၂၀၂၁ နှစ်သစ်ခရီး ဘုရားနှင့်အတူအစပြုစို့

Updated: Dec 29, 2020


ချစ်လှစွာသော သင်းဝင်ယုံကြည်သူများ 🙏🏼

မကြာခင် ၂၀၂၀သည် ကုန်ဆူုံးတော့မည်ဖြစ်ပေသည်။ ကျွန်ပ်တို့မိသားစုအသီးသီးအတွက် ချီးမွမ်းစရာသိပ်များမည်ဟုယုံကြည်ပါ၏။ ဘုရားရှင်ဟာ သိပ်ကောင်းမြတ်နေပါတယ်။ ခက်ခဲလှတဲ့ နှစ်ကိုဖြတ်သန်းလာခဲ့ကြပေမဲ့ ဘုရားရှင်၏ကျေးဇူးဂရုဏာကြီးမားလှပေသည်။

🙏🏼 လာမည့် ဒီဇင်္ဘာ ၃၁ ရက်နေ့ညတွင် အွန်လိုင်းမှ အသင်းတော်တစ်ခုလုံး၏ ဝတ်ပြုဆုတောင်းခြင်းအစီအစဉ်ကိုပြုလုပ်ကြမည်ဖြစ်ပါသည်။ သက်သေခံစရာများ၊ ချီးမွမ်းစရာများအား မိသားစုအသီးသီးပြင်ဆင်ကြစို့။


✍🏻 တစ်နှစ်တာလုံးအတွက် ပြန်လည်ရေတွက်ပြီးပြီလား။ ကျေးဇူးတော်ချီးမွမ်းလျက် ဖော်ပြကြမယ်။ ကျေးဇူးတော်ချီးမွမ်းခြင်းဆိုတာ လာမည့်နှစ်အတွက် ကောင်းကြီးတံခါးဖွင့်လိုက်ခြင်းပါပဲ။ မချီးမွမ်းပဲမနေစေလိုပါ။


✍🏻 မောရှေက တစ်ခါမှမသွားခဲ့ဖူးသောလမ်းကို ကိုယ်တော်မပါပဲ မသွားလိုဘူးလို့ပြောပြီး ဘုရားသခင်အတူပါဖို့ တောင်းတဲ့အခါ သူတို့ရှေ့မှာ ကိုယ်တော်တိုင်ကြွ၍ လမ်းပြပေးခဲ့တယ်။ ရန်သူများကိုရှင်းလင်းတိုက်ထုတ်ပေးခဲ့တယ်။ လာမည့် ၂၀၂၁ သည်လည်း ကျွန်ပ်တို့အတွက် ပို၍ခက်ခဲသောနှစ်ဖြစ်ကောင်းဖြစ်နိုင်တယ်။ သို့သော် ကိုယ်တော်ပါတဲ့ခရီးလမ်းဖြစ်ဖို့ တို့တွေဆုတောင်းရင်း ဘုရားသခင်ကို ဆက်ကပ်အပ်နှံကြမယ်။ ကိုယ်တော်ပါတဲ့ ၂၀၂၁ ခရီးကိုသွားချင်လား။ သဘောချလျက် သဘောတူလျက်အတူဆုတောင်းကြမယ်။ မိသားစုတိုင်းအတွက် ဆုတောင်းကြမယ်။ ဒီအစီအစဉ်ကို လက်မလွှတ်စေချင်ဘူး။ အထူးသဖြင့် ဘာတွေရှိနေပါစေ၊ မိသားစုစုံညီပြီး ပါဝင်ဖို့ ထပ်မံနှိုးဆော်ပါရစေ။

ဒီအစီအစဉ်အတွက် စိတ်လှုပ်ရှားပါက ဘေးနားကအသဲပုံလေးကို နှိပ်သွားခဲ့ပါ။ နှစ်မင်္ဂလာသည် သင်၏ကောင်းကြီးခံစားရာနှစ်ဖြစ်ပါစေ 🙏🏼

27 views0 comments

© 2019 by Immanuel Myanmar Church , Wheaton ( Chicago land ) 

  • YouTube
  • Facebook Social Icon