နွေးထွေးသောမေတ္တာ

ယူနီကုတ် နှင့်ဖတ်ရန် 👆


နွေးထွေးသောသူ့မေတ္တာ

ကျနော်နေမကောင်းဖြစ်တော့ ကျနော့အမျိုးသမီးက အကြင်နာစကား၊ အကြင်နာမျက်လုံးတွေနဲ့ ဂရုတစ်စိုက်ရှိနေပါတယ်။ ခန္ဓာကိုယ်တစ်ခုလုံး မီးလိုပူခြစ်နေပေမဲ့ ကျနော်က အရမ်းကိုချမ်းနေသလိုခံစားရတယ်။ အနွေးဓါတ်လိုချင်နေတယ်။ ဇနီးသည်က ပွေ့ဖက်ပြီးအနွေးဓါတ်ပေးနေတော့ ကျနော့်အဖို့နွေးနေပေမဲ့ သူ့မှာ ချွှေးသီးသီးနဲ့လေ။ဒါကို သူမမူပါဘူး။ အကြင်နာဓါတ်လေးသူ့ဆီက ခံစားရတယ်။ အနွေးထွေးဆုံးစကားချိုလေး ထပ်ခါထပ်ခါကြားရတော့ နာကြင်မှု့တွေပါပျောက်သွားသလိုမျိုးခံစားရတာပေါ့။အထူးတလည်ဂရုစိုက်ပြုစုပေးတော့ ဘုရားမေတ္တာဟာလည်း ဘယ်လောက် တောင်မှကြီးမားပါသလဲဆိုတာ ဆင်ခြင်မိတယ်လေ။


ကျွန်ပ်တို့ကိုဖန်ဆင်းပြီး ရွေးနှုတ်ကယ်တင်ခဲ့သော ကိုယ်တော့်မေတ္တာဘယ်လောက်တောင်နွေးထွေးမလဲ။ ကျွန်ပ်တို့အခက်ခဲ ဒုက္ခပြသနာရင်ဆိုင်ကြုံတွေ့နေရတိုင်း ကျွန်ပ်တို့အနားက တစ်ဖဝါးမှမခွါပဲ အတူရှိနေပေးတာ ယေရှုခရစ်ပါပဲ။ စိုးရိမ်ခြင်းတွေ၊ ကြောက်ကြခြင်းတွေရှိနေသည့်အခါ အလုံခြုံဆုံး ကွယ်ကာပေးနေပါသည်။


ကျွန်ပ်တို့အနားမှာ မည်သူတစ်ဦးတစ်ယောက်မှမရှိတော့ရင်တောင် ကျွန်ပ်တို့ကိုဘယ်သောအခါမှမစွန့် ပစ်ပါ။ ကပ်ကမ္ဘာကုန်သည့်တိုင်အောင် ကျွန်ပ်တိုနှင့်အတူရှိမည်ဟု ကတိပေးထားခဲ့ပါတယ်။ ထိုအရှင် ဘုရားရဲ့အနွေးထွေးဆုံးအချစ်ကို မည်သူကတုနှိုင်းမမှီနိုင်ပေ။အထူးသဖြင့် ဒုက္ခရောက်သည့်အခါ ကယ်မလျက်ရှိကြောင်းထင်ရှားတယ်။ ထာ၀ရမေတ္တာနှင့် ချစ်တယ်။ ဘယ်လောက်ချစ်သလဲဆိုတာ သားတော်အသေခံစေသည့်တိုင်အောင်ချစ်တယ်။


နံနက်တိုင်းကျေးဇူးဂရုဏာတော်အသစ်ကိုခံစားစေတယ်။ သာယာသောမြစ်နားသို့ ပို့ဆောင်ပေးတယ်။ အထိအခိုက်မရှိစေရန် စောင့်ရှောက်ပေးတယ်။ ကိုယ်တော့်မေတ္တာနွေးထွေး လုံခြုံလွန်းပါတယ်။


