top of page

နောင်တနှင့်ပြန်လည်တိုးဝင်ပါ

ကျွန်ပ်ဒုစရိုက်က ကျွန်ပ်တို့ရဲ့နေ့စဉ်ကောင်းကြီးကို ဆီးတားနေလျက်ရှိပါတယ်။

မိတ်ဆွေ . . . အချိန်တွေသာ တစ်နေ့ပြီးတစ်နေ့ကုန်ဆုံးသွားခဲ့ပေမဲ့ ဘာမှထူးခြားမှု့မရှိတဲ့အသက်တာ၊ ဘာတိုးတက်မှု့မှမရှိတဲ့အသက်တာက ထဲမှာ ဆက်လျှောက်ဦးမှာလား။ သင့်ရဲ့အနာဂတ်ဘ၀ မျှော်လင့်ချက်တွေအိမ်မက် တစ်ခု လို ကျန်ခဲ့တာကိုကျေနပ်နေဦးမှာလား။ သေချာစဉ်းစားကြည့်ပါ။ သင့်ကိုသေခြင်း အပြစ်ငရဲထဲကနေ လွတ်မြောက်ဖို့အသက်ကိုပေးဆပ်ပြီးကယ်တင်တဲ့ယေရှုက သင့်ဝိညာဉ်တစ်ခုတည်းကို လွတ်မြောက်ခွင့်ပေးတာမဟုတ်ပါဘူး။ သင့်ရဲ့ခန္ဓာ ကိုယ်လည်း ကောင်းစားစေ၍ လောကကိုအောင်မြင်စေလိုတဲ့ ဘုရားဖြစ်တယ်။ သင့်ကိုထာဝရအသက် အခမဲ့၊ ယုံကြည်လက်ခံရုံနဲ့ရပေမဲ့ သင့်ဘဝမှာ ချမ်းသာ ခြင်းနှင့်ဆင်းရဲခြင်းကတော့ သင့်ရဲ့လုပ်ဆောင်ရွေးချယ်ခြင်းမှာမူတည်ပါတယ်။ သင်အရွေးမှားလို့ လျှောက်ခဲ့တဲ့လမ်းမှားခဲ့ရင် နောင်တနှင့်ပြန်လည်တိုးဝင်လိုက် ပါ။ကိုယ်တော်က ခွင့်လွှတ်၍ မစတဲ့ဘုရားဖြစ်ပါတယ်။ ကျိုးပဲ့ကြေမွသော စိတ်နှလုံးကို ကိုယ်တော်နှစ်သက်တယ်။ ထူးခြားတဲ့အသက်တာ၊တိုးတက်တဲ့ ဘဝရပ်တည်နိုင်ဖို့ နှုတ်ကပတ်တော်၌လျှောက်လှမ်းပါ။နှုတ်ကပတ်တော်တည်းဟူ သောခရစ်တော်၌ လွတ်မြောက်ခြင်း၊ကျန်းမာခြင်း၊ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း နှင့်အောင်မြင်ခြင်းတွေရှိတယ်။ကိုယ်တော်ကလွဲရင် ဘယ်အရာကမှ ထိုအရာကို မပေးစွမ်းနိုင်ပါဘူး။ထိုနှုတ်ကပတ်တော်သည် သင့်ရှေ့မှာ မီးခွက်ဖြစ်လျက် သင် သွားရမည့် လမ်းကိုပြသသွန်သင်ပေး သွားပါ လိမ့်မည်။ မေတ္တာနဲ့ဝေငှပါသည်။///

________________________________________

69 views0 comments
bottom of page