လုပ်အားပေးရန်ဖိတ်ခေါ်
မင်္ဂလာပါ . . . ကျွန်ပ်တို့ ဘုရားကျောင်းဝယ်ယူကြရတာဟာ ဘုရားကျောင်းဖြစ်ပြီးသားမဟုတ်သည့်အတွက် လုပ်ဆောင်စရာ၊ ပြင်ဆင်စရာ သိပ်ကိုများနေပါတယ်။ အကုန်အကျလည်းအရမ်းကို များနေပါတယ်။ ဒါပေမဲ့ အသက်ရှင်တဲ့ ဘုရားကို ကိုးကွယ်ရန်ဖြစ်သည့်အတွက် ဘုရားက ဆက်လက် ပြင်ဆင်သွားမှာပါ။
ဘုရားကျောင်း စာချုပ်ဆိုပြီးကတည်းက ပြင်ဆင်ကြတာ တစ်လနီးပါးရှိနေပြီဖြစ်ပေမဲ့ မပြီးနိုင်သေးပါ။ ကြိုးစားလုပ်ဆောင်ဆက်ကပ်သူအားလုံးကိုလည်း ကျေးဇူးတင်မှတ်တမ်းတင်ထားအပ်ပါတယ်။ မကြာခင်ပြီးဆုံးနိုင်ဖို့ ဆက်လက်ကြိုးစားနေကြပါတယ်။
ဒါကြောင့် သန့်ရှင်းရေးလုပ်စရာက မကုန်နိုင်သေးပါ။ အားသူအဆင်ပြေသူများ ရှိနေမည်ဆိုလျှင် မနက်ဖြန် စနေနေ့မှာ လုပ်အားပေးစရာများစွာရှိနေပါတယ်။ မပါဝင်မဆက်ကပ်သေးတာပဲဖြစ်ဖြစ် ဆက်ကပ်လုပ်အားပေးနေပြီးသားဖြစ်ဖြစ် ဆက်လက် လာရောက်လုပ်အားပေးစေလိုပါတယ်။
လုပ်အားပေးသူများကို အစားအစာ ပြင်ဆင်ပေးတာပဲဖြစ်ဖြစ်လည်း ပါဝင်နိုင်ပါတယ်။ လာမည့် ဇန်နာဝါရီ (၃၀) အမှီလုပ်ငန်းပြီးမြောက်နိုင်ဖို့ ကြိုးစားပါဝင်ကြပါစို့လို့ ခရစ်တော်နာမ၌ တိုက်တွန်းနှိုးဆော်အပ်ပါ၏။ အမျိုးသမီးတွေရော၊ အမျိုးသားတွေရော၊ လူငယ်တွေရောပါ ဖိတ်ခေါ်ပါ၏။
ခဏခဏ ဖိတ်ခေါ်ရတဲ့အတွက် အားနာပါတယ်။ သို့ပေမဲ့ အားလုံးဝိုင်းပါဝင်မှ အဆင်ပြေနိုင်မှာ ဖြစ်လို့ ထပ်ခါထပ်ခါ နှိုးဆော်နေရခြင်းဖြစ်ပါတယ်။
ကျေးဇူးတင်ပါတယ်။
Pastor Manar Chai
