နှစ်သစ်ကျေးဇူးတင်လွှာ
နှစ်သစ်အစီအစဉ်မှာ လူငယ်များနှင့်အတူ ကိုယ်တိုင်လာရောက်ပါဝင်ခဲ့ကြသော မိသားစုများ၊ လူငယ်များ၊ Zoom မှပြန်လည်ပါဝင်လာကြသောမိသားစုများ အားလုံးကိုအထူးကျေးဇူးတင်ရှိပါသည်။ အယောက်စီတိုင်းကိုဘုရားကောင်းကြီးပေးပါစေ။

၂၀၂၁ ကုန်ဆုံးနေပါပြီ။ နှစ်သစ်မှာတစ်ယောက်စီတိုင်း ကောင်းကြီးခံစားရရှိကြပါစေ။ ယခုနှစ်သစ်ကူးအတွက် ကောင်းကြီးရယူခဲ့ကြသော မိသားစုများကိုအထူးဘုရားရှင်ကောင်းကြီးပေးပါစေ။

သင်တို့ပါဝင်သောအရာသည် မြေကြီးပေါ်၌လည်းကောင်းကြီး ကောင်းကင်၌လည်း သရဖူဖြစ်ပေ၏။အကောင်းဆုံးချက်ပြုတ်ပေးသော Kaw Moo & Kyi KYi တို့အားလည်းကောင်း၊ အအေးသောက်နိုင်ဖို့ပါဝင်သော Daw Thang Awi အားလည်းကောင်း၊ အသီးနှင့်ရေ ကိုဓါနပြုသော U Victor မိသားစုအားလည်းကောင်း အထူးကျေးဇူးတင်ရှိပါသည်။ နှစ်သစ်မှာ သာ၍ကောင်းကြီးခံစားရရှိကြပါစေ။

အသင်းတော်၏ အစီအစဉ်တွင်ဖြစ်စေ၊ အသင်းတော်အတွင်း ပါဝင်စရာအတွက်တံခါးဖွင့်တိုင်း ပါဝင်လှုဒါန်းသောသူအားလုံး၏ အမည်စာရင်းများကိုလည်း အသင်းတော်မှတ်တမ်းတွင် မှတ်တမ်းတင်ထားပါသည်။ Activities reward အတွက်ဖြစ်ပါသည်။
နှစ်သစ်မှာ ကောင်းကြီးခံစားရင်း သည်ထက်ပါဝင်ပေးလှုနိုင်ကြပါစေ။