က်ေနာ္ေနမေကာင္းျဖစ္ေတာ့ က်ေနာ့အမ်ိဳးသမီးက အၾကင္နာစကား၊ အၾကင္နာမ်က္လုံးေတြနဲ႔ ဂ႐ုတစ္စိုက္ရွိေနပါတယ္။ ခႏၶာကိုယ္တစ္ခုလုံး မီးလိုပူျခစ္ေနေပမဲ့ က်ေနာ္က အရမ္းကိုခ်မ္းေနသလိုခံစားရတယ္။ အေႏြးဓါတ္လိုခ်င္ေနတယ္။ ဇနီးသည္က ေပြ႕ဖက္ၿပီးအေႏြးဓါတ္ေပးေနေတာ့ က်ေနာ့္အဖို႔ေႏြးေနေပမဲ့ သူ႔မွာ ခႊၽေးသီးသီးနဲ႔ေလ။ဒါကို သူမမူပါဘူး။ အၾကင္နာဓါတ္ေလးသူ႔ဆီက ခံစားရတယ္။ အေႏြးေထြးဆုံးစကားခ်ိဳေလး ထပ္ခါထပ္ခါၾကားရေတာ့ နာၾကင္မႈ႕ေတြပါေပ်ာက္သြားသလိုမ်ိဳးခံစားရတာေပါ့။အထူးတလည္ဂ႐ုစိုက္ျပဳစုေပးေတာ့ ဘုရားေမတၱာဟာလည္း ဘယ္ေလာက္ ေတာင္မွႀကီးမားပါသလဲဆိုတာ ဆင္ျခင္မိတယ္ေလ။


ကြၽန္ပ္တို႔ကိုဖန္ဆင္းၿပီး ေ႐ြးႏႈတ္ကယ္တင္ခဲ့ေသာ ကိုယ္ေတာ့္ေမတၱာဘယ္ေလာက္ေတာင္ေႏြးေထြးမလဲ။ ကြၽန္ပ္တို႔အခက္ခဲ ဒုကၡျပသနာရင္ဆိုင္ႀကဳံေတြ႕ေနရတိုင္း ကြၽန္ပ္တို႔အနားက တစ္ဖဝါးမွမခြါပဲ အတူရွိေနေပးတာ ေယရႈခရစ္ပါပဲ။ စိုးရိမ္ျခင္းေတြ၊ ေၾကာက္ၾကျခင္းေတြရွိေနသည့္အခါ အလုံၿခဳံဆုံး ကြယ္ကာေပးေနပါသည္။


ကြၽန္ပ္တို႔အနားမွာ မည္သူတစ္ဦးတစ္ေယာက္မွမရွိေတာ့ရင္ေတာင္ ကြၽန္ပ္တို႔ကိုဘယ္ေသာအခါမွမစြန႔္ ပစ္ပါ။ ကပ္ကမာၻကုန္သည့္တိုင္ေအာင္ ကြၽန္ပ္တိုႏွင့္အတူရွိမည္ဟု ကတိေပးထားခဲ့ပါတယ္။ ထိုအရွင္ ဘုရားရဲ႕အေႏြးေထြးဆုံးအခ်စ္ကို မည္သူကတုႏႈိင္းမမွီႏိုင္ေပ။အထူးသျဖင့္ ဒုကၡေရာက္သည့္အခါ ကယ္မလ်က္ရွိေၾကာင္းထင္ရွားတယ္။ ထာ၀ရေမတၱာႏွင့္ ခ်စ္တယ္။ ဘယ္ေလာက္ခ်စ္သလဲဆိုတာ သားေတာ္အေသခံေစသည့္တိုင္ေအာင္ခ်စ္တယ္။


နံနက္တိုင္းေက်းဇူးဂ႐ုဏာေတာ္အသစ္ကိုခံစားေစတယ္။ သာယာေသာျမစ္နားသို႔ ပို႔ေဆာင္ေပးတယ္။ အထိအခိုက္မရွိေစရန္ ေစာင့္ေရွာက္ေပးတယ္။ ကိုယ္ေတာ့္ေမတၱာေႏြးေထြး လုံၿခဳံလြန္းပါတယ္။

  • YouTube
  • Facebook Social Icon