ပါဝင်ကောင်းကြီးယူနိုင်ရန် တံခါးဖွင့်ထားသည်။
မကြာခင်အတွင်း အသင်းတော်ကိုယ်ပိုင် ဘုရားကျောင်း စာချုပ်ချုပ်ဆိုပြီးစီးပါက ဦးစွာလိုအပ်သော ဘုရားကျောင်းအသုံးအဆောင်ပစ္စည်းများကို ဖော်ပြပေးလိုက်ပါတယ်။ မိမိပါဝင်နိုင်မည့်အရာများအတွက် ဆုတောင်းနိုင်ရန်ဖြစ်ပါသည်။ မပါဝင်မနေရမဟုတ်ပါ။ ဘုရားသခင် နှိုးဆော်လို့ ပါဝင်လို တယ်ဆိုရင် ပါဝင်ကောင်းကြီးယူနိုင်ကြရန်သာဖြစ်ပါသည်။
ဥပမာအားဖြင့် .... TV Screen အတွက် $ 1- ကစလို့ မိမိတတ်နိုင်သမျှလည်း ပါဝင်နိုင်ပါတယ်။
ကောင်းကြီးယူစရာများစွာထဲက အချို့ကိုသာ ဖော်ပြပေးခြင်းဖြစ်ပါတယ်။ ခရစ္စမတ်ကိုလည်း ဘုရားကျောင်းဆောင်သစ်တွင်သာ ပြုလုပ်ကျင်းပနိုင်ရန် မျှော်လင့် ဆုတောင်းနေပါတယ်။ Thanksgiving day လည်းမကြာခင်ရောက်တော့မှာ မို့ ရင်ခုန်လှုပ်ရှား ကောင်းကြီးတံခါး ဖွင့်ပေးလိုက်ပါတယ်နော။

Flat Screen monitor ကတော့ လက်မအားဖြင့် ၆၅ လက်မ မှ ၇၅ လက်မအတွင်းဖြစ်နိုင်ပါသည်။ တန်ဖိုးခန့်မှန်းချက်မှာ $ 900 မှ $ 2000 အကြားရှီပါမည်။ အမြဲတမ်းအသုံးပြုရမည့်အရာဖြစ်တဲ့အတွက် စျေပေါတာမဟုတ်ပဲ အသင့်အသင့်တတ်နိုင်တာကို ဝယ်ယူရန်ဖြစ်ပါသည်။ လောလောဆယ်တွင် အနည်းဆုံး ၂ လုံးလိုအပ်မည်ဖြစ်ပါသည်။ ဘယ်ချိန် ဝယ်ရမယ်လို့ သတ်မှတ်ထားခြင်းမရှိပါ။

အသင်းတော်ရုံးသုံးရန် Mac computer ၂ လုံးလိုအပ်မည်ဖြစ်ပါတယ်။ Worship & office အတွက် ဖြစ်ပါတယ်။ စျေးနှုန်းအားဖြင့် တစ်လုံးလျှင် $ 999 မှ $ 2000 အကြားရှိမည်ဖြစ်သည်။ မကြာခဏပြန်လည် ဝယ်ယူခြင်းမျိုးမပြုရန်ဖြစ်ပါတယ်။
မိမိတတ်နိုင်သလောက် ဗိမာန်တော်အသုံးအဆောင်အတွက် ပါဝင်နိုင်ဖို့ ဆုတောင်းပါ။ ပေးလိုသောဆန္ဒရှိရင် ပေးစရာကို ဘုရားကသာပြင်ဆင်ပေးမှာဖြစ်ပါတယ်။ မပါဝင်နိုင်လို့ စိတ်အားငယ် စိတ်ပျက်စိတ်မကောင်း ဖြစ်ရန်လည်းမလိုပါ။ အခြားပါဝင်စရာနေရာများစွာ ရှိနေပါသေးတယ်။
ညီကိုမောင်နှမအပေါင်းတို့ရေ အမြန်ဆုံး Closing လုပ်ဖို့ဆုတောင်းရင်း ကိုယ်ပိုင်ဘုရားကျောင်းသစ်မှာ အားရပါးရ လွတ်လွတ်လပ်လပ် ဝတ်ပြုမည့်နေ့ကို မျှော်လင့်ရင်ခုန်ကြရအောင်