နှုတ်ကပတ်တော်၏အစွမ်း
ယူနီကုတ် 👉 နှုတ်ကပတ်တော်သည် မီးခွက်ဖြစ်သောကြောင့် အမှောင်ကိုခွင်းအလင်းကိုပေးမည်။ အနာကိုထိ၍ ကျန်းမာစေမည်။ မလိမ္မာသောသူကို လိမ္မာစေမည်။ လမ်းမှားသောသူကို လမ်းမှန်းပို့မည်။ ကြေမွသောနှလုံးသားကို ချမ်းသာငြိမ်သက်စေမည်။

နှုတ်ကပတ်တော်ကို လွှတ်သဖြင့် သူတို့အနာကို ငြိမ်းစေ၍ ဖျက်ဆီးခြင်း အရာများထဲက နှုတ်ယူတော်မူ၏၊၊ ဆာ ၊ ၁၀၇:၂၀
နှူတ်ကပတ်တော်သည် အစွမ်းတန်ခိုးနှင့်ပြည့်နေပါ၏။ အပ္ဗါယ်ငရဲကလွှတ်ပေးရုံမက သေခြင်းမှလည်းထမြောက်စေနိုင်သောတန်ခိုးရှိပါ၏။ခြောက်သွေ့နေသောအရိုးများကိုလည်း ပြန်လည်ရှင်သန်စေနိုင်သော တန်ခိုးရှိပါသည်။ ထိုနှူတ်ကပတ်တော်ကား ယေရှူခရစ်တော် ပင်ဖြစ်ကြောင်း ယော၊ ၁း၁ တွင်ဖော်ညွှန်းနေပါ၏။သင့်အသက်တာထဲမှာ ထိုနှူတ်ကပတ် တော်ရရှိပိုင်ဆိုင်ထားပြီးပြီလား။
နှူတ်ကပတ်တော်၏တို့ခြင်းထိခြင်းခံရသော အနာရောဂါသည်များ၊မျက်စိမမြင်နား ကန်းနေသောသူများ၊ ဝတ်ရူးပြန် စာတန်ပူးကပ်နေသောသူများ နဂိုမူလကျန်းမာခြင်းရကြပါ ပြီ။ သေနေသောလာဇရုကို နှူတ်ကပတ်တော်အသံကြားခြင်းဖြင့် သင်္ချိုင်းကုန်းထဲကနေထ မြောက်လာခဲ့သည်။ချစ်သောမိတ်ဆွေ ထိုနှူတ်ကပတ်တော်ကို အသက်တာထဲမှာရရှိပိုင်ဆိုင် နေရခြင်းသည် သင့်ကိုဖျက်ဆီးဆုံးရှူံးစေမည့်အရာများ၏ ဘေးကနေလွတ်မြောက်ဖို့ ထွက် မြောက်ဖို့ပင်ဖြစ်သည်။ဘုရားသခင် စေလွှတ်တော်မူသော နှူတ်ကပတ်တော်ရှင်ယေရှူခရစ် တော်သည် မနေ့.နေ့နောင်ကာလအစဉ်မပြောင်းလဲပဲ သင်နှင့်ကျွန်ပ်အနားမှာအမြဲရှိနေပါ၏။
သင်ဤဗိမာန်တော် ထဲသို့ရောက်လာသောအခါ အသက်ရှင်သောနှူတ်ကပတ်တော် ကိုကြားဖို့ သင့်အာရုံကိုစုစည်းပါ။မနောထဲကတမ်းတပါ။တောင့်တပါ။အသေချာ နားထောင်ပါ။ ချီးမွမ်းသီချင်းစာသားတွေထဲမှာ၊ တေးဂီတသံဇဉ်တွေထဲမှာ၊ သက်သေခံခြင်းတရားဟောချက် တွေထဲတွင်ဘုရားသခင်၏ နှူတ်တော်ထွက်စကားများပါနေပါသည်။ ချီးမွမ်းသီချင်းတေးသံ စဉ်များကိုအာရုံစိုက်နားထောင်နေရင်း သင့်အထဲကညီးတွားခြင်း၊ဝမ်းနည်းခြင်း၊ပင်ပန်းခြင်း များလွင့်ပျောက်သွားကြပါလိမ့်မည်။သင်၏ဝမ်းမြောက်ခြင်းကို ဖျက်ဆီးနေသောအရာများကို ဝေးလွင့်သွားလိမ့်မည်။ ရှောလုအထဲမှာ ဆိုးသောဝိညာဉ်သောင်းကြမ်းနေသောအခါ ဒါဝိဒ်ထံ မှစောင်းသံကိုကြားရလျှင် ဝိညာဉ်ဆိုးထွက်ခွါသွားပါသည်။ ထိုနည်းတူ သင့်အထဲမှာ ဖျက်ဆီး နေသောဝိညာဉ်ဆိုးနတ်ဆိုးများ ထွက်သွားဖို့ စတင်ချီးမွမ်းပါ။ကိုးကွယ်ပါ။
တရားဟောချက်၊ သက်သေခံချက်များကို သေချာနားထောင်ပါ။ သင့်အထဲမှာအား နည်းနေခြင်း၊ မကျန်းမမာခြင်းများထွက်သွားနိုင်သောယုံကြည်ခြင်းကိုရရှိလာပါလိမ့်မည်။နှူတ် ကပတ်တော်တွင် ( တ၊ ၁၄း၈-၁၀) ပေါလုဟောပြောသော နှူတ်ကပတ်တော်ကို သေချာဂရု. စိုက်နားထောင်နေသော ခြေမစွမ်းသူ လမ်းပြန်လျှောက်နိုင်ကြောင်းဖော်ပြထားပါသည်။ ချစ် သောမိတ်ဆွေ ထိုနှူတ်ကပတ်တော်သည် တန်ခိုးနှင့်ပြည့်ကြောင်းယုံကြည်၍ ထိုနှူတ်ကပတ် တော်နှင့်အတူလျှောက်လှမ်းအသက်ရှင်ပါ။ သင့်အသက်တာတွင် ထိုးခြားအံ့ဖွယ်ရာများအား မြင်တွေ့ရမည်ဖြစ်ကြောင်း မေတ္တာနှင့်အသိပေး