ပင်ပန်းနေပြီလား
ဝမ်းနည်းစိတ်ပျက်အားငယ်နေပြီလား။ ဒီနှုတ်ကပတ်တော်ကိုဖတ်ကြည့်ပါ

ဝန်လေးနေပါသလား . . . ~~~~~~~~~~~~~~~~~
မိတ်ဆွေ . . . သင်ထမ်းနေရသောဝန်သည် လေးနေပါသလား။သင်ခံစားနေရ သောအခက်အခဲ၊ ဒုက္ခပြဿနာသည်ကြီးမားလွန်းလို့ စိတ်ပျက်ဝန်လေးနေတယ် မဟုတ်လား။ဟုတ်ပါတယ်။သင်ဘယ်လိုပဲစဉ်းစား၊စဉ်းစား ထွက်ပေါက်မရှိဘူး။ စဉ်းစားလေ စိတ်ပျက်လေမဟုတ်လား။ဘယ်သူကမှ သင့်ရဲ့ဒုက္ခပြဿနာကိုနား လည်မပေးနိုင်ဘူး။မိတ်ဆွေသူငယ်ချင်းများကိုဖွင့်ပြောပေမဲ့ သူတို့ကလည်း Sorry ပါလို့ပြောတာကလွဲရင်ဘာမှလုပ်မပေးနိုင်ဘူး။စဉ်းစားရင်း ရူးချင်လေမဟုတ်လား။ ဘာမှမပူပါနဲ့။ ... သင့်ဘ၀မှာ သင့်ကိုကယ်နိုင်တဲ့သူ၊ အားပေးကူမနိုင်မည့်သူရှိပါ တယ်။... သူကတော့ ယေရှုခရစ်တော်ဘုရားပဲ။ မိတ်ဆွေ ... သင့်ဘ၀ဘာဖြစ်နေသလဲဆိုတာအရေးမကြီးဘူး။ ယေရှုကို သင်မြင်လိုသောဆန္ဒရှိဖို့ပဲအရေးကြီးပါတယ်။ ယေရှုကိုသင် ယုံကြည်ဖို့ပဲလိုပါ တယ်။ စုတ်ပြတ်သတ်နေတဲ့ ပြည့်တန်ဆာမ၊ တရားအရအသေခံရ တော့မဲ့ ပြည့်တန်ဆာအမျိုးသမီးတစ်ဦး ယေရှုနှင့်တွေ့လို့ လွတ်မြောက်ခဲ့ရတယ်။ တစ်ဆယ့်နှစ်နှစ်လုံးလုံး သွေးသွန်အနာရောဂါစွဲပြီး ဆေးကုသတာ ရှိသမျှ ပစ္စည်း ကုန်နေပါပြီ။ ယေရှုကိုယုံကြည်စွာနဲ့ထိတွေ့လိုက်ချိန်မှာဘာမှမကုန်ကျပဲတစ်ကိုယ် လုံးကျန်းမာသွားခဲ့ပြီ။ ယောသပ်ကို ကျွန်ဘ၀ကနေ ၀န်ကြီးအထိချီးမြှောက် ခဲ့တယ်။ ထိုဘုရားဟာယေရှုဘုရားပါမိတ်ဆွေ။သင်တကယ်ဆန္ဒရှိရင်၊ သင်တ ကယ်ယုံပြီး လက်တွေ့လုပ်ရင် တကယ်ဖြစ်ပါတယ်မိတ်ဆွေ။ သင်ဘယ်လောက် အခက်အခဲပြသနာတွေရှိနေပါစေ၊ သင့်ဘ၀စုတ်ပြတ်သတ်နေရလောက်အောင် ဖြစ်နေပါစေ၊ သင့်အဖြစ်မှန်ကိုဝန်ခံပြီး ကိုယ်တော်ဆီလာပါ။ ယေရှုက ... ၀န်လေး၍ ပင်ပန်းသောသူအပေါင်းတို့ ငါ့ထံသို့လာကြလော့။ ငါသည်ချမ်းသာ ပေးမည်'' . ........